backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသက် ၂၀ကျော် အရွယ်အတွက် အလှအပရေးရာများ


Dr. Thant Zin မှ ရေးသားသည်။ · 31/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက် ၂၀ကျော် အရွယ်အတွက် အလှအပရေးရာများ

သင် အသက် တဖြည်းဖြည်းကြီးလာတာနဲ့အမျှ အသားအရည်ဟာ ဆယ်ကျော်သက်အရွယ်ကလို မစိုပြည်တော့ဘဲ ခြောက်သွေ့တာတွေ၊ ဝက်ခြံထွက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ အသက် ၂၀ကျော်တဲ့အရွယ်မှာ အလှအပကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတဲ့အချက်ဟာ အရေးကြီးပါတယ်။

အရေးအကြီးဆုံးကတော့ ဝက်ခြံကို ကာကွယ်ဖို့ပါပဲ။ ဒီအတွက် အသုံးဝင်မယ့် အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

မျက်နှာကို သန့်ရှင်းစွာထားပါ

ဝက်ခြံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တစ်နေ့ကို ၂ကြိမ်ခန့် မျက်နှာသစ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေ၊ ဆဲလ်အသေတွေ၊ အဆီတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။

သိပ်မပူတဲ့ ရေနွေးနွေးနဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့ကို သုံးပါ။ အာနိသင်ပြင်းတဲ့ ဆပ်ပြာတွေကို အသားအရည်ကို ပိုပြီး ပျက်စီးစေပါတယ်။ ရေချိုးအဝတ်၊ ရေမြှုပ်စတာတွေနဲ့ မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ခြင်းကနေ ရှောင်ကြဉ်ပါ။ တစ်နေ့ကို ၂ကြိမ်ထက်ပိုပြီး မျက်နှာသစ်ဖို့ သိပ်မလိုအပ်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။

အစိုဓာတ်ထိန်းသိမ်းခြင်း

ဝက်ခြံပျောက်စေတဲ့ ပါဝင်ပစ္စည်းများဟာ အရေပြားကို ခြောက်သွေ့စေတာကြောင့် အသားခြောက်ပြီး အရေပြားကွာခြင်းကနေ ကာကွယ်ဖို့ အလှဆီကိုသုံးပါ။

Noncomedogenic လို့ အညွှန်းစာပေါ်မှာ ရေးထားတာကို ရှာဝယ်ပါ။ သူတို့ဟာ ဝက်ခြံ မဖြစ်စေပါဘူး။ အဆီပြန်တဲ့၊ ခြောက်သွေ့တဲ့၊ ဒါမှမဟုတ် ၂မျိုးစလုံးအတွက် အဆင်ပြေတဲ့ အလှဆီ အမျိုးအစားတွေ ရှိပါတယ်။

ဆေးညွှန်းစာမလိုဘဲ မိမိဖာသာ ဝယ်ယူနိုင်သော ဝက်ခြံပျောက်ဆေးများ အသုံးပြုပါ

ဒီအမျိုးအစားတွေဟာ အညွှန်းစာ မလိုပါဘူး။ ပါဝင်တဲ့ ပစ္စည်းအများစုဟာ benzoyl peroxide၊ salicylic acid၊ glycolic acid၊ lactic acid စတာတွေဖြစ်ပြီး ဘက်တီးရီးယားများကို ထိန်းချုပ်နိုင်တဲ့အပြင် အရေပြားကိုလည်း ခြောက်သွေ့စေပါတယ်။ သူတို့ဟာ ခြောက်သွေ့ပြီး အရေပြားကွာတာမျိုး ဖြစ်စေနိုင်တာမို့ စစချင်း နည်းနည်းပဲသုံးပါ။

သင်ဘယ်လောက် သုံးမလဲ၊ ဘယ်နှကြိမ် သုံးမလဲဆိုတာ ချိန်ညှိနိုင်ပါတယ်။ တခြားနည်းလမ်း တစ်ခုကတော့ ဗီတာမင်အေပါတဲ့ လိမ်းဆေးမျိုး ဖြစ်ပါတယ်။ သူတို့ဟာ ဝက်ခြံ မပေါက်အောင် ကာကွယ်ပေးပါတယ်။ သင့်အရေပြားဟာ အထိခိုက်လွယ်ရင်တော့ ဒီပစ္စည်းကို သတိထားပြီး သုံးဖို့ လိုအပ်ပါတယ်။

မိတ်ကပ်ကို မျှမျှတတ သုံးပါ

အားလပ်ချိန်မှာ ဖောင်ဒေးရှင်းလိမ်းတာ၊ မိတ်ကပ်လိမ်းတာ၊ ခြယ်သတာတွေ ရှောင်ပါ။ မိတ်ကပ်လိမ်းထားရင်လည်း တစ်နေ့တာကုန်ရင် ဖျက်ပစ်ပါ။ ဖြစ်နိုင်ရင် အဆီမပါတဲ့၊ ဓာတုထပ်ပေါင်း ပစ္စည်းတွေ မပါတဲ့ အလှကုန်ပစ္စည်းတွေ သုံးပါ။

noncomedogenic လို့ အညွှန်းစာမှာပါတဲ့ မိတ်ကပ်တွေ ရွေးချယ်ပါ။ သူတို့ဟာ ဝက်ခြံမဖြစ်စေပါဘူး။ အလှကုန်ပစ္စည်းမဝယ်မီ အညွှန်းစာ သေချာဖတ်ပါ။

မျက်နှာကို လက်နဲ့ မပွတ်ပါနဲ့

မျက်နှာကို လက်နဲ့ထိတာ၊ မေးစေ့နဲ့ ပါးကို လက်နဲ့ထောက်ထားတာမျိုး ရှောင်ပါ။ ဒါဟာ အရေပြားပေါ် ဘက်တီးရီးယားတွေ ပျံ့နှံ့စေပြီး ရောင်ရမ်းစေတာမျိုး ဖြစ်တတ်ပါတယ်။ ဝက်ခြံကို လက်ချောင်းများနဲ့ မညှစ်ပါနဲ့။ ပိုးဝင်ပြီး အမာရွတ် ဖြစ်နိုင်ပါတယ်။

အရေပြားကို ဂရုစိုက်ပါ

ကျွမ်းကျင်သူအများစုဟာ ချောကလက်လို အစားအစာတချို့ဟာ ဝက်ခြံမဖြစ်စေဘူးလို့ ဆိုကြပါတယ်။ အဆီများတဲ့၊ အသင့်စားနိုင်အောင် ပြင်ဆင်ထားတဲ့ စားစရာတွေကို ရှောင်ပြိး လတ်ဆတ်တဲ့ အသီးအနှံတွေ စားပါ။ ဝက်ခြံဖြစ်စေတဲ့ သကြားဓါတ်များတဲ့ နို့ထွက်ပစ္စည်းနဲ့ စားစရာတွေကို ရှောင်ကြဉ်ပါ။

နှစ်ပေါင်းများစွာ ကြာတဲ့အထိ သင့်မျက်နှာ အသားအရည် စိုပြည်လှပအောင် ဝက်ခြံကို ကုသရုံသာမက မျက်နှာအရေပြားကိုလည်း ဂရုစိုက်ထိန်းသိမ်းပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 31/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement