ကျားဟော်မုန်း – testosterone ဟာ လူတွေနဲ့ တိရစ္ဆာန်တချို့မှာ တွေ့ရတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့ကနေ အများဆုံး ထုတ်လုပ်ပြီး အမျိုးသမီးတွေမှာတော့ သားအိမ်ကနေ အနည်းငယ် ထုတ်လွှတ်ပေးပါတယ်။ လူပျို၊ အပျို ဖြစ်ချိန်မှာ testosterone ဟော်မုန်း အများအပြား ထုတ်လွှတ်ပေးပြီး အသက် ၃၀ နောက်ပိုင်းမှာ ကျားဟော်မုန်း ထုတ်လုပ်တာ စတင် နည်းလာပါပြီ။