ကိုလက်စထရောတက်ခြင်းနှင့် လိင်မှုဘဝ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 22, 2020 . 2 mins read
Share now

Cholesterol မြင့်မားခြင်း

Cholesterol မြင့်မားခြင်းကို hypercholesteremia ဟုခေါ်ပြီး ယင်းမှာ ရောဂါမဟုတ်ပါ။ သို့သော် သွေးကြောများ ထူလာနိုင်ပြီး အသက်အန္တရာယ်ရှိသော ကျန်းမာရေး ပြဿနာများ ဖြစ်သော နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေပါသည်။

Cholesterol များပြားခြင်းကို သွေးစစ်ဆေးခြင်းဖြင့်သာ သိရှိနိုင်ပြီး အများအားဖြင့် မည်သည့်ရောဂါ လက္ခဏာမှ ပြသလိမ့်မည်မဟုတ်ပါ။

Cholestrol မြင့်မားခြင်းသည် မျိုးရိုးလိုက်တတ်ပြီး မျိုးဗီဇသည်လည်း အရေးကြီးသော နေရာတွင် ပါဝင်ပါသည်။ မမေ့ရန်မှာ သင့်၏ စားသောက်နေထိုင်မှုပုံစံသည် အရေးကြီးဆုံးဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှု၊ အစားအသောက်ပုံစံနှင့် ကိုယ်အလေးချိန်တို့သည် သင်၏ Cholestrol အပေါ်များစွာ မှိခိုနေပါသည်။

Cholesterol မြင့်မားခြင်းနှင့် လိင်မှုဘဝ

Cholestrol မြင့်မားခြင်းသည် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည့်အပြင် သင်၏ လိင်မှုဘဝကိုလည်း ထိခိုက်နိုင်ပါသည်။ သွေးကြောကျဉ်းခြင်းကြောင့် လိင်အင်္ဂါသို့ ရောက်သောသွေးနည်းလာပြီးနောက် လိင်မှုရေးရာကိုလည်း ထိခိုက်နိုင်ပါသည်။

လိင်တံ့သို့သွေးရောက်နည်းပါက ထောင်မတ်ခြင်းဆိုင်ရာ ပြဿနာများ ရှိလာစေပါသည်။ ယင်းသို့ ပန်းသေပန်းညှိုးဖြစ်ခြင်းအတွက် သောက်ဆေးများသည် သွေးကြောနံရံများကို ကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေသော်လည်း နှလုံးသွေးလွှတ်မှုတွင် ပြဿနာဖြစ်စေပါသည်။ သွေးတွင်း Cholestrol မြင့်မားသူတွင် နှလုံးသွေးစီးဆင်းမှု ပြဿနာရှိပြီး လိင်အင်္ဂါတောင့်တင်းမှုကို ပြဿနာဖြစ်စေပါသည်။

ထပ်မံလေ့လာတွေ့ရှိချက်များ အရမူ Cholestrol မြင့်မားခြင်းသည် အမျိုးသမီးများတွင်လည်း လိင်ပိုင်းဆိုင်ရာ ပြဿနာဖြစ်စေပါသည်။ သွေးတွင်း Cholestrol များသော အမျိုးသမီးများတွင် လိင်ဆက်ဆံစဉ် သဘာဝအလျောက် ထွက်သောအရည်သည် ချော့မွေ့မှု နည်းလာသောကြောင့် နာကျင်မှု့ ဖြစ်လာပြီး လိင်ဆက်ဆံရန် ကြောက်ရွံ့ပြီး လိင်စိတ်နည်းပါးစေပါသည်။

သွေးတွင်း Cholesterol မြင့်မားခြင်းနှင့် လိင်တံမတောင့်တင်းနိုင်ခြင်း

သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်အရ သွေးတွင်း Cholestrol မြင့်မားခြင်းသည် လိင်တံတောင့်တင်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိပါသည်။ ထိုနည်းတူစွာ သွေးတိုးရောဂါရှိသော အမျိုးသားများတွင်လည်း အလားတူ ပြဿနာရှိနိုင်ပါသည်။ သွေးတွင်း Cholestrol များသောသူတွင် မကောင်းသော Cholestrol ဖြစ်သော LDL Cholestrol တက်လာပြီး သွေးကြောတွင် အနယ်အနှစ်များ ဖြစ်လာပြီး သွေးကြောများကို ကျဉ်းစေပါသည်။ ထိုအခါတွင် သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပါမည်။ အများစုမှာ နှလုံးကို ထောက်ပံ့ပေးသော သွေးကြောများအတွက်သာ စိတ်ပူကြသော်လည်း လိင်တံဆီသွားသော သွေးကြောများတွင်လည်း ပြဿနာဖြစ်လာပါသည်။

လိင်ပိုင်းဆိုင်ရာ ပြဿနာရှိသောသူတိုင်း ဆရာဝန်နှင့် ဆွေးနွေးသင့်ပြီး အကယ်၍ ဆရာဝန်မှ သွေးတွင်း Cholestrol မြင့်မားမှုကြောင့် ဖြစ်သည်ဟု ဆိုပါက သင်၏ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲရပါမည်။ ဥပမာ။ အဆီများသော အစားအစာများကို ရှောင်ကြည်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း စသည်တို့ပြုလုပ်ရပါမည်။ ထို့အပြင် လိုအပ်သော ဆေးဝါးများကိုလည်း လိုအပ်သလို သောက်သုံးရပါမည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး တွေအနေနဲ့ အသက်အရွယ်အလိုက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ နည်းလမ်းကောင်းလေးတွေ သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 1 min read