နာတာရှည်အဆုတ်ရောဂါနဲ့ အောက်ဆီဂျင်ကုထုံးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

အောက်ဆီဂျင်ကုထုံးဆိုတာ ဘာလဲ

အောက်ဆီဂျင်ကုထုံးဆိုတာ လုံလောက်တဲ့အောက်ဆီဂျင်ရဖို့ ခက်ခဲသူတွေ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းနေသူတွေအတွက် အသုံးပြုတဲ့ ကုထုံးဖြစ်ပါတယ်။ အဆုတ်ရောဂါ ခံစားနေရသူတွေဟာ အောက်ဆီဂျင်ရရှိအောင် အလွန်အမင်းအားစိုက်ကြရတဲ့အတွက် အောက်ဆီဂျင်ဖြည့်ထားတဲ့ စလင်ဒါ ဒါမှမဟုတ် container ကတဆင့် အောက်ဆီဂျင်ရယူရတဲ့ အခြေအနေအထိ ရောက်လာတတ်ပါတယ်။

Container ထဲမှာရှိတဲ့ အောက်ဆီဂျင်ကို အောက်ဖော်ပြပါ ကိရိယာတစ်ခုခုအသုံးပြုပြီး ရယူနိုင်ပါတယ်။

  • Nasal cannula – နှာဝတစ်ဖက်စီမှာ တပ်ဆင်ဖို့ prongs အမည်ရှိ ပလပ်စတစ်ပြွန်ငယ်လေးတွေ ပါဝင်တဲ့ ကိရိယာဖြစ်ပါတယ်။
  • Face mask – လူနာရဲ့နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။
  • အသက်ရှူပိုက် – လူနာရဲ့ လည်ပင်းအရှေ့ပိုင်းကို ခွဲကြောင်းအနည်းငယ်ပေးပြီး လေပြွန်မကြီးထဲ တိုက်ရိုက်ထည့်သွင်းရတဲ့ ပိုက်ငယ်တစ်ခု ဖြစ်ပါတယ်။ ဒီကုထုံးကို Transtracheal oxygen therapy လို့ ခေါ်ပါတယ်။

လူနာတွေအနေနဲ့ အောက်ဆီဂျင်ကုထုံးကို မိမိနေအိမ်မှာ ဒါမှမဟုတ် ဆေးရုံမှာ ခံယူရရှိနိုင်ပါတယ်။ COPD လို နာတာရှည်ရောဂါ ရှိသူတွေအနေနဲ့ အောက်ဆီဂျင်ကုထုံးကို နေအိမ်မှာပါ ရယူဖို့ လိုအပ်နိုင်ပါတယ်။

အောက်ဆီဂျင်ကုထုံး အမျိုးအစား ဘယ်နှမျိုးရှိသလဲ

အောက်ဆီဂျင်ကို အငွေ့ပုံစံနဲ့ရော အရည်ပုံစံနဲ့ပါ ရရှိနိုင်ပါတယ်။ ပုံစံနှစ်မျိုးလုံးကို နေရာရွှေ့ပြောင်းနိုင်တဲ့ tank တွေထဲထည့်ပြီး သိုလှောင်ထားနိုင်ပါတယ်။ အရည်ပုံစံ အောက်ဆီဂျင်ကို သိုလှောင်တဲ့ tank က အငွေ့ပုံစံအောက်ဆီဂျင်ကို သိုလှောင်တဲ့ tank ထက် အရွယ်အစား ပိုမိုသေးငယ်တဲ့အတွက် လှုပ်ရှားသွားလာနိုင်သူတွေ အလွယ်တကူ သယ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းကို စနစ်တကျ အသုံးမပြုဘူးဆိုရင် အချိန်တိုအတွင်း အငွေ့ပျံသွားမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ အောက်ဆီဂျင်ကုထုံး လိုအပ်လာနိုင်သလဲ

သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းတဲ့အခါ ဒါမှမဟုတ် အောက်ဖော်ပြပါ လက္ခဏာတွေ ကြုံတွေ့ရတဲ့အခါ အောက်ဆီဂျင်ကုထုံး အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

  • မောခြင်း
  • စိတ်တိုလွယ်ခြင်း
  • နံနက်ပိုင်းတွင် ခေါင်းကိုက်တတ်ခြင်း
  • ခြေမျက်စိတဝိုက် ဖောရောင်ခြင်း

သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေအရပ်ရပ်ကို စစ်ဆေးပြီး သင့်အတွက်လိုအပ်တဲ့ ကုသမှုနည်းလမ်းကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ အောက်ဆီဂျင်ကုထုံးလိုမလို ဆုံးဖြတ်ဖို့ စမ်းသပ်စစ်ဆေးမှုတွေလည်း ပြုလုပ်ရနိုင်ချေ ရှိပါတယ်။

COPD ဝေဒနာရှင် ကလေးငယ်တွေဟာ မကြာခဏဆိုသလို အောက်ဆီဂျင်ကုထုံး ခံယူရလေ့ရှိပါတယ်။ ကလေးရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ ကုသမှုနည်းလမ်းတွေကို ဆရာဝန်က ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်ကလေးမှာ အောက်ဖော်ပြပါ လက္ခဏာတွေရှိလာခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံးအကြောင်းကြားဖို့ အရေးကြီးပါတယ်။

  • မကြာခဏ ခေါင်းကိုက်ခြင်း
  • အပြုအမူပြောင်းလဲခြင်း
  • တဖြည်းဖြည်း အလွယ်တကူစိတ်တိုတတ်လာခြင်း
  • တဖြည်းဖြည်း ပိုမိုငိုက်မျဉ်းလာခြင်း
  • ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်း

အောက်ဆီဂျင်ကုထုံး လိုမလို သိရဖို့ ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်ရမလဲ

သင့်ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူက သင့်ရဲ့သွေးတွင်းအောက်ဆီဂျင်ပမာဏကို အရင်ဆုံး တိုင်းတာစစ်ဆေးမှာ ဖြစ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၀ ရာခိုင်နှုန်းအောက် ကျနေပြီဆိုရင်တော့ အောက်ဆီဂျင်ကုထုံး လိုအပ်လာနိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာရာမှာ အများဆုံးအသုံးပြုတဲ့ စစ်ဆေးမှုနှစ်ခုကတော့ oximetry နဲ့ arterial blood gas test တို့ပဲဖြစ်ပါတယ်။

Oximetry ဆိုတာ ရိုးရှင်းတဲ့ စစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ သင့် လက်ချောင်း သို့မဟုတ် ခြေချောင်း သို့မဟုတ် နားသီးမှာ ကိရိယာတစ်ခု တပ်ဆင်လိုက်ပြီး လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်နေစဉ် သင့်သွေးထဲမှာရှိနေတဲ့ အောက်ဆီဂျင်ပမာဏကို တိုင်းတာတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ Arterial blood gas (သွေးလွှတ်ကြောရှိ သွေးထဲမှ ဓါတ်ငွေ့ပမာဏကို တိုင်းတာခြင်း) ကတော့ oximetry ထက် ပိုမိုရှုပ်ထွေးပါတယ်။ သင့်ဆရာဝန်က သင့်လက်ကောက်ဝတ်ကနေ သွေးနမူနာယူပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အောက်ဆီဂျင်ကုထုံးခံယူတဲ့အခါ သတိထားရမယ့်အချက်တွေက ဘာတွေလဲ

အောက်ဆီဂျင်သယ်ပို့ပေးမယ့် ပိုက်တွေ၊ ပြွန်တွေ ယိုစိမ့်နေခြင်းရှိမရှိ၊ အောက်ဆီဂျင်စီးဆင်းမှုရှိမရှိ သေချာစွာစစ်ဆေးပါ။

Nasal cannula အသုံးပြုပြီး အောက်ဆီဂျင်ရှူတဲ့အခါ ပိုက်ကို နားရွက်နောက်မှာ ထည့်ထားလေ့ရှိတဲ့အတွက် အရေပြားအနာ ဖြစ်လာနိုင်ပါတယ်။ ပိုက်နဲ့ အရေပြားကြား ဂွမ်းဖက်ထည့်ထားပေးခြင်းအားဖြင့် အရေပြားအနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

Mask အသုံးပြုမယ်ဆိုရင်တော့ သင့်ပါးစပ်၊ နှုတ်ခမ်းနဲ့ နှာခေါင်းတွေ ခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်ဖို့

  • (K-Y ဂျယ်လီကဲ့သို့) ရေအခြေခံတဲ့ ချောဆီတစ်ခုခု အသုံးပြုခြင်းအားဖြင့် ရေဓါတ်ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။
  • ရှားဇောင်းလတ်ပတ်ဂျယ်လ်ကိုလည်း အသုံးပြုနိုင်ပါတယ်
  • Petroleum ဂျယ်လီ (Vaseline) သို့မဟုတ် ဆီအခြေခံတဲ့ ချောဆီအသုံးမပြုသင့်ပါဘူး။

အောက်ဆီဂျင်ကုထုံးအသုံးပြုနေလျက်နဲ့ လုံလောက်တဲ့အောက်ဆီဂျင် မရရှိဘူးဆိုရင်တော့ အောက်ဆီဂျင်ပမာဏ တိုးဖို့လိုမလို သင့်ဆရာဝန်ကို မေးမြန်းတိုင်ပင်သင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အောက်ဆီဂျင်ပမာဏ တိုးရှူခြင်း၊ လျော့ရှူခြင်း မပြုလုပ်သင့်ပါဘူး။

အောက်ဆီဂျင်ဟာ မီးလောင်ကျွမ်းမှုကို အားပေးတဲ့အတွက် မီးလောင်လွယ်တဲ့ပစ္စည်းတွေအနား၊ မီးလောင်နေတဲ့အနားမှာ အောက်ဆီဂျင်ကုထုံး အသုံးမပြုသင့်ပါဘူး။

ဘယ်အချိန်မှာ ဆရာဝန်ဆီ အကြောင်းကြားသင့်သလဲ

အကယ်၍ အောက်ဆီဂျင်ကုထုံး အသုံးပြုနေရင်း အောက်ပါလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် သင်အသုံးပြုနေတဲ့ ပစ္စည်းကိရိယာအားလုံးကို အရင်ဆုံးစစ်ဆေးပါ။ အားလုံးပုံမှန်ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ကို အမြန်ဆုံးအကြောင်းကြားပါ။

  • ကြိမ်ဖန်များစွာခေါင်းကိုက်ခြင်း
  • ခါတိုင်းထက်ပိုပြီး စိတ်လှုပ်ရှားထိတ်လန့်ခြင်း
  • နှုတ်ခမ်းနှင့်လက်သည်းများပြာလာခြင်း
  • ငိုက်မျဉ်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း
  • အသက်ရှူနှေးခြင်း၊ အသက်၀၀မရှူနိုင်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အသက်ရှူစည်းချက် မမှန်ခြင်း

အကယ်၍ သင့်ကလေးက အောက်ဆီဂျင်ကုထုံးခံယူနေရင်း အောက်ပါလက္ခဏာတွေ ဖြစ်လာခဲ့ရင် ဆရာဝန်ဆီ ချက်ချင်းအကြောင်းကြားပါ

  • ခါတိုင်းထက် အသက်ရှူမြန်ခြင်း
  • အသက်ရှူစဉ် နှာဝပွစိစိဖြစ်ခြင်း
  • အသက်ရှူလိုက်တိုင်း ရင်ဘတ်ချိုင့်ဝင်သွားခြင်း
  • တအစ်အစ်အသံထွက်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • နှုတ်ခမ်း၊ သွားဖုံးနှင့် မျက်လုံးတဝိုက် ပြာနှမ်းနှမ်း၊ မွဲပြာပြာဖြစ်ခြင်း
  • စိတ်တိုလွယ်ခြင်း
  • ကောင်းစွာမအိပ်နိုင်ခြင်း
  • မောနေခြင်း
  • အလွန်အမင်းချိနဲ့အားနည်းနေခြင်း

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဒီရောဂါအခံတွေ ကိုယ့်မှာရှိနေရင် COVID-19 ကိုသတိထားပါ

    COVID-19၊ သွေးတိုး၊ နှလုံးရောဂါ၊ နာတာရှည်အသည်းရောဂါ၊ Dementia၊ လေသင်တုန်းဖြတ်၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာ၊ ဆီးချို၊ နှလုံးခုန်နှုန်းမမှန်တာ၊ သွေးတိုး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    ကိုရိုနာဗိုင်းရပ်စ် (COVID-19) က ပိုကြောက်စရာကောင်းလာမှာလား။ ဘာတွေပြင်ဆင်ထားရမလဲ။

    COVID-19 ရဲ့ စိုးရိမ်စရာကောင်းတဲ့အချက်တွေ၊ အသေအပျောက် ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေ၊ မြန်မာနိုင်ငံအပေါ်မှာရော ဘယ်လိုခြိမ်းခြောက်နိုင်လဲဆိုတာနဲ့ ကာကွယ်ရမယ့်အဓိကအချက်တွေကို ပြောပြထားပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thurein Hlaing Win

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမှာလဲ

    ကိုရိုနာဗိုင်းရပ်စ် COVID-19 ကိုရိုနာ ကိုရိုနာ ကိုရိုနာဗိုင်းရပ်စ် ဗိုင်းရပ်စ် အဆုတ်ရောင် ပြင်းထန်အဆုတ်ရောင် ဝူဟန် မြန်မာအသက်ရှူလမ်းကြောင်;

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thurein Hlaing Win

    COVID-19 အဆုတ်ရောင်ရောဂါ နှင့်သက်ကြီးရွယ်အိုများ

    အဆုတ်ရောင်ရောဂါ သက်ကြီးပိုင်း ခုခံအားစနစ် ရောဂါအခံ ဆီးချိုး နှလုံး သွေးတိုး အဆုတ်ရောဂါ အသည်းရောဂါ ကိုရိုနာဗိုင်းရပ်စ် လက်ဆေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    သွေးတွင်းအောက်ဆီဂျင်ဓာတ်တိုင်းတာမှုနည်းလမ်းများ

    သွေးတွင်းအောက်ဆီဂျင်ဓာတ်တိုင်းတာမှုနည်းလမ်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
    နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ

    နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 3 mins read
    ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ

    ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read

    အမျိုးသား တွေကို အသေအပျောက်များစေတဲ့ ရောဂါများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020 . 3 mins read