backup og meta

ဒိန်ချဉ်စားတာနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မေမေတိုင်း သိချင်နေမယ့် မေးခွန်းတွေ

ဒိန်ချဉ်စားတာနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မေမေတိုင်း သိချင်နေမယ့် မေးခွန်းတွေ

ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားတာက ကောင်းတယ်လို့ ကြားဖူးတယ်။ ဒါဆိုရင် ဘယ်ဒိန်ချဉ်ဖြစ်ဖြစ် စားလို့ရလားဆိုပြီး ဒိန်ချဉ်စားတာနဲ့ပတ်သက်ပြီး တော့များ မေးချင်နေလား…….. မေမေတို့ရေ ဒါဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။

ဒိန်ချဉ် ဆိုတာ

ဒိန်ချဉ်က နို့ထွက်ပစ္စည်းတစ်မျိုးပါ။ နွားနို့ကို အချဉ်ဖောက်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်မျိုးပါ။ ဒိန်ချဉ်မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင် နေသလို ကယ်လ်ဆီယမ် နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ဝန်​ဆောင်ချိန်မှာ မေမေတစ်ယောက်လိုအပ်မယ့် အာဟာရဓာတ်​တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အစာခြေစနစ် ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ လတ်ဆတ်တဲ့ ဒိန်ချဉ်ကို စားသုံးမိဖို့တော့ လိုပါမယ်။

ဒိန်ချဉ်စားတာနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မေမေတိုင်း သိချင်နေမယ့် မေးခွန်းတွေ

ဒိန်ချဉ်စားတာနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မေမေတိုင်း သိချင်နေမယ့် မေးခွန်းတွေ ရဲ့ အဖြေလေးတွေကို ကြည့်လိုက်ရအောင်လား။

ကိုယ်ဝန်ဆောင်ချိန် ဒိန်ချဉ်စားလို့ရလား……..

ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ဒိန်ချဉ်က ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရတစ်ခုပါ။ လတ်ဆတ်ပြီး သန့်ရှင်းတဲ့ ဒိန်ချဉ်ဖြစ်ဖို့တော့ လိုပါမယ်။ပိုးသတ်ထားတာကိုရွေးဖို့ကလည်း မမေ့သင့်တဲ့အချက်တစ်ခုပါ။

ဘယ်လို ဒိန်ချဉ်အမျိုးအစားမျိုးက အသင့်တော်ဆုံးလဲ……..

ဒိန်ချဉ်တိုင်းက စားလို့ရတယ်ဆိုပေမယ့်။ ပိုးသတ်ထားတဲ့ နွားနို့ကနေ ထုတ်လုပ်ထားတဲ့ ဒိန်ချဉ် နဲ့ အဆီထုတ်ထားတဲ့ ဒိန်ချဉ်တွေက ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အဆင်အပြေဆုံးပါ။ 

ဒိန်ချဉ်မှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ………

ဒိန်ချဉ်က နို့ကနေထုတ်ထားတာဖြစ်တာကြောင့် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် Dဗီတာမင် E ၊ အကျိုးပြုဘက်တီးရီးယားတို့လိုမျိုး အကျိုးပြုအာဟာရဓာတ်တွေများစွာ ပါဝင်နေပါတယ်။

တစ်နေ့တာမှာ စားသုံးပေးသင့်တဲ့ ပမာဏက ဘယ်လောက်လဲ……….

ဒိန်ချဉ်ကနေ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝရရှိစေဖို့ဆိုရင် တစ်နေ့ကို ဒိန်ချဉ် ၆၀၀ ဂရမ်လောက် စားပေးလို့ရပါတယ်။ တစ်ခါတည်းစားတာမျိုးမဟုတ်ဘဲ။ တစ်ကြိမ်ကို ၂၀၀ ဂရမ် (၁ ခွက်) နဲ့ ၃ ကြိမ်ခွဲစားပါ။

ကိုယ်ဝန်ဆောင်မေမေ ရှောင်ရမယ့် ဒိန်ချဉ်အမျိုးအစားတွေကဘာတွေဖြစ်မလဲ…….

ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားတာက မေမေရော ဘေဘီလေးအတွက်ပါကောင်းတယ်ဆိုပေမယ့်

  • နို့အစိမ်းကနေထုတ်ထားတဲ့ဒိန်ချဉ်
  • ပိုးသတ်ထားတာမျိုးမလုပ်ထားတဲ့နို့ကနေ ထုတ်ထားတဲ့ ဒိန်ချဉ်
  • အဆီပြည့် ဒိန်ချဉ်တွေက မလိုအပ်ဘဲ ကိုယ်အလေးချိန်တိုးတာနဲ့ Listeria infection လိုမျိုး ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့အထိပြင်းထန်တဲ့  ကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။

အရသာဖြည့်စွက်ထားတဲ့ ဒိန်ချဉ်က အဆင်ပြေလား………

အရသာဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တွေက ရှောင်ဖို့တော့ မလိုပါဘူး။ သတိထားဖို့ လိုမှာက အချို အရမ်းကဲနေတာမျိုး၊ ဓာတုဆိုးဆေးတွေ ပါနေတာမျိုး မဖြစ်စေဖို့ပါ။ ဒိန်ချဉ်ထဲကို သစ်သီးတွေ၊ ပျားရည်လိုမျိုး သဘာဝ အချိုဓာတ်ပါတဲ့ အရာတွေကို ဖြည့်စွက်ပြီးတော့ စားသုံးလို့ရပါတယ်။ 

ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်ပေးရင် ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ……..

ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်ပေးတာက

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Consuming Yoghurt During Pregnancy- Is It Safe? https://parenting.firstcry.com/articles/eating-yogurt-during-pregnancy-health-benefits-and-more/ Accessed Date 19 February 2020

Can I Eat Yogurt During Pregnancy? https://www.hellomotherhood.com/331915-can-i-eat-sherbet-while-pregnant.html Accessed Date 19 February 2020

ယခုပုံစံ

11/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ တုပ်ကွေး ဖြစ်ခဲ့ရင်

ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement