နေကြာစေ့မှာ ဗီတာမင် E ပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုး ပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဘေဘီလေးဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။
နေကြာစေ့မှာ မေမေရဲ့ အရိုးတွေ သန်မာစေဖို့ရော ဘေဘီလေးရဲ့ အရိုးတွေ သန်မာစေဖို့ပါ အထောက်အပံ့ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ Phosphorous နဲ့ သတ္တုဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် မေမေရော ဘေဘီလေးပါ အရိုးတွေ သန်မာစေဖို့ဆိုရင် နေကြာစေ့ စားသုံးပေးလို့ ရပါတယ် မေမေတို့ရေ။
နေကြာစေ့မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေမှုက ကိုယ်တွင်းက ဆိုဒီယမ် ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီလို ထိန်းညှိပေးမှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင် သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။