ဆိုဒီယမ် (ဆား) ကို လျှော့စားလွန်းရင် ဘာတွေဖြစ်တတ်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 20, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

ဆိုဒီယမ်ဟာ လူ့ကိုယ်ခန္ဓာရဲ့ အရေးကြီးလှတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပြီး ဆားရဲ့ အဓိကအစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဆိုဒီယမ်သုံးစွဲမှုများလွန်းရင် သွေးတိုးတတ်တာကြောင့် လျှော့ပြီးစားသုံးဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေကနေ နှိုးဆော်ထားပါတယ်။ ယေဘုယျအားဖြင့် တစ်ရက်မှာ ၂၃၀၀ မီလီဂရမ်အောက် လျှော့စားဖို့ တိုက်တွန်းကြပါတယ်။ တချို့ဆိုရင် ၁၅၀၀ မီလီဂရမ်ထိ လျှော့စားဖို့ ပြောကြပါတယ်။

ဒါပေမယ့် ဆိုဒီယမ်ဟာ အများအပြား သုံးစွဲလို့ မကောင်းသလို နည်းလွန်းရင်လည်း ပြဿနာရှိနိုင်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ဆိုဒီယမ်ကို အလွန်အကျွံလျှော့စားရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

၁။ အင်ဆူလင်မတိုးခြင်း

ဆိုဒီယမ်ကို လျှော့ပြီးစားခြင်းဟာ အင်ဆူလင်ရဲ့ အာနိသင် မထိရောက်တော့ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အင်ဆူလင်မတိုးခြင်းဆိုတာ ကိုယ်ခန္ဓာက ဆဲလ်များဟာ အင်ဆူလင်ဟော်မုန်းရဲ့ အချက်ပြမှုတွေကို မတုံ့ပြန်နိုင်တာကြောင့် အင်ဆူလင်ပမာဏရော သွေးတွင်းသကြားဓာတ်ပါ များပြားလာခြင်းပဲ ဖြစ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို အတည်ပြုနိုင်ဖို့ သုတေသနတွေ ပိုမိုလိုအပ်ပါသေးတယ်။

၂။ နှလုံး ကောင်းကောင်းအလုပ်မလုပ်တော့ခြင်း

နှလုံးကနေ ကိုယ်ခန္ဓာအနှံ့ကို အောက်ဆီဂျင်လုံလောက်စွာ ပို့ဆောင်နိုင်အောင် သွေးကို ညှစ်ထုတ်ပေးနိုင်ခြင်း မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးရဲ့လုပ်ဆောင်မှု လုံးဝရပ်တန့်သွားခြင်း မဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။ ဆိုဒီယမ် နည်းပါးလွန်းတဲ့ အစားအစာတွေ စားသုံးခြင်းဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေနဲ့ ဆက်စပ်နေတယ်လို့ အထောက်အထားတွေ ရှိပါတယ်။

အများအားဖြင့် နှလုံးရောဂါသမားတွေဟာ ဆားကို လျှော့စားလွန်းတာကြောင့် ဒီအချက်ကို အထူးအလေးထားရမှာ ဖြစ်ပါတယ်။

၃။ LDL ကိုလက်စထရောနှင့် triglyceride ကို မြင့်တက်စေခြင်း

ဆိုဒီယမ်နည်းပါးလွန်းတဲ့ စားသောက်မှုပုံစံဟာ မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ triglyceride ပမာဏကို မြင့်တက်စေနိုင်တယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ဆိုဒီယမ်ကို လျှော့ချစားသုံးခြင်းကြောင့် LDL ကိုလက်စထရော ၄.၆ ရာခိုင်နှုန်းနဲ့ triglyceride ၅.၉ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း ဆိုဒီယမ်သုံးစွဲမှု လျော့နည်းလွန်းတာကြောင့် ကိုလက်စထရော ၂.၅ ရာခိုင်နှုန်းနဲ့ triglyceride ၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

၄။ ဆီးချိုကြောင့် သေဆုံးနိုင်ခြေမြင့်မားခြင်း

ဆီးချိုရောဂါရှိသူများဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ခြေ မြင့်ပါတယ်။ ဒါကြောင့် ဆားကို လျှော့စားဖို့ တိုက်တွန်းကြပါတယ်။ ဒါပေမယ့် ဆိုဒီယမ်ကို အလွန်အကျွံလျှော့ချလိုက်ရင် သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်ဘဲ ဆီးချိုရောဂါ ဆိုးရွားနိုင်ခြေ ရှိပါတယ်။

၅။ သွေးတွင်းဆိုဒီယမ်ဓာတ် နည်းပါးခြင်း

သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းပါးခြင်းကို hyponatremia လို့ ခေါ်ပါတယ်။ သွေးထဲမှာ ဆိုဒီယမ်နည်းပါးရင် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း စတာတွေကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေဟာ အများအားဖြင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆင်တူနေတတ်ပါတယ်။ အချိန်ကြာမြင့်စွာ အားစိုက်ထုတ်ထားတဲ့ အားကစားသမားတွေမှာ ဒီပြဿနာကို တွေ့နိုင်ပါတယ်။ အဓိကအချက်ကတော့ ရေကို အများအပြားပြန်သောက်ကြပေမယ့် ချွေးထွက်ရာကနေတဆင့် ဆုံးရှုံးသွားတဲ့ ဆိုဒီယမ်တွေကို ပြန်မဖြည့်နိုင်လို့ ဖြစ်ပါတယ်။

အသက်ကြီးပိုင်းတွေဟာလည်း နေထိုင်မကောင်းဖြစ်ခြင်း (သို့မဟုတ်) ဆေးဝါးများ သောက်သုံးနေခြင်း စတာတွေကြောင့် သွေးတွင်းဆိုဒီယမ်နည်းခြင်း ဖြစ်တတ်ပါတယ်။

နိဂုံး

ကျန်းမာရေးအတွက် ဆိုဒီယမ် (ဆား) ကို လျှော့စားသင့်တဲ့အကြောင်း လူသိများပါတယ်။ ဒါပေမယ့် ဆားကို အလွန်အကျွံ လျှော့စားရင်လည်း ပြဿနာရှိတတ်ကြောင်း လူသိနည်းပါတယ်။ ကျန်းမာရေးအရ ဆားကို လျှော့စားဖို့ အကြံပေးရင်လည်း ဘယ်ပမာဏလောက် စားသုံးသင့်တယ်ဆိုတာ သိရှိရပါမယ်။ ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူက အတည်ပြုထားတဲ့ ပမာဏထက် လျော့နည်းအောင် မိမိသဘောနဲ့ လျှော့ချဖြတ်တောက်ခြင်း မပြုသင့်ပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဂေါ်ဖီ စားလို့ရမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ဂေါ်ဖီ ကျန်းမာရေး အာဟာရဓာတ် အစားအစာ ကယ်လ်လိုရီ အမျှင်ဓာတ် ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် ကင်ဆာ အရေပြားကင်ဆာ အစာရေမျိုကင်ဆာ ကင်ဆာဆဲလ်တွေ နာကျင်ရောင်ရမ်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကလေးလေးမှာ မွေးရာပါချို့ယွင်းချက် တွေ မပါစေဖို့

မွေးရာပါချို့ယွင်းချက် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကျောရိုးမှာအပေါက်ကြီး teratogen ဓာတုပစ္စည်း ကိုယ်ဝန် ပထမ ၃လ ကိုယ်ဝန်အပ် ဖောလစ်အက်စစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ကိုယ်ဝန်ရရှိခြင်း, ကိုယ်ဝန်ဆောင်ခြင်း ဇွန် 24, 2020 . 3 ဖတ်ရန် ကြာချိန်

ဂျူးမြစ်လေးကို တဂျွတ်ဂျွတ်ဝါးရတာ သဘောကျသူလေးတွေ အတွက်

ဂေါ်ရခါးသီး အကျိုးကျေးဇူးတွေ ဂျူးမြစ် အာဟာရဓာတ် ဗီတာမင် A အမျှင်ဓာတ် ကယ်လ်ဆီယမ် ပရိုတင်း သံဓာတ် နှလုံး ဓာတ်တိုးဆန့်ကျင်အာနိသင် ကိုယ်ခံအား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပျော်ပျော်နေ သေခဲ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကျန်းမာရေးအကျိုးကျေးဇူး ဘဝနေထိုင်မှုပုံစံ ဆီးချိုရောဂါ ကိုယ်လက်လှုပ်ရှားမှု သွေးတိုးရောဂါ ကိုယ်ခံအား အအေးမိဖျားနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 ဖတ်ရန် ကြာချိန်

လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်
Yo-Yo Diet ကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။

Yo-Yo Diet ကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 29, 2020 . 2 ဖတ်ရန် ကြာချိန်