ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တက်လာခြင်း

    ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တက်လာခြင်း

    ကိုယ်ဝန်ဆောင်ခြင်းဟာ သင့်ခန္ဓါကိုယ်မှာ ပြောင်းလဲမှုတွေ အများကြီးကိုဖြစ်စေပြီး ကိုယ်အလေးချိန် အပိုသယ်ဆောင်ရတဲ့ ထူးခြားတဲ့ အချိန်ပဲဖြစ်ပါတယ်။ သင့်ကလေး၊ အချင်းနဲ့ ကလေးကို ကာရံထားတဲ့ အရည်တွေဟာ ကြီးထွားလာတာကြောင့် ကိုယ်အလေးချိန်များလာခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာတဲ့ကလေးလေး မွေးဖွားဖို့အတွက် ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စံနှုန်းအတွင်းမှာ ထားသင့်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကိုယ်အလေးချိန်တိုးလာခြင်းနဲ့ ပတ်သက်တဲ့ သင်ထားသိတဲ့ အရာတွေပဲဖြစ်ပါတယ်။

    ပိုလာတဲ့ ကိုယ်အလေးချိန်ဟာ ဘယ်ရောက်သွားပါသလဲ။

    ကိုယ်ဝန်ဆောင်စဉ်မှာ သင့်ကိုယ်ခန္ဓါဟာ ကလေး၊ သွေးနဲ့ အခြားအရည်တွေကို သိုလှောင်ရပါတယ်။ ဥပမာ –

    • 3.5 kg ဟာ ကလေးရဲ့ ကိုယ်အလေးချိန် ဖြစ်ပါတယ်။
    • 0.9 kg ရေမွှာအလေးချိန်ဖြစ်ပါတယ်။
    • 0.7 kg ဟာ အချင်းရဲ့ အလေးချိန်ဖြစ်ပါတယ်။
    • 0.9 kg ဟာ သားအိမ်ရဲ့ အလေးချိန်ဖြစ်ပါတယ်။
    • 1.1 kg ဟာ ရင်သားတွေရဲ့ အလေးချိန်ဖြစ်ပါတယ်။
    • 1.5 kg ဟာ သွေးပမာဏများလာတဲ့ အလေးချိန်ပဲဖြစ်ပါတယ်။
    • 1.1 kg ဟာ အခြားအရည်တွေ များလာတဲ့ အလေးချိန်ပဲ ဖြစ်ပါတယ်။
    • 3.1 kg ဟာ အာဟာရတွေကို သိုလှောင်ထားခြင်းအတွက် ဖြစ်ပါတယ်။
    • ကိုယ်အလေးချိန် အပိုကတော့ 12.8 kg ပဲဖြစ်ပါတယ်။

    ဘယ်လောက်ကိုယ်အလေးချိန်တိုးလာပါသလဲ။

    • ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန် နည်းတယ်ဆိုရင် – 13 -18 kg တိုးလာသင့်ပါတယ်။
    • ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန် ပုံမှန်ဆိုရင် – 11 -16 kg တိုးလာသင့်ပါတယ်။
    • ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန် များတယ်ဆိုရင် – 7 -11 kg တိုးလာသင့်ပါတယ်။
    • ကိုယ်ဝန်မဆောင်ခင် အဝလွန်တယ်ဆိုရင် – 5 -9 kg တိုးလာသင့်ပါတယ်။
    • အမြွှာကိုယ်ဝန်တွင် –
      ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန် နည်းတယ်ဆိုရင် – 23 -28 kg တိုးလာသင့်ပါတယ်။
      ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန် ပုံမှန်ဆိုရင် – 17 -25 kg တိုးလာသင့်ပါတယ်။
    • ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန် များတယ်ဆိုရင် – 14 -23 kg တိုးလာသင့်ပါတယ်။
    • ကိုယ်ဝန်မဆောင်ခင် အဝလွန်တယ်ဆိုရင် – 11 -19 kg တိုးလာသင့်ပါတယ်။
    • ပထမ သုံးလပတ် – တစ်ပတ်ကို 0.5 – 2 kg
      ဒုတိယ သုံးလပတ်- တစ်ပတ်ကို 0.5 – 1 kg
      တတိယ သုံးလပတ်- တစ်ပတ်ကို 0.5 – 1 kg
      ဒါဟာ ပျမ်းမျှ အလေးချိန်တွေဟာဖြစ်ပြီး သင့်အတွက်အကောင်းဆုံးကို သိရှိဖို့ ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်သင့်ပါတယ်။

    ဘယ်လို ထိန်းချုပ်မလဲ။

    အောက်ဖေါ်ပြပါအချက်တွေက ကိုယ်ဝန်ဆောင်စဉ်မှာ လုံခြုံစိတ်ချစွာ ကိုယ်အလေးချိန်တိုးစေဖို့ပဲ ဖြစ်ပါတယ်။

    • ပထမ ၁၂ ပတ်မှာ သင်ဟာ ကိုယ်ဝန်မဆောင်ခင် စားတဲ့ ပမာဏကိုပဲ စားသောက်နိုင်ပါတယ်။ တစ်နေ့မှာ ငါးခါ (သို့) ခြောက်ခါ လောက်ခွဲစားနိုင်ပါတယ်။
    • ပထမ ၁၂ ပတ် အပြီးမှာ အပိုစာတွေဖြစ်တဲ့ မုန့်၊ အစေ့၊ ချီးစ်၊ cracker (သို့) ဒိန်ချဉ် တွေကို စားသင့်ပါတယ်။
      အချို (သို့) သကြားရည်တွေကို သောက်မယ့်အစား ရေသန့် (သို့) ရေကို သောက်သင့်ပါတယ်။
    • နို့သောက်မယ့်အစား အဆီနည်းတဲ့ နို့ကို သောက်သင့်ပါတယ်။
    • ပေါင်မုန့်အဖြူကို စားမယ့်အစား ပေါင်မုန့်ကြမ်းကို စားသင့်ပါတယ်။
    • အချိုစာတွေနဲ့ ကယ်လိုရီများတဲ့ အစာတွေဖြစ်တဲ့ ကွတ်ကီး၊ သကြားလုံး၊ ကိတ်မုန့်၊ ဒိုးနပ်တွေကို ရှောင်ရှားသင့်ပါတယ်။ နေ့တိုင်းမစားမိဖို့လည်း သတိထားသင့်ပါတယ်။
    • ကျန်းမာတဲ့ မနက်စာကို နေ့တိုင်းစားဖို့ မမေ့သင့်ပါဘူး။
    • အသီးအရွက်တွေကို နေ့စဉ် အနည်းဆုံး ၅၀၀ ဂရမ် စားသင့်ပါတယ်။ ရာသီစာ အသီးအရွက်တွေကိုလည်း ဝယ်စားသင့်ပါတယ်။ အခြားဟင်းသီးဟင်းရွက်တွေကတော့ မပုပ်မသိုးစေတဲ့ ဆေးတွေ ပါဝင်နိုင်ပါတယ်။
    • အစားအစာတွေမှာ အိမ်မှာ ချက်စားပါ။ အပြင်ထွက်စားခြင်းကို တစ်ပတ်တစ်ခါထက်ပိုပြီး မပြုလုပ်သင့်ပါဘူး။
    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့နည်းလမ်းတွေနဲ့ ဟင်းချက်သင့်ပါတယ်။ ဟင်းချက်ရင် ဆားမထည့်သင့်ပါဘူး။ ပြုတ်ခြင်း၊ ဖုတ်ခြင်း၊ ကင်ခြင်းတွေဟာ ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။
    • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပြီး ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ လမ်းလျှောက် (သို့) ရေကူးနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်အတွက် စိတ်ချရရုံသာမက ကလေးအလွယ်တကူ မွေးဖို့ ကူညီနိုင်ပါတယ်။ ဒါပေမယ့် သင့်ကျန်းမာရေး စောင့်ရှောက်သူနဲ့ ဘယ်လေ့ကျင့်ခန်းက ပိုကောင်းလဲဆိုတာကို တိုင်ပင်ဆုံးဖြတ်သင့်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကလေး၊ အချင်းနဲ့ အရည်တွေရဲ့ အလေးချိန်တွေကြောင့် ကိုယ်အလေးချိန် အများအပြား တက်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်တက်လာတာကို စိတ်မပူသင့်ပါဘူး။ သင့် ကိုယ်အလေးချိန်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာထားဖို့ပဲ လိုတာပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Pregnancy Weight Gain. http://americanpregnancy.org/pregnancy-health/pregnancy-weight-gain/. Accessed 07 September, 2016.

    Healthy weight gain during pregnancy. http://www.health.govt.nz/your-health/healthy-living/food-and-physical-activity/healthy-eating/healthy-weight-gain-during-pregnancy. Accessed 07 September, 2016.

    Gain Weight Safely During Your Pregnancy. http://www.webmd.com/baby/guide/healthy-weight-gain#1. Accessed 07 September, 2016.

    Weight gain in pregnancy. http://www.babycentre.co.uk/a554810/weight-gain-in-pregnancy. Accessed 07 September, 2016

    စာရေးသူ ဓာတ်ပုံ
    Dr . Phyu Mon Latt မှ ရေးသားသည်။ 21/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။