ကလေးရဲ့ ကိုယ်ခံအားပေါ်မှာ အာဟာရဓါတ်တွေကဒီလိုသက်ရောက်နေပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လူတိုင်းဟာမွေးကတည်းက ကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ ဆဲလ်တွေပရိုတင်းတွေ၊တစ်ရှုးတွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ခန္ဓါကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်က တိုက်ထုတ်ပေးပါတယ်။ ကလေးတွေကမွေးကာစမှာ ကိုယ်ခံအားကအပြည့်အဝတော့မဖွံ့ဖြိုးသေးပါဘူး။ ကံကောင်းတာတစ်ခုက လူတွေမှာတော့ သန္ဓေသားက မိခင်နဲ့ဆက်ထားတဲ့အချင်းကနေတဆင့် ပဋိဇီဝပစ္စည်းတွေကို လက်ခံရယူပြီးရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးထားတာပါ။နောက်ပိုင်းကာလမှာတော့အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ခံအားစနစ်က ဦးနှောက် နဲ့ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေနည်းတူဖြည်းဖြည်းချင်းကြီးထွားဖွံ့ဖြိုးလာပါတယ်။

ကိုယ်ခံအားစနစ်ကောင်းကောင်းဖွံ့ဖြိုးဖို့ ဒီအချက်တွေလိုအပ်ပါတယ်

ကိုယ်ခံအားစနစ်တစ်ရပ်ကောင်းမွန်ပြည့်စုံစွာဖွံ့ဖြိုးဖို့ဆိုရင် ဒီအချက်တွေလိုအပ်မှာပါ။

ကိုယ်ခံအားအပေါ်မှာ အစာအာဟာရတွေက ဒီလိုသက်ရောက်နေပါတယ်

ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်တစ်ရပ်ဖြစ်ဖို့အတွက် အရေးအပါဆုံးတွေထဲကတစ်ခု က ကျန်းမာပြည့်ဝတဲ့အစာအာဟာရပါ။ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးနေချိန်မှာတော့ မိခင်စားသုံးလိုက်တဲ့အာဟာရတွေက နို့ရည်ကနေတဆင့် ကလေးဆီရောက်ရှိသွားနိုင်ပါတယ်။ ကလေးကနို့သောက်တဲ့အရွယ်ကနေကျော်လွန်ပြီး အစားစစားနိုင်ပြီဆိုရင်တော့ အာဟာရပြည့်ဝမျှတအောင်စားမိစေဖို့ မိဘတွေကသေချာပြင်ဆင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ကလေးကအစားစစားနိုင်ပြီဆိုရင် ကိုယ်ခံအားကို အထောက်အပံ့ဖြစ်စေမယ့် အာဟာရပြည့်ဝမျှတတဲ့အစားအသောက်တွေကိုသေချာရွေးချယ်ကျွေးမွေးဖို့လိုအပ်မှာပါ။ ဒါကြောင့်ကလေးကို ပဲအမျိုးမျိုး၊ကြက်ဥ၊ဘဲဥ၊ နွားနို့၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့အစားအသောက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ အသီးအရွက်တွေသေချာကျွေးမွေးပေးဖို့လိုအပ်မှာပါ။ အသား၊ငါးမျှတအောင်ထည့်သွင်းပြင်ဆင်ပေးဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။

ကလေးကိုပြင်ဆင်ပေးတဲ့အခါ အချိုကဲတာ၊ အငန်ကဲတာမျိုးမဖြစ်စေဖို့သေချာဂရုစိုက်ဖို့လိုပါမယ်။ အသင့်စားအစားအစာတွေ၊ အလွယ်စားအစားအစာတွေ၊ပြုပြင်ထားတဲ့အသားတွေ၊ အချိုရည်တွေ၊ သကြားလုံး၊ဂျယ်လီ၊ရေခဲမုန့်၊ ဒိုးနတ်စ်၊ အာလူးကြော်လိုမျိုးအရာတွေကို ကလေးက ဘယ်လောက်ကြိုက်ကြိုက် မကျွေးပါနဲ့။ ဒီအစားအသောက်တွေက ကိုယ်ခံအားအပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ်ကိုထိခိုက်စေနိုင်တာကြောင့်ပါ။

ကိုယ်ခံအားစနစ်ပေါ် သက်ရောက်နေတဲ့အချက်အချို့

အိပ်စက်မှု -အစားအသောက်ပြီးရင်နောက်တစ်ခု သတိထားရမှာက ကလေးကောင်းကောင်းအိပ်စက်ချိန်ရှိရဲ့လားဆိုတာပါ။ ကလေးကကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိမှ ကြီးထွားဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေမှာဖြစ်သလိုရောဂါတွေဝင်ရောက်တာမျိုးမရှိစေဖို့အတွက်လည်း ကာကွယ်ပေးနိုင်တဲ့ ကိုယ်ခံအားစနစ်ကောင်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်စေမှာပါ။ ဒါကြောင့် ကလေးတွေကိုကောင်းမွန်ပြည့်ဝတဲ့အိပ်စက်ချိန်ရှိအောင်ဂရုပြုပေးပါ။ ကလေးတွေဟာ အသက်အရွယ်ကိုလိုက်ပြီး တစ်နေ့ကို အိပ်စက်ချိန် ၈ နာရီကနေ ၁၄ နာရီအထိရှိဖို့လိုအပ်ပါမယ်။

ကိုယ်လက်လှုပ်ရှားမှု – လူတိုင်းမှာ သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုရှိမှ ကျန်းမာမှာပါ။နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်တာက အအေးမိဖျားနာတာကို တိုက်ဖျက်ပေးနိုင်တဲ့သွေးဖြူဥဆဲလ်တွေကို တိုးလာစေနိုင်ပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့လည်း ကလေးငယ်တွေကို ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်အောင် တိုက်တွန်းပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ – ကလေးတွေကို ငယ်စဉ်ကတည်းက လက်ဆေးတာကနေစလို့ ရေချိုးသန့်စင်တာအထိ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကို သင်ကြားပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ခန္ဓါကိုယ်ကျန်းမာဖို့တော်တော်လေးအရေးပါတဲ့ အချက်တစ်ခုပါ။ ဒါကြောင့်ကလေးရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီးကောင်းမွန်တဲ့ကိုယ်ခံအားစနစ်တစ်ရပ်ကိုပျိုးထောင်ပေးပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ပတ်ဝန်းကျင်အနေအထားတစ်ရပ်ဖန်တီးပေးပါ – ကလေးငယ်ရှိနေတဲ့အရပ်မှာ အနံ့အသက်ဆိုးတွေ၊ ပိုးသတ်ဆေးနဲ့ဆးလိပ်ငွေ့လိုမျိုးကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အငွှေ့အသက်တွေမရှိအောင်ဂရုစိုက်ပေးပါ။ဆေးလိပ်ငွေ့နဲ့တဆင့်ခံဆေးလိပ်ငွေ့တွေက ကလေးခန္ဓါကိုယ်က ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပါတယ်။ ဒါကြောင့်ဖေဖေအပါအဝင်ဘယ်သူတစ်ဦးတစ်ယောက်မှ ကလေးနားမှာဆေးလိပ်သောက်တာကို ခွင့်မပြုပါနဲ့။

Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ခန္ဓာကိုယ် ဗီတာမင် သတ္တုဓာတ် ဗီတာမင် B ကိုယ်ခံအား ဦးနှောက် မျိုးဗီဇဆဲလ် ဆယ်လ်မွန် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဟင်းနုနွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B ခန္ဓာကိုယ် ဆဲလ်တွေ ဇီဝကမ္မဖြစ်စဉ် အရေပြားဆဲလ် ဦးနှောက်ဆဲလ် thiamin folate နှလုံး အသည်း ဦးနှောက် သကြားဓာတ် fatty acids စတီးရွိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

မိုးဦးကာလ ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး ပရိုတင်း အမျှင်ဓာတ် ကိုယ်ခံအား အစားအစာ အာဟာရဓာတ် ကြက်သွန်နီ ငရုတ်သီးစိမ်း ဟင်းလျာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီး ကျန်းမာရေး အကျိုးကျေးဇူး ခါးသက်သက် ဆေးဖက်ဝင်ပုံ ဘက်တီးရီးယား ခန္ဓာကိုယ် ဓာတ်တိုးဆန့်ကျင် မှိုပိုး နာတာရှည်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သက်သတ်လွတ် သမားတို့ အသားဓာတ် မချို့တဲ့စေဖို့

သက်သတ်လွတ် သမားတို့ အသားဓာတ် မချို့တဲ့စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့မှာ စီမံပေးပါဦးနော်

ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့မှာ စီမံပေးပါဦးနော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read