backup og meta

ရွယ်တူတွေထဲမှာ ကိုယ့်ကလေးက ဘာလို့သိပ်မထွားတာလဲ

ရွယ်တူတွေထဲမှာ  ကိုယ့်ကလေးက ဘာလို့သိပ်မထွားတာလဲ

မိဘတွေကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးတွေချည်းဖြစ်စေချင်တာပဲပေါ့။ အကောင်းဆုံးအာဟာရတွေကျွေးမယ်၊ အကောင်းဆုံးအဝတ်အစားလေးတွေဝယ်ပေးမယ်၊ အကောင်းဆုံးကျောင်းမှာထားပေးမယ်။ ဒါပေမယ့် ရွယ်တူလေးတွေနဲ့ယှဉ်ရင် ကိုယ့်ကလေးက ထွားသင့်သလောက်မထွားဘူးလို့မြင်လာတဲ့အခါ စိတ်တွေမအေးနိုင်တော့ဘူးမဟုတ်လား။ ဒီလောက်ဂရုစိုက်ကြလျက်နဲ့ ဘာလို့ကလေးက ကြီးထွားဖို့နှေးနေရတာလဲလို့ အားမလိုအားမရတွေဖြစ်ကြရပါတယ်။

ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ ဘာတွေက သက်ရောက်မှုရှိနေလဲဆိုတော့

အများအားဖြင့် –

  • မျိုးဗီဇနဲ့ဆိုင်တယ်။
  • စားသောက်ပုံအလေ့အထနဲ့ အာဟာရ ရရှိမှုကအရေးပါတယ်။
  • ဟော်မုန်းလုပ်ဆောင်ချက်တွေနဲ့ဆိုင်တယ်။
  • ရောဂါအခံ သို့မဟုတ် ကျန်းမာရေးပြဿနာတစ်ခုခုနဲ့ဆိုင်တယ်။

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနှုန်းက တစ်ဦးနဲ့တစ်ဦးတော့မတူနိုင်ပါဘူး။ ဒါ့ကြောင့်အမြဲတမ်းတော့ တခြားရွယ်တူကလေးတွေနဲ့ ယှဉ်ကြည့်လို့မရပါဘူး။ဖေဖေမေမေတို့အနေနဲ့လုပ်နိုင်တာက ကိုယ့်ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်ဖွံ့ဖြိုးမှုကို ပုံမှန်စောင့်ကြည့်ထားဖို့ပါပဲ။ ဒါမှ ကြီးထွားဖွံ့ဖြိုးမှုကရပ်နေသလား၊ ပုံမှန်တိုးတက်မှုရှိနေသလား သိနိုင်မှာပါ။ ကလေးက ထွားသင့်သလောက်မထွားဘဲ သူငယ်ချင်းတွေကြားမှာ လူကောင်သေးနေတယ်ဆိုရင် အသေးစိတ်အားဖြင့် ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

ကလေးကို ကြီးထွားဖွံ့ဖြိုးမှုနှေးစေတဲ့အကြောင်းရင်းများ

မျိုးဗီဇကြောင့်သာမဟုတ်ဘူးဆိုရင် ကလေးသိပ်မထွားတာ အဓိကအားဖြင့် နောက်ထပ်အကြောင်းရင်းသုံးမျိုးပဲရှိပါတယ် – စားသောက်မှုအာဟာရ၊ ပတ်ဝန်းကျင်ပံ့ပိုးမှုနဲ့ ကျန်းမာရေးပြဿနာအခံတို့ဖြစ်ပါတယ်။

ကျန်းမာရေးပြဿနာအခံ

ကလေးမှာ ကျန်းမာရေးပြဿနာရှိနေတာကြောင့်လည်း ဖွံ့ဖြိုးမှုကဖြစ်သင့်သလောက်ခရီးမရောက်တာလည်းရှိပါတယ်။ ဥပမာ – မုန့်ချိုအိတ်ရဲ့လုပ်ဆောင်ချက်မကောင်းတာကြောင့် အစာချေဖျက်မှုမှာပြဿနာရှိနေတဲ့ကလေးဟာ ကိုယ်အလေးချိန်ကောင်းကောင်းတက်မလာနိုင်ပါဘူး။ ဒီလိုကလေးတွေမှာ ဝမ်းမကောင်းတာ၊အနံ့အသက်ဆိုးတာ၊ အဆီပါတဲ့ဝမ်းတွေသွားတာ စတဲ့လက္ခဏာတွေတွေ့ရတတ်ပါတယ်။

သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်လွန်ကဲနေရင်လည်း ကလေးမှာ ကယ်လိုရီလောင်ကျွမ်းမှုလွန်ကဲနေမှာဖြစ်လို့ ကြီးထွားဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓါရဲ့ ကြီးထွားမှုကိုGrowth Hormoneလို့ခေါ်တဲ့ ကြီးထွားမှုဟော်မုန်းက အဓိက ထိန်းချုပ်နေတာပါ။ ဟော်မုန်းရှိသင့်တဲ့ ပမာဏအောက်နည်းနေတဲ့ ကလေးတစ်ယောက်ဟာ ကြီးထွားမှု အပိုင်းမှာ တစ်ခြားကလေးတွေထက် နှေးနေတတ်ပါတယ်။ တခြားကျန်းမာရေးပြဿနာတွေကတော့ –

ပတ်ဝန်းကျင်ပံ့ပိုးမှု

ပတ်ဝန်းကျင်လို့သာ သုံးလိုက်ရပေမယ့် ဆိုလိုတာ ကလေးရဲ့ပတ်ဝန်းကျင်၊ ကလေးရဲ့ကမ္ဘာကို ဖန်တီးပေးတဲ့ မိဘတွေနဲ့ပဲဆိုင်ပါတယ်။ ကလေးရဲ့အသက်အရွယ်အပိုင်းအခြားအလိုက် ဖွံ့ဖြိုးရမယ့်အချိန်မှာဖွံ့ဖြိုးလာအောင် အစားအသောက်ဖြစ်စေ၊ အမူအကျင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ဖြစ်စေ မိဘတွေက အကောင်းဆုံးပံ့ပိုးပေးမှဖြစ်မှာပါ။ ကလေးအတွက် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကိုပြင်ဆင်ပေးတာ၊ အစားကြေးများတဲ့ကလေးကို စားချင့်စဖွယ်ပြင်ဆင်ဆွဲဆောင်တာ၊ ကျန်းမာအားပြည့်စေမယ့်သရေစာတွေပဲဖန်တီးပေးတာ၊ပေါက်ကရသရေစာတွေမစားဖို့ အလေ့အကျင့်လုပ်ပေးတာ မိဘတွေရဲ့တာဝန်ပါ။ ထမင်းစားနည်းတဲ့ကလေးဆို သရေစာမုန့်မှာ အာဟာရပြည့်အောင်စီမံပေးလို့ရတယ်၊ မရှိမဖြစ်ဓါတ်တွေပါဝင်ပြီးသားဖြည့်စွက်အာဟာရတွေကို တိုက်ကျွေးကူလို့ရတယ်။ အထူးသဖြင့် ကလေးရဲ့အစာခြေစနစ်အတွက်အကျိုးပြုတဲ့ LcFOSဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် Omega 3 fatty acidတွေပါဝင်တဲ့ အာဟာရနို့မှုန့်လိုမျိုးဖြည့်စွက်စာတွေလိုအပ်ပါတယ်။ ဒါတွေအကုန်လုံးကမေမေတို့လုပ်ပေးနိုင်တဲ့ ပံ့ပိုးမှုတွေဖြစ်ပါတယ်။

စားသောက်မှုအာဟာရ

ကလေးတွေရဲ့ဘဝမှာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အားဖြည့်ပေးမယ့် ပင်မလမ်းကြောင်းကတော့ စားသောက်ပုံအာဟာရပါပဲ။ အစားကြေးများတဲ့ကလေးတွေ၊ အဆော့မက်တဲ့ကလေးတွေ၊ အာဟာရမဖြစ်တဲ့အစားအစာတွေကိုမှနှစ်သက်ကြတဲ့ကလေးတွေမှာ မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေ အလုံအလောက်မရနိုင်ပါဘူး။ ကယ်လိုရီပမာဏလုံလောက်အောင်မစားတာကလည်း ကြီးထွားဖွံ့ဖြိုးမှုအတွက် ကြီးမားတဲ့အနှောင့်အယှက်တစ်ခုပါပဲ။မွေးလာကတည်းက မိခင်နို့ ဒါမှမဟုတ် နို့မှုန့်ကနေ လုံလောက်တဲ့အာဟာရကို ရရှိခဲ့ဖို့ လိုအပ်ပါတယ်။

ဗီတာမင်နဲ့သတ္တုဓါတ်တွေက ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်းအားလုံးအတွက်၊ လုပ်ဆောင်ချက်တွေအတွက်၊ ကျန်းမာတဲ့ခန္ဓါကိုယ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ ဒီလိုအရေးပါတဲ့ဓါတ်တွေကို အစာအာဟာရကနေစုပ်ယူနိုင်ဖို့ လိုအပ်တာမို့ ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးကလည်းအရေးကြီးပါတယ်။ အစာခြေစနစ်ကျန်းမာစေဖို့ အူတွင်းအကျိုးပြုဘက်တီးရီးယားလေးတွေပမာဏထိန်းညှိထားနိုင်မှလည်းဖြစ်မှာပါ။ မဟုတ်ရင် ဘယ်လောက်ကောင်းတာတွေစားစား အစာခြေစနစ်က မစုပ်ယူနိုင်တော့ ဘာထူးမှာလဲ။ ဒီလိုအပြန်အလှန်မှီခိုဆက်နွှယ်နေကြတဲ့ အရာတွေအတွက် အဓိကသော့ချက်ဖြစ်တဲ့စားသောက်ပုံအာဟာရကို မဖြစ်မနေဂရုစိုက်ပေးရပါမယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/delayed-growth-symptom#takeaway

Accessed April 2, 2019.

https://www.aboutkidshealth.ca/Article?contentid=951&language=English

Accessed April 2, 2019.

https://www.emedicinehealth.com/growth_failure_in_children/article_em.htm#what_facts_should_i_know_about_growth_failure_in_children

Accessed April 2, 2019.

https://kidshealth.org/en/parents/growth-2-to-3.html

Accessed April 2, 2019.

ယခုပုံစံ

26/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိအနီးမှုန်ခြင်း

ကိုယ့်ကလေးက အခြားကလေးတွေထက် ပိန်နေတယ်။ ဘယ်လိုလုပ်ရမလဲ ။။



Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement