သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

Circumcision For Children (ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း)

    Circumcision For Children (ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း)

    ကလေးများ လိင်တံ အရေပြားဖြတ်ခြင်းဆိုတာဘာလဲ

    လိင်တံ အရေပြားဖြတ်ခြင်းဆိုတာ ယောက်ျားတန်ဆာရဲ့ ထိပ်ပိုင်းကို ဖုံးအုပ်ထားတဲ့ အရေပြားကို ခွဲစိတ်ပြီး ဖြတ်တောက်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ အရေပြားဖြတ်ခြင်းကို မွေးခါစကလေးတွေမှာ လုပ်ဆောင်တတ်ကြပါတယ်။ မွေးခါစကလေးတွေမှာ အရေပြားဖြတ်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးရှုပ်ထွေးမှုရှိပါတယ်။

    တချို့မိသားစုတွေမှာ ဘာသာရေးထုံးတမ်းအရ လုပ်ဆောင်ကြပါတယ်။ ဒါ့အပြင် ကလေးများအနေနဲ့ လိင်အင်္ဂါသန့်ရှင်းရေး အလွယ်တကူ လုပ်နိုင်ခြင်းနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကျဆင်းစေခြင်း စတဲ့ကောင်းကျိုးတွေ ရှိပါတယ်။

    ကလေးများအရေပြားဖြတ်ခြင်း ဘာကြောင့် လုပ်ဆောင်သလဲ

    အောက်ပါအခြေအနေတွေမှာ လုပ်ဆောင်ပါတယ်။

    – ဆေးပညာရှုထောင့်။ ပန်းငုံခြင်း (အရေပြား မပွင့်နိုင်ခြင်း)၊ balanitis xerotica obliterans (ပန်းငုံခြင်းနှင့် ဆီးလမ်းကြောင်းကျဉ်းခြင်းကို ဖြစ်စေသော အရေပြားရောဂါ)၊ ရောဂါပိုး ကူးစက်ခြင်း မကြာခဏဖြစ်ပွားခြင်း

    – ဘာသာရေးရှုထောင့်။ အာဖရိကမှ လူမျိုးစုများနဲ့ ကမ္ဘာအနှံ့က လူမျိုးအချို့ဟာ ဘာသာရေးထုံးတမ်းအရ အရေပြားဖြတ်ခြင်းကို လုပ်ဆောင်တတ်ကြပါတယ်။

    တချို့နိုင်ငံတွေမှာ လိင်တံအရေပြားဖြတ်ခြင်းကို ပုံမှန် လုပ်ဆောင်လာကြတဲ့ အကြောင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ၁၉ရာစုအတွင်းမှာ ဆေးပညာရှင်တွေဟာ လိင်တံအရေပြားဖြတ်ထားသူတွေအနေနဲ့ မဖြတ်ထားသူတွေထက် တစ်ကိုယ်ရေသန့်ရှင်းမှု ပိုကောင်းတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

    ဒါကြောင့် ဘာသာရေးထုံးတမ်းကို ထည့်မတွက်ရင်တောင် ဆေးပညာရှုထောင့်အရ ယောက်ျားလေးများ အရေပြားဖြတ်ခြင်းကို အင်္ဂလန်မှာ ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဆေးပညာအသိုင်းအဝိုင်း အချို့မှာတော့ ဒီလိုအရေပြားဖြတ်ခြင်းဟာ ထင်ရှားသိသာတဲ့ အကျိုးကျေးဖူးတွေ မရဘူးလို့ ငြင်းခုံခဲ့ကြပြီး ပုံမှန်လုပ်ငန်းအနေနဲ့ လုပ်ဆောင်ခြင်း လျော့နည်းလာခဲ့ပါတယ်။

    ဒီနည်းလမ်းကို အစားထိုးလုပ်ဆောင်နိုင်တဲ့ ကုသမှုတွေ ရှိပါတယ်။

    – ပန်းငုံခြင်းနဲ့ ဆီးလမ်းကြောင်းကျဉ်းတဲ့ အရေပြားရောဂါအတွက်တော့ လိင်တံအရေပြား ဖြတ်ခြင်းဟာ အကောင်းဆုံးပါပဲ။

    – တခြားရောဂါတွေအတွက် ဖုံးနေတဲ့ထိပ်ပိုင်း အရေပြားကို ဖြတ်တောက်ခြင်း၊ အရေပြားရဲ့ ပုံပန်းသဏ္ဍာန်ကို ပြန်လည်ပြုပြင်ခြင်း စတာတွေ ပါဝင်ပါတယ်။

    – ပန်းငုံပြီး ဆီးလမ်းကြောင်းကျဉ်း အရေပြားရောဂါ မရှိရင်တော့ ဆရာဝန်ဟာ အရေပြားနောက်ပိုင်း ခွဲစိတ်ခြင်းကိုပဲ အားပေးပါလိမ့်မယ်။ ဒီနည်းနဲ့ အရေပြားထိပ်ပိုင်းကို ကျယ်လာစေပါလိမ့်မယ်။

    ဖြစ်နိုင်ခြေအန္တရာယ်များ

    ကလေးများ လိင်တံအရေပြားဖြတ်ခြင်းရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ

    အရေပြားဖြတ်ခြင်းဟာ အကျိုးကျေးဇူး များစွာရှိပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါပေမယ့် ဆေးပညာရှင် အချို့ကတော့ အရေပြားဖြတ်ခြင်းကြောင့် ရောဂါပိုးဝင်ခြင်း၊ သွေးထွက်များခြင်း စတာတွေဖြစ်နိုင်ပြီး ဆိုးကျိုးက ပိုများတယ်လို့ ဆိုပါတယ်။

    အရေပြားဖြတ်ခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေကတော့ သွေးထွက်ခြင်းနဲ့ ရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလည်း ကြုံနိုင်ပါတယ်။

    အရေပြားဖြတ်ခြင်းကြောင့် လိင်တံထိကပ်အရေပြားကို အောက်ပါပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

    – ဖြတ်ပြီးနောက် အရေပြား တိုလွန်းခြင်း (သို့) ရှည်လွန်းခြင်း

    – အရေပြားဟာ ကောင်းကောင်းမသက်သာခြင်း

    – ကျန်ရှိခဲ့သော ထိပ်ပိုင်းအရေပြားဟာ လိင်တံထိပ်ကို တွဲဆက်နေပြီး အသေးစားထပ်မံခွဲစိတ်ရန် လိုအပ်ခြင်း

    ခွဲစိတ်မှု မခံယူခင် ဖြစ်နိုင်ခြေအန္တရာယ်တွေ၊ နောက်ဆက်တွဲပြသနာတွေ သိနားလည်ထားဖို့ အရေးကြီးပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ဆရာဝန်နဲ့ဖြစ်ဖြစ်၊ ခွဲစိတ်ဆရာဝန်နဲ့ ဖြစ်ဖြစ် တိုင်ပင်နိုင်ပါတယ်။

    လိင်တံထိပ် အရေပြားမဖြတ်မီ ဘာတွေ သိသင့်လဲ

    ခွဲစိတ်မှုမပြုခင်မှာ ဆရာဝန်ဟာ ခွဲစိတ်ခြင်းရဲ့ အကျိုးရော အပြစ်ပါ ရှင်းပြပါလိမ့်မယ်။ သင့်ရဲ့သား ခွဲစိတ်မှုခံယူဖို့ သင်က နားလည်သဘောတူကြောင်း လက်မှတ်ထိုး ရပါမယ်။ သင့်ရဲ့သား ဘာဆေးတွေသောက်နေသလဲ၊ ဘာနဲ့ ဓာတ်မတည့်သလဲ၊ ဘာရောဂါတွေရှိလဲ ဆရာဝန်ကို ပြောပြရပါမယ်။ မေ့ဆေးဆရာဝန်နဲ့လည်း တွေ့ဆုံ ဆွေးနွေးရပါမယ်။ ခွဲစိတ်မှုမတိုင်မီ စားသောက်မှု ရပ်တန့်ထားဖို့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။

    ခွဲစိတ်စဉ်ဘာတွေဖြစ်နိုင်လဲ

    မေ့ဆေးနဲ့လုပ်ဆောင်ပြီး နာရီဝက်ခန့်ကြာနိုင်ပါတယ်။

    သင့်ကလေးဟာ ခွဲစိတ်ခုတင်ပေါ်မှာ ရှိနေပါမယ်။ ဆရာဝန်ဟာ ကလေးရဲ့ လိင်တံတစ်ဝိုက်ကို သန့်ရှင်းပါလိမ့်မယ်။ လိင်တံမှာ ပလတ်စတစ်ကွင်း တပ်ဆင်ပေးပြီး အရေပြားကို ခွဲပါလိမ့်မယ်။ ပြီးရင် သွေးကြောလေးတွေက သွေးထွက်တာကို ရပ်တန့်စေပြီး အရေပြားကို ပြန်ချုပ်ပါလိမ့်မယ်။

    သိလိုတဲ့အချက်တွေ စိုးရိမ်ပူပန်တာတွေရှိရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

    ခွဲစိတ်မှုပြိးရင် ဘာဖြစ်မလဲ

    သင့်ရဲ့ကလေး လုံးဝပြန်ကောင်းလာဖို့ ၁၀ရက်လောက် ကြာမြင့်နိုင်ပါတယ်။ အစပိုင်းမှာ လိင်တံခေါင်းဟာ နာကျင်၊ နီရဲပြီး ရောင်နေပါလိမ့်မယ်။ တစ်ခါတစ်ရံ အဝါရောင် အရည်တချို့ စီးထွက်လာနိုင်ပါတယ်။ လိင်တံခေါင်းပေါ် လေးလံတဲ့အရာနဲ့ မဖိမိအောင် ဂရုပြုရပါမယ်။

    နေ့တိုင်း ဆေးထည့်ပေးပြီး အနာကို သန့်ရှင်းအောင် ထားရပါမယ်။ လိင်တံမှာတပ်ထားတဲ့ကွင်းဟာ တစ်ပတ်လောက်နေရင် အလိုလိုပြုတ်သွားပါလိမ့်မယ်။ လုံးဝပြန်ကောင်းသွားပြီးတဲ့အခါ ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်ပြန်ပြသင့်ပါတယ်။

    – ၁၂နာရီကြာပြီးနောက် ဆီးမသွားနိုင်ခြင်း

    – သွေးထွက်နေသေးခြင်း

    – ၂ပတ်ကြာပြီးနောက် ပလတ်စတစ်ကွင်း မကွာသေးခြင်း

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    health-tool-icon

    ကလေးကာကွယ်ဆေးထိုး အချိန်ဇယား

    ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။

    ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 4 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။