နမ်းခြင်းနဲ့ ဖက်ခြင်းတွေဟာ လက်ခံယူရတဲ့သူအဖို့ အမြဲတမ်း သက်တောင့်သက်သာရှိနေတာမျိုးမဟုတ်ပါဘူး။ တကယ်လို့များ လူအချို့ရဲ့ အထိအတွေ့တွေ ဥပမာ – နမ်းတာ၊ ဖက်တာနဲ့ စတာ ကလိထိုးတာတွေက သင့်ကလေးအတွက် သက်တောင့်သက်သာဖြစ်မနေဘူးဆိုရင် သူ့ဘက်က လေးစားသမှုနဲ့ ဘယ်လိုငြင်းဆန်ရမယ်ဆိုတာမျိုးကို သင်ယူထားသင့်ပါတယ။်
ဥပမာ- တကယ်လို့များသင်တို့ရဲ့ ကလေးတွေက သူတို့ဦးလေးကို မနမ်းချင်ဘူးဆိုရင် လက်ဆွဲနှုတ်ဆက်လိုက်တာမျိုးကို အစားထိုးဖို့ ပြောနိုင်ပါတယ်။ ဦးလေးတွေအတွက်လည်း ကလေးတွေရဲ့ လုံခြုံမှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြောပြထားဖို့ လိုအပ်ပါလိမ့်မယ်။ မှန်ကန်တဲ့ အထိအတွေ့နဲ့ မူမမှန်တဲ့အထိအတွေ့တွေကြားက ကွာခြားမှုတွေကို လူကြီးရော၊ ကလေးတွေအတွက်ပါ သေချာရှင်းလင်းနေဖို့ လိုပါတယ်။
တကယ်လို့ တစ်ယောက်ယောက်ကများ ၊ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေပါအပါအဝင် သူတို့ရဲ့ လျှို့ဝှက်အပ်တဲ့ နေရာတွေကို ထိကိုင်လာမယ်ဆိုရင် သင့်ကိုပြောဖို့သင်ထားပေးတာကလည်း အလွန့်အလွန်ကို အရေးကြီးပါတယ်။
ခန္ဓါကိုယ်အစိတ်အပိုင်း နာမည်တွေကို သင်ယူပါ။
မိဘအများစုက လိင်အင်္ဂါတွေကို မှန်ကန်တဲ့နာမည်သုံးပြီးခေါ်ဖို့ မလိုလားကြပါဘူး။ ဒါပေမဲ့ နှာခေါင်းတွေ၊ မျက်လုံးတွေ ဒါမှမဟုတ် နှုတ်ခမ်းတွေလိုပဲ ကလေးတွေကလည်း သူတို့ရဲ့ ခန္ဓါကိုယ်အကြောင်းပိုပြီးနားလည်စေဖို့ သူတို့လိင်အင်္ဂါတွေရဲ့ နာမည်တွေကိုလည်း သိဖို့လိုအပ်ပါတယ်။ ခန္ဓါကိုယ်အကြောင်း နားလည်ခဲ့ရင် ကလေးတွေက သူတို့သိချင်တဲ့ မသိမဖြစ်မေးခွန်းတွေကို မေးမြန်းလာနိုင်ပါတယ်။ အရေးကြီးတဲ့ အချက် နောက်တစ်ချက်ကတော့ အချို့သူတွေက သူတို့ကို အနိုင်ကျင့်ဖို့ကြိုးစားလာတယ်ဆိုရင်လည်း သူတို့ကသင့်ကို ပြောပြလာနိုင်ပါတယ်။
မုဒိမ်းမှုဟာ လူနှစ်ယောက်ကြားမှာရှိတဲ့ အချစ်တွေ ဒါမှမဟုတ် လိင်စိတ်လိုလားမှုတွေကြောင့်ဖြစ်လာရတာမဟုတ်ပါဘူး။ ဒါဟာ ပြုကျင့်ခံရသူရဲ့ ဘဝကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ ဖျက်ဆီးပစ်နိုင်တဲ့ လိင်အကြမ်းဖက်မှုတစ်ခုပါ။ မုဒိန်းသမားတွေဟာ အကြမ်းဖက်မှုတွေ ပြုလုပ်နေတာပါ။ သူတို့တွေဟာ သင့်ကလေးရဲ့ပတ်ဝန်းကျင်က ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။
သူစိမ်း၊ အသိ၊ တွေ့ဖူးတဲ့သူ၊ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်တောင် ဖြစ်နေနိုင်ပါသေးတယ်။ မိဘတွေ၊ ဆရာသမားတွေနဲ့ တာဝန်ရှိတဲ့ အုပ်ထိန်းသူတွေဟာ ဒီလိုကိစ္စမျိုးအတွက် ပညာပေးကို ပေးထားရမှာပါ။ သူတို့ရဲ့ဘဝမှာ ကြုံရနိုင်တဲ့ မူးယစ်ဆေးတွေ၊ မတော်တဆမှုတွေ၊ အနိုင်ကျင့်မှုတွေ ဒါမှမဟုတ် ဖြစ်နိုင်ချေရှိတဲ့ ကိစ္စတွေအားလုံးအတွက် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းတယ်ဆိုတာကို ရှင်းပြထားပါ။
ဘယ်လိုအခြေအနေမျိုးနဲ့ပဲ လိင်အကြမ်းဖက်သည်ဖြစ်စေ၊ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ် မဟုတ်ပါဘူး။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။