backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အစာစားချင်စိတ်မရှိတဲ့ ကလေးကို ဘယ်လို ကူညီပေးနိုင်မလဲ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အစာစားချင်စိတ်မရှိတဲ့ ကလေးကို ဘယ်လို ကူညီပေးနိုင်မလဲ

ယနေ့အချိန်ထိလည်း အစာစားပုံမူမမှန်တဲ့ (eating disorders)ရောဂါတွေရဲ့ အဓိကအကြောင်းရင်းကို မသိနိုင်ကြသေးပါဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာနဲ့ ပတ်ဝန်းကျင်ပြဿနာတွေ အားလုံးပေါင်းစည်းသွားခြင်းရဲ့ ရလဒ်လည်းဖြစ်နိုင်ပါတယ်။ အကြောင်းရင်းက ဘာပဲဖြစ်နေပါစေ၊ ဒါဟာ ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဆီ ဦးတည်စေနိုင်ပါတယ်။

ကလေးတွေဟာ စားချင်စိတ်ဘာဖြစ်လို့အစောကြီးဆုံးရှုံးရတာလဲ။

Anorexia ဟာ ကလေးဘဝမှာ ဒါမှမဟုတ် အရွယ်ရောက်ကာစအခြေအနေမျိုးမှာ အဖြစ်များတဲ့ အစားအသောက်ဆိုင်ရာမူမမှန်မှု ပြဿနာတစ်မျိုးပါ။ အကြောင်းရင်းကတော့ ဝလာမှာကြောက်လို့ ဒါမှမဟုတ် ကျောင်းကအခြားသူငယ်ချင်းတွေ စမှာစိုးလို့ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ မိန်းကလေးငယ်တွေကတော့ ပိုပြီးဖြစ်လွယ်ကြပါတယ်။ anorexia ခံစားနေရတဲ့ထဲကမှ ၅%ကနေ ၁၅%ထိသာ ယောက်ျားလေးတွေဖြစ်တတ်ပါတယ်။

ကလေးတွေရဲ့ စားသောက်မှုဆိုင်ရာ မူမမှန်မှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်းလည်း များစွာရှိပါတယ်။ အဖြစ်အများဆုံးတွေကတော့..

– သူတို့တွေ ပိုပိန်လေ ကျန်းမာရေးပိုကောင်းနိုင်လေလို့ အသိအမြင်မှားတာပါ။

– ကလေးတွေအပေါ် သူတို့ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ စကားတွေ၊ လှောင်ပြောင်မှုတွေ လွှမ်းမိုးခံရလို့ပါ။

– သူတို့တွေဟာ အစားအသောက်ဂျေးများလွန်းပါတယ်။

– ယာယီနေမကောင်းဖြစ်ခြင်း

– ကျန်းမာရေးပြဿနာတွေ ဥပမာ- အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ၊ အသက်ရှူခြင်းဆိုင်ရာ၊နှလုံးသွေးကြော စနစ် ဆိုင်ရာ ပြဿနာတွေရှိနေလို့ပါ။

– စိတ်ကျရောဂါ

– ဝလာမှာကြောက်နေတာ

– အကူအညီကင်းမဲ့နေသလိုခံစားရတာ

Anorexia ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

Anorexia ခံစားနေရတဲ့ကလေးတွေဟာ သူတို့ကိုယ်သူတို့အမြင်မှားနေလေ့ရှိပါတယ်။ မှန်ထဲမှာ သူတို့မြင်နေရတာဟာ ဝတုတ်တုတ်ကလေးတွေဖြစ်နေကြပြီး တကယ်တမ်းမှာတော့ သူတို့ဟာ တုတ်ချောင်းလေးတွေလို ပိန်ကပ်နေတာပါ။ ဒီလိုကလေးတွေဟာ ထပ်ပြီးအလေးချိန်မတိုးလာချင်ကြသလို လက်ရှိအလေးချိန်ကိုလည်း မလိုလားကြပါဘူး။ Anorexia ရဲ့ အချို့သော သတိပြုမိလွယ်တဲ့ လက္ခဏာတွေကတော့

– စိုးရိမ်လွန်ခြင်း

– စိတ်ဓါတ်ကျခြင်း

– တောက်လျှောက်အစားလျှော့နေခြင်း

– လေ့ကျင့်ခန်းအလုပ်လွန်ခြင်း

– ဝလာမှာကြောက်ခြင်း

– စားသောက်မှုအလေ့အထပြောင်းလဲခြင်း

– အစာအနည်းငယ်သာစားဖြင်း

– အစားအသောက်မှာ စိတ်ဝင်စားမှုမရှိခြင်း

ဒါတွေဟာ ဒီလိုပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကို ဦးတည်စေပါတယ်။

– နှလုံး၊ ဦးနှောက်နဲ့ ကျောက်ကပ်ပျက်စီးခြင်း

– နှလုံးခုန်နှုန်းမမှန်ခြငး

– သွေးဖိအားနဲ့ ကိုယ်အပူချိန်ကျဆင်းခြင်း

– အရိုးပါးခြင်း

Anorexia ဟာ electrolyte မညီမျှခြင်းကြောင့် သေစေနိုင်သလို လေဖြတ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ anorexia ခံစားနေရတဲ့ကလေးအများစုကတော့ ပြင်းထန်တဲ့ စိတ်ဓါတ်ကျဆင်းခြင်းတွေကို ခံစားပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြတာများပါတယ်လို့လည်း မှတ်တမ်းတွေရှိနေပါတယ်။

Anorexia ခံစားနေရတဲ့ကလေးတွေကို ပြန်လည်ကောင်းမွန်လာအောင် ဘယ်လိုကူညီပေးနိုင်မလဲ။

အဖြေတွေကတော့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော နှစ်မျိုးလုံးကို ပြန်လည်ဖေးမရမှာပါ။ အားပေးခြင်းနဲ့ နှစ်သိမ့်ခြင်း၊ စိတ်ဓါတ်တက်ကြွစေခြင်းဟာ ကလေးတွေအတွက် သူတို့ရဲ့ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အတွေးတွေကနေ ရှောင်ပြေးစေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေပါ။ ဒီလိုအပြုအမူတွေကိုတော့ သူတို့ရဲ့ မိဘ၊ ဆွေမျိုးနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေအားလုံးဆီက ရသင့်ပါတယ်။ စကားလုံးတွေက ပိုပြီးလွှမ်းမိုးနိုင်လေလေ၊ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာအရ anorexia ကို ပိုပြီးကျော်လွှားလာနိုင်လေလေပါပဲ။

မိဘတွေဟာ တစ်ရက်ချင်းစီအတွက် အစားအသောက်တွေကို ပုံမှန်နဲ့ ပိုနည်းတဲ့စားစရာဆိုပြီးခွဲခြားဖို့ ကြိုးစားရပါမယ်။ သွားရည်စာတွေနဲ့ Junk foodတွေကိုတော့ ရှောင်ကိုရှောင်ရမှာပါ။ ကလေးတွေကို သူတို့စားစရာကို သူတို့ကိုယ်တိုင်ရွေးချယ်နိုင်တဲ့အခွင့်အရေးပေးပါ။ သူတို့ဘာကိုစားချင်တယ်၊ ဘယ်အချိန်မှာစားချင်တယ်ဆိုတာကိုရောပေါ့။ သူတို့ရဲ့ဇီဝဖြစ်စဉ်ကိုလည်း ဂရုပြုပါ။ သူတို့တွေကို အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ညီတာတွေကျွေးပါ။ ကလေးတွေ ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှုပုံစံတိုင်းလိုက်နာနိုင်ဖို့အတွက် မိဘတွေက စံပြပုဂ္ဂိုလ်တွေဖြစ်နေရပါမယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာတော့ ဆေးဝါးကုသမှု ခံယူရပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement