backup og meta

ခွဲမွေးသောကလေးများသည် ၁၅ ရာခိုင်နှုန်းပို၍ ဝလာနိုင်ခြေ ရှိသည်


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွဲမွေးသောကလေးများသည် ၁၅ ရာခိုင်နှုန်းပို၍ ဝလာနိုင်ခြေ ရှိသည်

    ကိုယ်ဝန်ဆောင်မိခင်များသည် မိမိနှင့် ရင်သွေးလေးအတွက် ဆုံးဖြတ်ချက်ချရာတွင် အကောင်းဆုံးသာဖြစ်လိုကြပါသည်။ အဓိကအားဖြင့် ရိုးရိုးမွေးခြင်းနှင့် ခွဲမွေးခြင်းရွေးချယ်ရာတွင် ဖြစ်သည်။

    ခွဲမွေးခြင်းဆိုသည်မှာ ကလေးကို ခွဲစိတ်၍ မွေးဖွားခြင်းဖြစ်သည်။ အချို့ မိခင်များတွင်မူ ခွဲမွေးခြင်းမှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

    အာထရာဆောင်းရိုက်ခြင်းနှင့် မမွေးခင် ကြိုတင်စမ်းသပ်ခြင်းများက ခွဲမွေးရန် ပိုမို သင့်တော်သည် ကိစ္စများကို ဆုံးဖြတ်ပေးသည်။ တစ်ခါတစ်ရံတွင် မမျှော်လင့်သော အရေးပေါ်အခြေအနေများကြောင့် ခွဲမွေးလိုက်ရသော ကိစ္စအချို့လည်းရှိတတ်သည်။ ခွဲမွေးသောကလေးများသည် အသက်ကြီးလျှင် အဝလွန်နိုင်ခြေ ပိုများပါသည်။ ၁၆နှစ်ကြာ လူပေါင်း၂၂၀၀၀ ကိုလေ့လာချက်အရ အဝလွန်ခြင်းနှင့် ခွဲမွေးခြင်းမှာသိသာစွာ ဆက်စပ်နေသည်ကိုတွေ့ရသည်။

    ခွဲမွေးသောကလေးများသည် ရိုးရိုးမွေးသော ကလေးများ ထက် ၁၅ ရာခိုင်နှုန်း ပို၍ဝတတ်သည်။ ကျွမ်းကျင်သူများအဆိုအရ ခွဲမွေးသောကလေးများသည် မွေးလမ်းကြောင်းတွင်းပိုးမွားများနှင့် ထိတွေ့ခြင်း နည်းသဖြင့် ကလေး၏ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲစေသည်။ ဒီအချက်ဟာ ကလေးအသက်ကြီးလာသောအခါ သူတို့၏ စားသောက်ပုံ နှင့် ကိုယ်အလေးချိန် ကွာခြားချက်များကို ဖြစ်စေသည်။

    လေ့လာချက်များအရ အူလမ်းကြောင်းရှိ ကိုယ်တွင်းပိုးမွားဂေဟ စနစ်သည် ကျွန်ုပ်တို့၏ ကျန်းမာရေး၊ ဇီဝကမ္မဖြစ်စဉ်၊ ဆီးချိုသွေးချိုအန ္တရာယ် နဲ့စိတ်ကျန်းမာရေးအပေါ်ပင် သက်ရောက်မှုများစွာ ရှိတာကို သိရသည်။ ဥပမာ- ခွဲမွေးသောကလေးများသည် မိခင်နို့စို့ရနိုင်ချေနည်းပြီး ဤအခြင်းအရာသည် ကလေးအူလမ်းကြောင်းပိုးမွှားများအပေါ်သက်ရောက်မှု ရှိစေပြီး အဝလွန်ခြင်းများဖြစ်ပေါ်စေနိုင်သည်။

    ကျွမ်းကျင်သူများအဆိုအရ ခွဲမွေးသူများသည် အခြား ပတ်ဝန်းကျင်တူ ကြီးပြင်းသော ကလေးများထက် ၆၄ရာခိုင်နှုန်း ပို၍ ဝနိုင်သည်ဟု ဆိုသည်။ ထို့အပြင် ခွဲမွေးသောကလေးများတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာများ ခံစားရတတ်သည်။ ပြင်းထန်လေ့မရှိသော်လည်း တစ်ခါတရံ ပျောက်ကင်းရန်ကြာတတ်သည်။

    အသက်ရှူလမ်းကြောင်းပြဿနာများသည် လမစေ့ဘဲမွေးသောကလေးနှင့် ခွဲမွေးသောကလေးများတွင်အဖြစ်များသည်။ အဓိကအားဖြင့် ၃၉ပတ်မတိုင် ခင်ခွဲမွေးသော ကလေးများတွင် ပိုတွေ့ရတတ်သည်။ ရိုးရိုးမွေးသောကလေးများနှင့် ယှဉ်လျှင် ခွဲမွေးသော ကလေးများသည် ကလေးအထူးကု ကြပ်မတ်ဆောင်တွင် စောင့်ကြည့်ခံရနိုင်ချေ ပိုများသည်။ နောက်ပိုင်းတွင် ပန်းနာရင်ကျပ်ဖြစ်နိုင်ချေလည်း ပိုများသည်

    ကိုယ်ဝန်ဆောင်များအတွက် ခွဲမွေးခြင်းမှာ ဆေးပညာလိုအပ်ချက်အရ မွေးရခြင်းဖြစ်၍ ကလေးအဝလွန်ခြင်းကိုရှောင်ရန် သီးသန့် အနေဖြင့် ခွဲမွေးခြင်း ငြင်းဆန်တာကိုတော့ မပြုသင့်ဟုဆိုသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement