backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) ကဘာလဲ။

ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုသည်မှာ ဦးခေါင်းတစ်ဖက် ထဲကို ထိခိုက်စေသော ပြင်းထန်သည့် ခေါင်းကိုက်ခြင်း ဖြစ်ပါ သည်။ ၎င်းသည် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း နှင့် အလင်း အထိမခံနိုင်ခြင်းတို့နှင့် တွဲ၍ဖြစ်ပွားလေ့ ရှိပါသည်။ ခေါင်းတစ် ခြမ်းကိုက်ခြင်းသည် နာရီများစွာမှ ရက်များစွာအထိ ကြာနိုင် သည်။

ထိုရောဂါသည် အချိန်မီ ကောင်းစွာ မကုသပါက အလုပ်လုပ်နိုင်မှုစွမ်းရည် နှင့် နေ့စဉ် လှုပ်ရှားမှုများကို ထိခိုက် စေနိုင်သည်။ မှန်ကန်သော ကုသမှုနှင့် အိမ်သုံးကုထုံးများ၊ လူနေမှု ပုံစံပြောင်းလဲခြင်းများဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

မည်သူမဆို ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်နိုင်ပါသည်။ သို့ သော် အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ အဖြစ် များပါသည်။ အသက် ၁၀-၄၅ နှစ်တွင် အဖြစ်အများဆုံး ဖြစ် ပါသည်။ အန္တရာယ်ဖြစ်စေသော အချက်များ နှင့် ရောဂါဖြစ် စေသော အရာများကို လျော့ချခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက် မှု ဖြစ်ခြင်းကို နည်းပါးစေနိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

အချို့ခေါင်းတစ်ခြမ်းကိုက်ခြင်းများတွင် ရောဂါလက္ခ ဏာ များသည် နာရီများစွာကနေ ရက်များအထိပင် ကြာနိုင်သည်။ ရောဂါ လက္ခဏာ ဖြစ်ပေါ်မှုသည် အဆင့် လေးဆင့်ဖြင့် သွားပါ သည်။ prodrome, aura, headache နှင့် postrdrome တို့ ဖြစ်ပါသည်။ prodrome အဆင့်တွင် ခေါင်းတစ်ခြမ်းကိုက်ခြင်းဟု သိနိုင်သော ရောဂါလက္ခဏာများသည် ၁-၂ရက် မတိုင်မီကပင် စတင်ပါသည်။ ၎င်းတို့တွင်

• စိတ်ခံစားမှု ပြောင်းလဲခြင်း၊ ဥပမာ- စိတ်ဓါတ်ကျခြင်း

• ဝမ်းချုပ်ခြင်း

• ဇက်ကြောတက်ခြင်း

• မထိန်းနိုင်ဘဲ သမ်းခြင်း

• ဒေါသထွက်လွယ်ခြင်း

• နှေးကွေးလေးလံသလို ခံစားရခြင်း

• အစာစားချင်စိတ် ပြောင်းလဲခြင်း၊ မအီမသာ ဖြစ်ခြင်း

နောက်တစ်ဆင့်သည် aura ဖြစ်ပါသည်။ ၎င်းသည် ခေါင်း တစ်ခြမ်းကိုက်ခြင်း မဖြစ်ခင် သို့မဟုတ် ဖြစ်နေစဉ်တွင် ဖြစ် ပွားပါသည်။ Aura သည် အာရုံကြော စနစ် ရောဂါလက္ခဏာ များဖြစ်သည်။ မိနစ်အနည်းငယ်အတွင်း ဖြစ်ပေါ် ပြီး ၂၀-၆၀ မိနစ်ကြာနိုင်ပါသည်။

ထိုလက္ခဏာများမှာ-

• အမြင်အာရုံ နှောင့်ယှက်မှုများ၊ ဥပမာ – လျှပ်တပြက် မီးအလင်းရောင် မြင်ခြင်း

• အမြင်အာရုံ ဆုံးရှုံးခြင်း

• ခြေထောက်နှင့် လက်မောင်းတွင် တွယ်ချိတ်၊ အပ် ဖြင့် ထိုးသလို ခံစားရခြင်း

• စကားပြောဆိုမှု ခက်ခဲခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်ဖူးပါက နာကျင်မှုသည် ၄-၇၂ နာရီကြာအောင် ပြင်းထန်နိုင်ပါသည်။ ခေါင်းတစ်ခြမ်းကိုက်မှု ခံစားနေရချိန်တွင် အောက်ပါတို့ ခံစားရနိုင်ပါသည်။

• ခေါင်း၏ တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် နာကျင်ခြင်း

• တစ်ဆတ်ဆတ်တုန်၍ နာခြင်း

• အလင်း အထိမခံနိုင်ခြင်း

• ဆူညံမှု မခံနိုင်ခြင်း

• မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း

• အမြင် ဝေဝါးခြင်း

• သတိမေ့မျောခြင်း

Postdrome အဆင့်သည် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်ပြီး နောက် ဖြစ်ပွားပါသည်။ သင်သည် စွမ်းအင်ကုန်ခမ်းသလို ခံစားရနိုင်သည်။

အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

အောက်ပါတို့ဖြစ်ပွားပါက ဆရာဝန်နှင့် ဆက်သွယ်သင့်ပါ သည်။

• သင်သည် အသက် ၅၀ကျော်ပြီး ခေါင်းတစ်ခြမ်း ကိုက်ခြင်း ဖြစ်ပါက

• ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် ပိုဆိုးလာပါက

• သင်အသုံးပြုနေသော ဆေးများသည် ခေါင်းတစ်ခြမ်း ကိုက်ခြင်းကို သက်သာမှု မပေးနိုင်ပါက

• ခေါင်း ထိခိုက်ဒဏ်ရာရပြီး ခေါင်းကိုက်ပါက

• ခေါင်းကိုက်ခြင်းသည် အဖျားတက်ခြင်း၊ ဇက်ကြော တက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်း၊ နှစ်ထပ် မြင်ခြင်း၊ အားနည်းခြင်းတို့နှင့် အတူဖြစ်ပွားပါက

• ခေါင်းကိုက်ခြင်းသည် ချောင်းဆိုးခြင်း၊ အားစိုက် ထုတ်ခြင်း သို့မဟုတ် ရုတ်တရက် ရွေ့လျားခြင်း တို့ အပြီးတွင် ပိုဆိုးလာပါက

အကြောင်းရင်းများ

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ခေါင်းတစ်ခြမ်းကိုက်ခြင်း၏ တိကျသော ဖြစ်မှုအကြောင်း ရင်းကို မသိရှိပါ။ မျိုးဗီဇနှင့် ပတ်ဝန်းကျင်အချက်များသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်သည်။ ၎င်းတို့မှာ-

• Trigeminal အာရုံကြော ( အဓိက နာကျင်မှုအာရုံခံစား လမ်းကြောင်း) တွင် ပြောင်းလဲမှု၊ တုံ့ပြန်မှုများဖြစ်ခြင်း

• ဦးနှောက်ရှိ ဓါတုဓါတ် ပစ္စည်းများ မမျှတမှု ။ ဥပမာ serotonin ( အာရုံကြောစနစ်တွင် နာကျင်မှုကို ထိန်းချုပ်ရန် ကူညီပေးသော ဓါတုပစ္စည်းတစ်မျိုး)

• အမျိုးသမီးများတွင် ဟော်မုန်းပြောင်းလဲမှု ( များ သောအားဖြင့် အီစထရိုဂျင် ဟော်မုန်း ပြောင်းလဲမှုသည် ခေါင်း တစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်သည် ။ ရာသီလာ ချိန်၊ ကိုယ်ဝန်ဆောင်ချိန် နှင့် သွေးဆုံးချိန် များတွင် ပြောင်းလဲမှုဖြစ်တာများသည်။)

• ဒိန်ခဲ၊ ဆားပါသော အစာများ သည် ခေါင်းတစ်ခြမ်းကိုက်ခြင်း ကိုဖြစ်စေသည်။ အစာစားချိန်ကျော်ခြင်း၊ အစာငတ် ခံခြင်းတို့သည်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေပါသည်။

• Monosodium glutamate (MSG) ၊ aspartame (sweetner) စသော အချိုမှုန့် သည်လည်း ခေါင်းတစ်ခြမ်း ကိုက်ခြင်း ကို ဖြစ်စေသည်။

• အရက်သောက်ခြင်း၊ ကော်ဖီ အလွန်အကျွံ သောက်ခြင်း သည်လည်း ခေါင်းတစ်ခြမ်း ကိုက်ခြင်းကို ဖြစ်စေသည်။

• စိတ်ဖိစီးမှုသည်လည်း ခေါင်းတစ်ခြမ်း ကိုက်ခြင်းကို ဖြစ်စေသည်။

• ရာသီဥတု ပြောင်းလဲခြင်း

• အိပ်စက်မှု ပုံစံ ပြောင်းလဲခြင်း

• ကိုယ်ဝန်တားဆေး သောက်ဆေးများ၊ ဟော်မုန်းအစားထိုးကုထုံး ဆေးများ

ဖြစ်နိုင်ခြေများ

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက် အချို့မှာ

• မိသားစုမှတ်တမ်းရှိခြင်း။ ခေါင်းတစ်ခြမ်းကိုက်သော သူများ၏ ၉၀ရာခိုင်နှုန်းတွင် ခေါင်းတစ်ခြမ်းကိုက် ခြင်းဖြစ်ဖူးသော မိသားစုဝင်တွင် ရှိသည်။

• ဟော်မုန်းပြောင်းလဲမှု။ ရာသီလာချိန် မတိုင်မီနှင့် အပြီးတွင် ဖြစ်ပွားနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန် နှင့် သွေးဆုံးချိန်တွင်လည်း ဖြစ်နိုင်သည်။

• အမျိုးသမီးဖြစ်ခြင်း။ အမျိုးသမီးများသည် အမျိုးသား များထက် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်နိုင်ချေ ၃ဆ ပိုများပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်တော်သော ရောဂါအဖြေရှာမှုဖြစ်ရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ပါမည်။

• ရုပ်ပိုင်းဆိုင်ရာ နှင့် အာရုံကြောဆိုင်ရာ စစ်ဆေးမှု

• သွေးစစ်ဆေးမှု

• ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း

• သံလိုက်ဓါတ်မှန်ရိုက်ခြင်း

• ကျောရိုးဖောက်၍ ဦးနှောက်ရည်ကြည် စစ်ဆေးခြင်း (Lumbar puncturpuncture)

Migraine Headaches (ခေါင်းတစ်ခြမ်းကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကုသ၍ မရပါ။ ရောဂါလက္ခ ဏာများကို ထိန်းချုပ်ပေးနိုင်သော ကုသမှုများသာ ရှိပါသည်။ ထိုကုသမှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။

အကိုက်အခဲပျောက်ဆေးများကို ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်ပွားမှု သက်သာရန် အသုံးပြုပါသည်။ ထိုဆေး များကို အကျိုးသက်ရောက်မှု အရှိဆုံးဖြစ်စေရန် ပထမ အကြိမ် ခေါင်းစကိုက်ချိန်တွင် သောက်ပါ။

ထိုဆေး များမှာ အောက်ပါအတိုင်းဖြစ်သည်။

• Aspirin

• စတီးရွိုက်မပါသော အရောင်ကျဆေးများ

• Triptans ။ ဥပမာ- sumatripan (Imitrex) ၊ rizatriptan (Maxalt) ၊ almotriptan (Axert), zolmitriptan (Zomig) ။ ထိုဆေးများသည် သွေး ကြောများကို ကျဉ်းစေပြီး ဦးနှောက်သို့ နာကျင်မှုကို ပိတ်ပင်ပေးပါသည်။

• Ergots ။ ဥပမာ ergotamine with caffeine (Migergot ၊ Cafergot) ၊ ergotamine (Ergomar)၊ dihydroergotamine (Migranol)။ ထိုဆေးများ သည် ၄၈နာရီ ကျော်ကြာသော ခေါင်းတစ်ခြမ်း ကိုက်ခြင်း ကိုသက်သာစေသည်။

• Opioid ဆေးများသည် Codeine စသော မူးယစ် ထုံထိုင်းဆေးများ ပါသည်။ အခြားဆေးများဖြင့် မ သက်သာသောအခါတွင် ထိုဆေးများကို အသုံးပြု ပါသည်။ ထိုဆေးများသည် ဆေးစွဲမှုကို ဖြစ်စေပြီး နောက်ဆုံးအားထားရာ အဖြစ်သာ သုံးသင့်ပါသည်။

• တစ်လတွင် ခေါင်းတစ်ခြမ်းကိုက်ခြင်း ၄ခါအထက် ဖြစ်ပါက၊ နာကျင်မှုသည် ၂၃နာရီ ကျော်ကြာပါက ကာကွယ်မှုဆိုင်ရာ ဆေးပေးရမည်။ ထိုဆေးများ သည် ခေါင်းတစ်ခြမ်းကိုက်ခြင်း၏ ကြာချိန်၊ ပြင်းထန် မှုနှင့် အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်သည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ခေါင်းတစ်ခြမ်းကိုက်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ခေါင်းတစ်ခြမ်းကိုက်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။

• ကြွက်သား ဖြေလျော့သော လေ့ကျင့်ခန်းများ ပြုလုပ် ပါ။ ဖြေလျော့ခြင်းသည် ခေါင်းတစ်ခြမ်းကိုက်ခြင်း၏ နာကျင်မှုကို သက်သာစေသည်။

• ဖြေလျော့သော နည်းလမ်းများတွင် ကြွက်သား ဖြေ လျော့ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်စဉ် ကျင့်ခြင်း တို့ ပါဝင်သည်။

• လုံလောက်စွာ အိပ်စက်ပါ။ သို့သော် ပိုမအိပ်ပါနှင့်။ ညစဉ် လုံလောက်စွာ အိပ်စက်ပါ။ အိပ်ချိန်နှင့် အိပ် ရာထချိန် ပုံမှန်ရှိခြင်းသည် အကောင်းဆုံး ဖြစ်ပါ သည်။

• အနားယူပါ။ အပန်းဖြေပါ။ ခေါင်းကိုက် လာပါက ဖြစ်နိုင်လျှင် မှောင်မည်းတိတ်ဆိတ်သော အခန်း ထဲတွင် အနားယူပါ။ အဝတ်ဖြင့် ထုပ်ထားသော ရေခဲ ကို လည်ပင်းအနောက်တွင် တင်ပါ။ ဦးရေပြားရှိ နာ ကျင်သော နေရာများကို ညင်သာစွာ ဖိနှိပ်ပါ။

• ခေါင်းကိုက်မှုကို မှတ်တမ်းလုပ်ထားပါ။ ဆရာဝန်နှင့် ပြသပြီး နောက်တွင်ပင် ခေါင်းကိုက်မှုမှတ်တမ်းကို ဆက်လက် ပြုလုပ် ပါ။ ထိုသို့လုပ်ခြင်းသည် ဘယ်အရာက သင့်အား ခေါင်းကိုက် စေပြီး ဘယ်ကုသမှုသည် အထိရောက်ဆုံးဖြစ်သည်ကို သိရန် ကူညီပါလိမ့်မည်။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement