backup og meta

ဆောင်းအေးအေးမှာ ဘေဘီလေးကျန်းမာနေစေဖို့ဆိုရင်

ဆောင်းအေးအေးမှာ ဘေဘီလေးကျန်းမာနေစေဖို့ဆိုရင်

မေမေဖေဖေတို့ရဲ့ အကြီးမားဆုံးဆန္ဒတစ်ရပ်က သူတို့ရဲ့ အသက်တမျှချစ်ရတဲ့ ဘေဘီလေးကျန်းမာပျော်ရွှင်နေစေဖို့ပါ။ ကလေးတစ်ယောက်ကို ကျန်းမာအောင်စောင့်ရှောက်ဖို့ကလည်း လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ နုနယ်လွန်းတဲ့ ဘေဘီလေးက ထိခိုက်နိုင်ခြေအရမ်းများလို့ပါ။ မေမေံဗိုက်ထဲမှ နေစဉ်တုန်းက သိပ်ပြဿနာမရှိပေမယ့် ပြင်ပရာသီဥတုနဲ့ ထိတွေ့တဲ့အချိန်မျာ ရာသီဥတုအခြေအနေကလည်း ဘေဘီလေးအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒီတစ်ခေါက်တော့ ဆောင်းအေးအေးမှာ ချစ်ရတဲ့ ဘေဘီလေးကျန်းမာနေစေဖို့ မေမေတို့ဘက်က ဘာတွေဂရုစိုက်ပေးရမလဲဆိုတာတွေကို ပြောပြပေးမယ်နော်။

ဆောင်းအေးအေးမှာ ချစ်ရတဲ့ ဘေဘီလေး ကျန်းမာနေစေဖို့

ဘေဘီလေးဖျားနာ နေရင် မေမေဖေဖေတို့အရမ်းစိတ်ညစ်နေမယ်ဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒီတော့ ဆောင်းအအေးဒဏ်ကြောင့် ဘေဘီလေး မဖျားစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါမယ်။

ကာကွယ်ဆေးထိုးပါ – ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ၆ လပြည့်ပြီးပြီဆိုတာနဲ့ တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးပါ။

ဆေးလိပ်ငွေ့မထိတွေ့မိပါစေနဲ့ – ဖွံ့ဖြိုးစ ကလေးတစ်ယောက်ကို ဆေးလိပ်ငွေ့ထိတွေ့စေမှုက တော်တော်လေး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဆေးလိပ်ငွေ့မထိတွေ့စေဖို့ သေချာလေးဂရုစိုက်စေချင်ပါတယ်။

သက်တောင့်သက်သာဝတ်ပေးပါဆောင်းရာသီမှာ ဘေဘီလေးကို နွေးနွေးထွေးထွေးဝတ်ပေးတာကမဖြစ်ခင်မှာ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဘေဘီလေးကို ကျန်းမာနေစေဖို့ သက်တောင့်သက်သာဝတ်စားပေးပါ။ မထူမပါးလေးက အဆင်ပြေမှာပါ။ ချွေးထွက်တာကလည်း မကောင်းသလို အရမ်းအေးတာကလည်း မကောင်းပါဘူး။

အိမ်ထဲမှာ ဖိနပ်စီးပေးမထားပါနဲ့ –ဘေဘီလေးကို အပြင်သွားတဲ့အခါ ပြင်ပလေထုထဲက အဆိပ်အတောက်တွေကို ထိတွေ့မိနိုင်တာကြောင့် ဖိနပ်ဝတ်ပေးထားတာ ကောင်းတယ်ဆိုပေမယ့် အိမ်မှာနေချိန်မှာတော့ ဖိနပ်မဝတ်ပေးထားပါနဲ့။

နို့များများတိုက်ပါ – ဆောင်းအအေးဒဏ်ကြောင့် ဘေဘီလေး ကျန်းမာရေးမထိခိုက်စေဖို့ဆိုရင် ဘေဘီလေးကို မိခင်နို့များများတိုက်ပေးပါ။ မိခင်နို့က ဘေဘီလေးကို ကိုယ်ခံအားကောင်းစေမယ့် အကောင်းဆုံးအာဟာရတစ်မျိုးပါ။

ရေဓါတ်ပြည့်ဝအောင် ထားပါ ရေဓါတ်ပြည့်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသက်ရှုလမ်းကြောင်းကျန်းမာပြီး ကိုယ်ခံအားကောင်းဖို့ ဘေဘီလေးကို ရေများများတိုက်ပါ။

အရုပ်တွေကို သန့်ရှင်းအောင်ထားပါ – ဘေဘီလေးတွေ ကိုင်တွယ်ထိတွေ့နေတဲ့ အရုပ်တွေ ပါးစပ်ထဲထည့်ဝါးတတ်တဲ့ အရုပ်တွေကို အမြဲသန့်ရှင်းရေး လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ရောဂါပိုးတွေကနေ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

ရေနွေးနဲ့ရေချိုးပေးပါ – ဆောင်းတွင်းမှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက ဘေဘီလေးကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ရေနွေးနွေးလးနဲ့ချိုးပေးပါ။

Baby Lotion လူးပေးပါ – အသားအရေက ခန္ဓါကိုယ်ရဲ့ ခံတပ်ဆိုတော့ ဘေဘီလေးကို ရောဂါပိုးမွှားတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ အကောင်းဆုံးလုပ်ပေးရမှာက အရေပြားကို ခြောက်သွေ့ကွဲအက်မှုကင်းစေဖို့အတွက် ဘေဘီလေးကို Lotion လိမ်းပေးပါ။

ရေမလိုလက်သန့်ဆေးရည် မသုံးပါနဲ့ –ဘေဘီလေးတွေက သူတို့ရဲ့ လက်တွေကို ပါးစပ်ထဲထည့်တာမျိုးရှိနိုင်တဲ့အတွက် ရေမလိုလက်သန့်ဆေးရည်မှာပါတဲ့ အယ်လ်ကိုဟော တွေ ဘေဘီလေးဝမ်းထဲကိုရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အခြေခံလိုက်နာသင့်တဲ့အချက်က လက်ဆေးပါဆိုပေမယ့် ရေမလိုလက်သန့်ဆေးရည်ကို မသုံးပါနဲ့။

လွတ်လွတ်လပ်လပ် ကစားခွင့်ပေးပါ – ဆောင်းရာသီမှာ ကျန်းမာစေဖို့က ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့လည်း လိုပါမယ်။ ဒါကြောင့် ဘေဘီလေးကို လွတ်လွတ်လပ်လပ်ပေးကစားလိုက်ပါ။

ဆောင်းရာသီမှာ ဖျားနာမှုကင်းတဲ့ ဘေဘီလေးဖြစ်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးလိုက်ပါ ဖေဖေမေမေတို့ရေ………

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Baby’s First Winter: How to Protect Newborns in Cold Weather https://www.parents.com/baby/health/babys-first-winter-a-survival-guide/ Accessed Date 9 October 2019

11 Smart Ways to Keep Your Baby Healthy This Winter https://www.fisher-price.com/en_US/parenting-articles/health-and-safety/keep-baby-healthy-this-winter Accessed Date 9 October 2019

ယခုပုံစံ

23/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးအတွက် Diaper ဝယ်တဲ့အခါ သတိထားသင့်တဲ့အချက်အချို့

အပတ်စဉ်အလိုက် ဘေဘီလေးမှာရှိသင့်တဲ့ကိုယ်အလေးချိန် နဲ့ မေမေတို့ လိုက်နာရမယ့်အချက်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement