သင်သည် လမစေ့ဘဲမွေးနိုင်ခြေရှိမရှိ သိသင့်သည်။
အချို့သော အမျိုးသမီးများသည် လမစေ့ဘဲမွေးနိုင်ချေများသော အကြောင်းရင်များကို ပိုင်ဆိုင်ထားကြသည်။ ယင်းတို့သည် မွေးလာမည့်ကလေးကို ထိခိုက်စေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်စဉ်ကပင် ထိုဖြစ်နိုင်ချေများကို ထိန်းချုပ်ရန်၊ လျှော့ချရန်ဆောင်ရွက်သင့်ပါသည်။
ယင်းတို့မှာ
· မိခင်သည် အသက် ၃၅ နှစိနှင့် အထက်ဖြစ်ခြင်း
· ဆေးလိပ်နှင့် တရားမဝင်မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
· ကိုယ်ဝန်အမွှာပူများဖြစ်ခြင်း
· ဆီးချိုရောဂါ၊ သွေးတိုးရောဂါဖြစ်ခြင်း
· ကိုယ်ဝန်ဆောင်ချိန်တွင် သားအိမ်ပိုးဝင်ရောဂါဖြစ်ခြင်း
· ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတိုးခြင်း
· ကိုယ်အလေးချိန် မထိန်းနိုင်ခြင်း စသည်တို့ဖြစ်သည်။
စစ်ဆေးမှုများခံယူပါ။
သားအိမ်နှင့် မိန်းမကိုယ်လမ်းကြောင်းကူးစက်ရောဂါများ၊ gonorrhea , chlamydia ကဲ့သို့သော လိင်မှတဆင့် ကူးစက်သောရောဂါများသည် လမစေ့ဘဲမွေးနိုင်ချေများစေသော အကြောင်းရင်များဖြစ်သည်။
သွားဆရာဝန်နှင့် ပြပါ။
ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းပြောင်းလဲမှုများသည် လမစေ့ဘဲမွေးဖွားနိုင်ချေကို မြင့်တက်စေသည်။
ကိုယ်ဝန်ဆောင်ချိန် လလယ်ခန့်တွင်သွားဖုံးရောင်ခြင်းများဖြစ်တတ်ပြီး ကိုယ်ဝန် ၉ လခန့်တွင် သက်သာသွားတတ်သည်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက သွားဖုံးရောင်ခြင်း ပြသနာဖြစ်နေလျှင် ဆေးကူသမှုများမခံယူပါက ပိုဆိုးလာနိုင်ချေရှိပါသည်။
သင့် ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ။
ကိုယ်အလေးချိန် အလွန်တက်လာခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုတက်ခြင်း၊ သွေးတိုးခြင်းများကို ဖြစ်စေကာ လမစေ့ဘဲမွေးနိုင်ချေကို မြင့်တက်လာစေသည်။ ထို့ပြင် ကိုယ်အလေးချိန်နည်းလွန်းခြင်းကလည်း သန္ဓေသားအား လုံလောက်သော အာဟာရဓါတ်များကို မပေးနိုင်ခြင်းကြောင့် လမစေ့ဘဲမွေးနိုင်ချေကို မြင့်တက်လာစေသည်။
ကိုယ်ဝန်ဆောင်မိခင် တစ်ဦးသည် ကိုယ်ဝန်ဆောင်ချိန်တွင် ပျမ်းမျှအားဖြင့် ၁၁ မှ ၁၆ ကီလိုအထိသာ ကိုယ်အလေးချိန်မြင့်တက်သင့်သည်။ ထို့ကြောင့် သင်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဝလွန်းခြင်း၊ ပိန်လွန်ခြင်းများဖြစ်နေပါက အစားအသောက်နှင့် လေ့ကျင့်ခန်းများကို တိကျစွာ ပုံစံပေးနိုင်ရန် ဆရာဝန်ထံပြသဖို့ လိုအပ်ပါသည်။
မှန်ကန်သော အစားအသောက်များစားခြင်း နှင့် လေ့ကျင့်ခန်းများပြုလုပ်ခြင်း
သင်သည် ကိုယ်ဝန်ဆောင်ချိန်တွင် အာဟာရပြည့်ဝသော အစားအစာများစားခြင်းဖြင့် သင့်ကလေးကို ကျန်းမာစေရုံသာမက မွေးရဖွားရလည်း လွယ်ကူစေပါသည်။
ကိုယ်ဝန်ဆောင်မိခင်များသည် ဂျုံကြမ်းများ၊ အသားဓါတ်၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို စားသင့်ပါသည်။ ထို့ပြင် လေ့လာမှုများအရ ဆော်လမွန်ငါးတွင် အများအပြားပါရှိသော အိုမီဂါ ၃ အဆီဓါတ်သည်လည်း လမစေ့ဘဲမွေးခြင်းကို လျော့နည်းစေသည်ဟု ဆိုပါသည်။
သောက်နေသော ဆေးများ
စိတ်ပူပန်ခြင်း နှင့် စိတ်ကျရောဂါဖြစ်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် သာမန်အမျိုးသမီးများထက် လမစေ့ဘဲမွေးခြင်းဖြစ်နိုင်ချေ ၂ဆ များသည်ဟု Dr. Lockwood ကဆိုပါသည်။ ထို့ကြောင့် ထိုရောဂါကို အချိန်မီကုသရန် လိုပါသည်။ သို့သော်စိတ်ကျရောဂါကို ကုသသော SSRI ဆေးများသည် လမစေံဘဲမွေးခြင်းနှင့် ဆက်စပ်နေကြောင်းတွေ့ရသည်။
ကံကောင်းစွာပင် အမေရိကန် ကယ်လ်ဖိုးနီးယားမြောက်ပိုင်းရှိ Wake Forest တက္ကသိုလ်မှ သားဖွားမီးယပ်ပညာရှင်များ၏ လေ.လာချက်အရ ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော Progestrone ကဲ့သိုကဟော်မုန်းများသည် ယခင်း လမစေ့ဘဲမွေးဖူးသော ကလေးများတွင် လမစေ့နိုင်ချေကို ၃၄% လျှော့ပေးနိုင်ကြောင်းတွေ့ရသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။