ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Rickets (အရိုးပျော့သူငယ်နာ ) ကို ဘယ်လိုအတည်ပြုပါသလဲ
ကလေး၏အရိုးများကိုစစ်ဆေးခြင်းဖြင့် ရောဂါအတည်ပြုပါလိမ့်မည်။
- ဦးခေါင်းခွံရိုး – အရိုးပျော့သူငယ်နာရှိသော ကေးလများသည် ပျော့သောဦးခေါင်းခွံရိုး ရှိတတ်ပြီး ပျော့နေသည့်အပိုင်း (ငယ်ထိပ်)များ ပိတ်ရန်နောက်ကျနေတတ်ပါသည်။
- ခြေထောက်များ – ကျန်းမာသော ကလေးများတွင်တောင် ခြေခွင်တတ်ပါသည်။ အလွန်အမင်းခွင်နေခြင်းက အရိုးပျော့သူငယ်နာ၏ အတွေ့ရများသော လက္ခဏာတစ်ခုပင်ဖြစ်သည်။
- ရင်ဘတ် – အရိုးပျော့သူငယ်နာရှိသော ကလေးများ၌ နံရိုးမူမမှန်မှုများ ဖြစ်လာနိုင်သည်။ နံရိုးများပြားနေပြီး ရင်ညွှန့်ရိုးငေါထွက်ခြင်းကို တွေ့ရနိုင်၏။
- လက်ကောက်ဝတ်နှင့်ခြေကျင်းဝတ် – အရိုးပျော့သူငယ်နာရှိသောကလေးများတွင် လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်တို့၌ ပုံမှန်ထက် ပိုကြီးနေသည်ကို တွေ့ရပါမည်။
အရိုးပျော့သူငယ်နာအားအတည်ပြုရန် ကူညီနိုင်မည့် စစ်ဆေးမှုများ –
- ဓါတ်မှန်
- သွေးစစ် ဆီးစစ်ခြင်း
Rickets (အရိုးပျော့သူငယ်နာ ) ကို ဘယ်လိုကုသပါသလဲ
အရိုးပျော့သူငယ်နာရှိသောကလေးများအား အစာနှင့် နေရာင်ခြည်မှ ဗီတာမင်ဒီလုံလောက်စွာရရှိအောင် လုပ်ပေးရမည်။ မရနိုင်ပါက ကုသရာတွင် ဖြည့်စွက်ဆေးများ အသုံးပြုရပါသည်။ ကလေးအား တစ်နေရလျှင် ဗီတာမင်ဒီ 1000-2000 international units (IU) ပေးရမည်။ တစ်ခါတစ်ရံတွင် ဆရာဝန်၏ကြီးကြပ်မှုအောက်၌ ပိုများသော ဗီတာမင်ကို ပေးရနိုင်သည်။ ကယ်လ်စီယမ်ကိုတော့ တစ်ရက်လျှင် 1000-1500 mg ကို ကယ်လ်စီယမ်ကြွယ်ဝသောအစာများ သို့မဟုတ် ဖြည့်စွက်ဆေးများမှ သောက်သုံးရမည်ဖြစ်သည်။
မျိုးရိုးလိုက်သော အရိုးပျော့သူငယ်နာများတွင် ဟော်မုန်းကျွမ်းကျင်သူနှင့် သေချာကုသရမည်ဖြစ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရိုးပျော့သူငယ်နာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အရိုးပျော့သူငယ်နာအား ကာကွယ်ရန် သင့်ကလေးအား ဗီတာမင်ဒီကြွယ်ဝသည်များ သို့မဟုတ် ဗီတာမင်ဒီ ဖြည့်စွက်စာများကို ဂရုစိုက်ကျွေးပါ။ ဥပမာ –
- ငါးအဆီများ
- အဆီများသောငါးများ (ဆာမွန်၊ ဆာဒင်း၊ တူနာ)
- တရုတ်ကောက်ရိုးမှို
- ကြက်ဥအနှစ်
- တစ်နှစ်သားသောက် နို့ဗူး
- နှံစားသီးနှံ
- ပေါင်မုန့်
- နွားနို့- သို့သော် ဒိန်ချဉ် ချိစ်တို့လို နို့မှလုပ်သည်များ မဟုတ်ပါ။
- လိမ္မော်ဖျော်ရည်
ကိုယ်ဝန်ရှိနေလျှင် ဗီတာမင်ဒီသောက်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
လူနို့ရည်၌ ဗီတာမင်ဒီအနည်းသာပါသောကြောင့် နို့တိုက်ကလေးများတွင် ဗီတာမင်ဒီ 400 mg နေ့စဉ်တိုက်ရန် လိုအပ်ပါသည်။ အမေရိကန် ကလေးအထူးကု အကယ်ဒမီမှ နို့တိုက်သောကလေးများ သို့မဟုတ် တစ်နှစ်သားအောက် နို့ဖော်မြူလာကို 33.8 အောင်စ (တစ်လီတာအောက်) သောက်သူများ၌ ဗီတာမင်ဒီဖြည့်စွက်သောက်ရန် လမ်းညွှန်ထားပါသည်။
နေအလင်းနှင့်ထိတွေ့ခြင်းမှာ ဗီတာမင်ဒီရရန်အတွက် အကောင်းဆုံးရင်းမြစ်ဖြစ်သည်။ အလင်းနှင့်ထိတွေသည့်အခါ အရေပြားမှ ဗီတာမင်ဒီထုတ်၏။ နေပူစာလှုံသည့်အခါတွင် ကလေးကို အဝတ်အစားဝတ်ပေးခြင်း သို့မဟုတ် နေရောင်ခံလိမ်းဆေး လိမ်းပေးခြင်းများလုပ်ရန် မမေ့ပါနှင့်။ သို့သော် နေရာင်ခံလိမ်းဆေးမှာ နေရောင်ကိုတားလိုက်နိုင်သည်။ ထို့ကြောင့် အကောင်းဆုံးမှာ မနက် ၇ နာရီမထိုးခင် နေပူစာလှုံခြင်းက ကလေးအတွက် အကောင်းဆုံးပင်ဖြစ်သည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။