ဖြစ်နိုင်ခြေများ
Stiff Neck (ဇက်နာခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
- အသက်အရွယ် – တခြားအရိုးအဆစ်များကဲ့သို့ပင် လည်ပင်းရိုးများသည်လည်း အသက်ကြီးလာသည်နှင့်အမျှ ယိုယွင်းလာနိုင်ပါတယ်။
- အလေ့အကျင့်ဆိုးများ – ကိုယ်နေဟန်ထားမပြောင်းဘဲ အချိန်ကြာထိုင်အလုပ်လုပ်ခြင်း၊ အိပ်စက်ပုံစံအနေအထား မမှန်ခြင်း။
- ရုတ်တရတ်ထိခိုက်မှု – ကားမတော်တဆမှု၊ အားကစားများ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Stiff Neck (ဇက်နာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။
ဘယ်လိုရှာဖွေသိရှိနိုင်မလဲ
ရောဂါအခြေအနေမေးမြန်းမှုများ၊ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မယ်။ ပိုမိုတိကျသောအဖြေအတွက် ဓါတ်မှန်၊ စီတီစကမ်၊ အမ်အာအမ် ကဲ့သို့ ပုံရိပ်ရိုက်ယူစစ်ဆေးမှုများပြုလုပ်နိုင်ပါတယ်။ ပုံရိပ်ယူစစ်ဆေးမှုတွေဟာ သင့်နာကျင်မှုအတွက် အကြောင်းအရင်းရှာဖို့ အကောင်းဆုံးစစ်ဆေးမှုတွေဖြစ်တယ်။ အာရုံကြောထိခိုက်မှုကြောင့်ဟုထင်ပါက EMG ရိုက်ခိုင်းနိုင်ပါတယ်။ ဇက်နာစေနိုင်သော သို့မဟုတ် ပိုဆိုးစေနိုင်သော ရောဂါပိုးဝင်ခြင်းများ၊ ရောင်ရမ်းမှုများကို သေချာသိရှိရန် သွေးစစ်ဆေးမှုများလည်း ပြုလုပ်ကောင်းပြုလုပ်ရနိုင်ပါတယ်။
Stiff Neck (ဇက်နာခြင်း) ကို ဘယ်လိုကုသပါသလဲ
မပြင်းထန်သောနာကျင်မှုမျိုးမှာ နှစ်ပတ်၊ သုံးပတ်လောက် ဂရုစိုက်လိုက်ပါက သက်သာနိုင်ပါတယ်။ တကယ်လို့မသက်သာပါက ဆရာဝန်မှ တခြားဆေးများ ( စတီးရွိုက်ထိုးခြင်း၊ ကြွက်သားလျော့ဆေး၊ အကိုက်အခဲပျောက်ဆေး) ၊ လေ့ကျင့်ခန်းများ၊ လျှပ်စစ်ဖြင့်နှိပ်ခြင်းများ၊ နောက်ဆုံး ခွဲစိတ်မှုထိလမ်းညွှန်နိုင်ပါတယ်။
နေထိုင်မှုပုံစံ၊ အိမ်တွင်းကုထုံးများ
- အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများ မှီဝဲနိုင်ပါတယ်။
- ပထမရက်အနည်းငယ်အတွင်းရေခဲကပ်ပြီး နောက်ရက်များမှာ ရေနွေးအိတ်ကပ်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းများပြုလုပ်နိုင်ပါတယ်။
- အိမ်တွင်းလည်ပင်းလေ့ကျင့်ခန်းများ လုပ်နိုင်ပါတယ်။
- ပုံစံမှန်မှန်နေပြီး၊ ကိုယ်နေဟန်ထားမကြာခဏ ပြောင်းလဲပေးသင့်ပါတယ်။
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရရန် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ။်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။