ဖြစ်နိုင်ခြေများ
Knee Sprain (ဒူးနာခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
Knee Sprain (ဒူးနာခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-
အဝလွန်ခြင်း
အဝလွန်ခြင်းကြောင့် လမ်းလျှောက်ခြင်း၊ လှေကားအတက်အဆင်းလုပ်ခြင်း စတဲ့ပုံမှန် လှုပ်ရှားမှုများကပင် ဒူးဆစ်များကို ဒါဏ်ဖြစ်စေပါတယ်။ အဆစ်တွင်းရှိ အရိုးနုများပျက်စီးမှုကို မြန်ဆန်စေပြီး အရိုးအဆစ်ရောင်ရောဂါဖြစ်နှုန်းကိုလည်း မြင့်မားစေပါတယ်။
ကြွက်သားအင်အားနှင့်ပျော့ပျောင်းမှုမရှိခြင်း
ဒူးခေါင်းထိခိုက်မိခြင်းဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ တောင့်တင်းနေသော သို့မဟုတ် အားနည်းနေသော ကြွက်သားများဟာ ဒူးဆစ်အပေါ်သက်ရောက်တဲ့ဖိအားကို မျှယူနိုင်ခြင်းမရှိဘဲ အဆစ်ကိုထောက်ပံ့ပေးနိုင်စွမ်းနည်းသွားပါတယ်။
အားကစားနည်းအချို့
အချို့အားကစားနည်းတွေမှာ ဒူးဆစ်အပေါ် ဖိအားပိုသက်ရောက်နိုင်ပါတယ်။ နှင်းလျှောစီးဘွတ်ဖိနပ် အမာစားများနှင့် နှင်းလျှောစီးခြင်းဟာ ချော်လဲနိုင်ခြေများစေပါတယ်။ ဘတ်စကတ်ဘောကစားရာမှာ ခုန်ပြီးတစ်ပတ်လှည့်ခြင်း၊ ပြေးတဲ့အခါ ဒူးကိုအကြိမ်ကြိမ်ဆောင့်ချနေခြင်းတို့ကြောင့် ဒူးခေါင်းထိခိုက်နိုင်ခြေ မြင့်မားစေပါတယ်။
ယခင်ကထိခိုက်ဖူးခြင်း
ယခင်က ဒူးခေါင်းထိခိုက်မိဖူးလျှင် ထပ်မံထိခိုက်နိင်ခြေ ပိုများပါတယ်။
အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ ဒူးနာခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Knee Sprain (ဒူးနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒူးနာသည်ဟု ထင်ပါက ဆရာဝန်က သင့်ကို စမ်းသပ်ပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပါမယ်။ အများစု ပြုလုပ်လေ့ရှိတဲ့ စစ်ဆေးမှုများမှာ-
ဓါတ်မှန်
ဆရာဝန်က အရင်ဆုံး အရိုးကျိုးခြင်းနဲ့ အရိုးပျက်စီးယိုယွင်းတဲ့ရောဂါများကို သိနိုင်ဖို့ ဓါတ်မှန်ရိုက်ဖို့ အကြံပြုပါလိမ့်မယ်။
CT scan
CT scan များမှာ ဓါတ်မှန်ကို ထောင့်အမျိုးမျိုးမှ ရိုက်ထားပြီး ခန္ဓါကိုယ်အတွင်းပိုင်းပုံရိပ်များကို ဖြတ်ပိုင်းပုံများအနေနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ CT scanမှ အရိုးပြဿနာများနှင့် အပိုပစ္စည်းများကို မြင်နိုင်စေပါတယ်။
Ultrasound
အသံလှိုင်းကို အသုံးပြုပြီး ဒူးခေါင်းအတွင်းနဲ့ အနီးတဝိုက်ရှိ ပျော့ပျောင်းတဲ့တစ်သျှူးများ၊ လှုပ်ရှားပုံများကို တိုက်ရိုက်ပုံဖော်ကြည့်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။
သံလိုက်ဓါတ်မှန်
အရွတ်၊ အကြော၊ အရိုးနုနှင့် ကြွက်သားများထိခိုက်မှုကို အထူးသဖြင့် တွေ့မြင်နိုင်မယ့် စစ်ဆေးမှုဖြစ်ပါတယ်။
Knee Sprain (ဒူးနာခြင်း) ကို ဘယ်လိုကုသပါသလဲ
ဆေးများ
သွေးလေးဘက်နာ၊ ဂေါက်စတဲ့ရောဂါတွေမှာ အနာသက်သာစေဖို့နဲ့ အကြောင်းရင်းခံကို ကုသနိုင်ဖို့ ဆရာဝန်က ဆေးညွှန်းပေးပါလိမ့်မယ်။
ကုထုံးများ
ဒူးတဝိုက်ရှိ ကြွက်သားများကို အားကောင်းစေခြင်းဖြင့် ဒူးဆစ်ကိုပိုခိုင်စေပါတယ်။ ပေါင်အရှေ့နဲ့ ပေါင်အနောက်ပိုင်းရှိ ကြွက်သားများကို အဓိကထား လေ့ကျင့်ပါတယ်။ မမှန်ကန်တဲ့လှုပ်ရှားမှုပုံစံများကို ပြုပြင်ပြီး အားကစားနဲ့ လှုပ်ရှားမှုများကို နည်းစနစ်မှန်မှန် ပြုလုပ်ရပါမယ်။ ဟန်ချက်ထိန်ုးညှိတဲ့ လေ့ကျင့်ခန်းများကလည်း အရေးကြီးပါတယ်။
ထိုးဆေးများ
အချို့လူနာတွေကို အဆစ်ထဲတိုက်ရိုက်ဆေး သို့မဟုတ် အခြားအရာများထိုးဖို့ ဆရာဝန်က အကြံပြုပါတယ်။ ဥပမာ၊
- စတီးရွိုက်ဆေးများ
- Hyaluronic acid
- သွေးဥမွှားပါဝင်သော သွေးရည်ကြည်
ခွဲစိတ်မှု
ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ထိခိုက်မှုမျိုးဖြစ်ခဲ့လျှင်လည်း ချက်ခြင်းခွဲစိတ်ရန် မလိုပါ။ ဆုံးဖြတ်ချက်မချမီ ခွဲစိတ်ကုသခြင်းနှင့်မခွဲစိတ်ဘဲ ပြန်လည်သန်စွမ်းရေးပြုလုပ်ခြင်းတို့၏ အကျိုးအပြစ်များနှင့် သင့်အတွက် အဆင်အပြေဆုံးကို ရွေးချယ်ပါ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဒူးနာခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
- ကားစီးလျှင် ထိုင်ခုံခါးပတ်ပတ်ပါ။
- အလွန်လေးသောအရာများကို မသယ်ပါနှင့်။ အမြင့်တက်ရန် အခြေခိုင်သော ခွေးခြေလှေကားထစ်ကို သုံးပါ။ ကုလားထိုင်နှင့် အခြားအခြေမခိုင်သော အရာများပေါ် မတက်ပါနှင့်။
- စကိတ်စီးခြင်း၊ ဘောလုံးကစားခြင်းစသည့် အားကစားနည်းများတွင် ဒူးကာကို ဝတ်ဆင်ပါ။
- ကိုယ်လက်လှုပ်ရှား အားကစားများ မပြုလုပ်မီနှင့် ပြုလုပ်အပြီးတွင် ကြွက်သားများအတွက် သွေးပူလေ့ကျင့်ခန်းအနေနှင့် အကြောလျှော့ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။