· ပထမဆုံးလုပ်ရမှာက ကြမ်းပြင်ပေါ် လေးဖက်ထောက်လိုက်ပါ။ ဒီလိုဆိုတော့ သင့်ပုခုံးက လက်ကောက်ဝတ်ရဲ့ အပေါ်ဖက်မှာ ရှိနေမှာဖြစ်ပြီး တင်ပါးက ဒူးရဲ့ အပေါ်မှာ ရှိနေမှာ ဖြစ်ပါတယ်။
· သင့်လက်၊လက်ဖဝါးနဲ့ လက်ချောင်းတွေဟာ ကြမ်းပြင်ပေါ်မှာ အပြားလိုက်ရှိနေပါမယ်။
· ပြီးရင် သင့်လက်တချောင်းလုံးကို လက်ကောက်ဝတ်ကနေ မ,တင်လိုက်ပါ။ ဒီအချိန်မှာ သင့်အရေပြား ရှည်ထွက်လာသလို ခံစားရပါမယ်။
· လက်မောင်းကို တဖြောင့်တည်းရှိအောင်ထားပြီး ဘေးကို ကားထုတ်လိုက်ပါ။
· ဒီနောက်မှာတော့ ပုခုံးကို နာရီလက်တံလားရာအတိုင်း လှည့်ပါ။
· အထက်မှာ ပြောခဲ့တဲ့ပုံစံအတိုင်း နှစ်ကြိမ်ကနေ လေးကြိမ်အထိ ဆက်လုပ်ပါ။
- ခြေထောက်အောက် လက်ရောက်တဲ့ ပုံစံ
ဒီပုံစံဟာ သင့်လက်ကောက်ဝတ်ပေါ်မှာ သက်ရောက်နေတဲ့ ဖိစီးမှုတွေကို လျော့ကျစေပါလိမ့်မယ်။
· ကြမ်းပြင်ပေါ်မှာ မတ်မတ်ရပ်ပါ။
· သင့်ခြေချောင်းလေးတွေကို လက်နဲ့ထိလို့ရတဲ့အထိ ခါးကိုကိုင်းပါ။ ဒီလို ခါးကိုင်းတာဟာ အစမှာတော့ နည်းနည်းနာပါလိမ့်မယ်။ ဒါပေမယ့် အကျင့်ဖြစ်သွားရင် အဆင်ပြေသွားပါလိမ့်မယ်။
· သင့်ခြေချောင်းလေးတွေကို အပေါ်ကော့တင်လိုက်ပြီး လက်ကို ခြေချောင်းလေးတွေအောက်ကို ထည့်လိုက်ပါ (လက်ဖဝါးကို ပက်လက်လှန်ထားတဲ့ အနေအထားနဲ့)။
· ပြီးရင် ခြေချောင်းလေးတွေနဲ့ လက်ကောက်ဝတ်ထိတဲ့အထိ သင့်လက်ကို ခြေဖနောင့်ဖက် တဖြည်းဖြည်း ထိုးသွင်းပါ။
· ဒီပုံစံအတိုင်း စက္ကန့်၃၀လောက်ထားပါ။
· အစကနေ တခါပြန်လုပ်ပါ။
· နောက်ထပ် နှစ်ကြိမ်ကနေ လေးကြိမ်လောက်အထိ ဆက်လုပ်ပါ။
သင့်လက်ကောက်ဝတ်နာကျင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုဖြစ်ပြီး လေ့ကျင့်ခန်းပုံစံအချို့ကို မှန်မှန်ပြုလုပ်ပေးခြင်းအားဖြင့် ဒီပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ နာကျင်ခြင်း၊သက်တောင့်သက်သာ မရှိခြင်းတွေကို ခံစားနေရပြီဆိုရင် အချိန်တိုလေ့ကျင့်ခန်းလေးတွေနဲ့ စတင်နိုင်ပြီး တဖြည်းဖြည်းနဲ့ အရှိန်မြှင့်သွားရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။