backup og meta

ခြေချင်းဝတ်နာကျင်မှုကို ဘာတွေကဖြစ်စေတာလဲ။ ဖြစ်နိုင်ချေရှိတဲ့ အခြေအနေ ၁၇မျိုး

ခြေချင်းဝတ်နာကျင်မှုတွေဟာ ခြေချင်းဝတ်မှာရှိတဲ့ ဘယ်အစိတ်အပိုင်းမှာမဆိုဖြစ်နေတဲ့ နာကျင်မှု အားလုံး ဒါမှမဟုတ် သက်တောင့်သက်သာမဖြစ်မှုတွေအားလုံးကို ကိုယ်စားပြုပါတယ်။ ဒါဟာ အသက်အရွယ်မရွေးဖြစ်နိုင်သလို အကြောင်းရင်း အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါဟာ လူတစ်ယောက်ကို လမ်းမလျှောက်နိုင်အောင် လုပ်နိုင်တဲ့အပြင် အချို့သော ညင်ညင်သာသာ လှုပ်ရှားမှုတွေကိုတောင် မလုပ်နိုင်လောက်အောင် ဖြစ်စေနိုင်ပါတယ်။ ဒီနာကျင်မှုတွေဟာ ခြေချင်းဝတ် တစ်ဘက်တည်းမှာဖြစ်စေ၊ နှစ်ဘက်လုံးမှာဖြစ်စေ ဖြစ်နိုင်ပါတယ်။

ခြေချင်းဝတ်နာကျင်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းများ

ခြေချင်းဝတ်လည်သွားတဲ့အခါမျိုး ခြေခေါက်တဲ့အခါမျိုးတွေမှာ sprain (ကြွက်သားနာခြင်း) ဖြစ်တတ်ပါတယ်။ ဒီလို လည်သွား၊ ခေါက်သွားတဲ့အချိန်မှာ ခြေချင်းဝတ်က မြေကြီးဘက်ကို လည်သွားတာကြောင့် အရွတ်ကွာတာ၊ စုတ်ပြဲသွားတာတွေ ဖြစ်တတ်ပါတယ်။ ခြေခေါက်သွားတဲ့အချိန်မှာ ကြွက်သားကြောတွေနဲ့ အရိုးနုတွေကို ထိခိုက်စေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

Osteoarthritis ကတော့ အဆစ်ကို ပုံမှန်သုံးနေရင်းကပဲ ထိခိုက်ဒဏ်ရာရသွားတာမျိုးပါ။ အသက်တွေကြီးလာလေလေ Osteoarthritis ဖြစ်လာနိုင်လေလေပါပဲ။

ကြွက်သားညောင်းညာတာနဲ့ တင်းမာနေတာတွေကတော့ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ဖြစ်ရတဲ့ ထိခိုက်မှုတွေပါ။ ဒီထိခိုက်မှုတွေက အဖြစ်များတဲ့အပြင် အပျော့စားကနေ ပြင်းထန်တဲ့အဆင့်ထိ အမျိုးမျိုးရှိပြီး ထိခိုက်မှုဖြစ်တဲ့ အခြေအနေပေါ်မူတည်ပါတယ်။ အများစုကတော့ အသေးစားထိခိုက်မှုတွေဖြစ်ပြိး ဆေးကုသစရာ မလိုပါဘူး။

Arthritis

ကြွက်သားကြော ရောင်ရမ်းခြင်း ၊ ကြွက်သားကြောတွေဟာ အရိုးတွေနဲ့ ကြွက်သားတွေကို ဆက်သွယ်ထားပေးတဲ့ ထူထဲတဲ့ ကြိုးတွေပါ။ တကယ်လို့များ ဒီကြွက်သားကြောတွေက နာကျင်လာပြီ၊ ဒါမှမဟုတ် ရောင်ရမ်းလာပြီဆိုရင်တော့ ဒါကို tendinitis ( ကြွက်သားကြောရောင်ခြင်း)လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ စူးစူးရှရှနာကျင်မှုတွေနဲ့ အထိမခံနိုင်လောက်အောင် နာကျင်မှုတွေ ဖြစ်စေနိုင်ပြီး ထိခိုက်ထားတဲ့ အဆစ်ကို ရွေ့လျားရခက်စေပါတယ်။

အရွတ်အိမ် ရောင်ရမ်းခြင်း ။ အရွတ်အိမ်ရောင်ရမ်းခြင်းကတော့ အရွတ်မှာ ထိခိုက်ဒဏ်ရာရရှိခြင်း ဒါမှမဟုတ် နီးစပ်ရာ ကြွက်သား၊ အရိုးမှာ ဒဏ်ရာရရှိတဲ့ အကျိုးဆက်ကြောင့် ဖြစ်ရတာပါ။

လေးဘက်နာ

တကယ်လို့ သင့်ခြေထောက်က ပြားနေတယ်ဆိုရင် သင်မတ်တပ်ရပ်လိုက်တဲ့အခါမှာ ပုံမှန် ညီမျှတဲ့ ရပ်တည်မှု ပုံစံရှိမှာမဟုတ်ပါဘူး။ ဒါက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာ နာကျင်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျိုးပဲ့ခြင်း။ အရိုးကျိုးတာပါပဲ။ အက်ရာလေး ထင်တာကနေစလို့ လုံးဝကျိုးသွားတဲ့ထိ ဖြစ်နိုင်ပါတယ်။ အရိုးတွေဟာ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကျိုးနိုင်ပါတယ်။ လုံးဝ ကြေသွားတဲ့ထိလည်း ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံး အရိုးကျိုးရတဲ့ အကြောင်းကတော့ ဖိအားတွေနဲ့ သက်ရောက်တဲ့ အားတွေများလို့ ဖြစ်ရတာပါ။

နေရာလွဲခြင်း။ နေရာလွဲတယ်ဆိုတာက အရိုးက အဆစ်ကနေ ချော်ထွက်သွားတာကို ပြောတာပါ။ အဲဒီလို ချော်ထွက်သွားတာ လွတ်ထွက်သွားတာမျိုးဖြစ်ပြီဆိုရင် သင့်မှာ အဆစ်ပြုတ်နေတဲ့ လက်မောင်းကြီးဖြစ်သွားပါပြီ။ ဒီလိုအဆစ်လွဲတာမျိုးက ခန္ဓါကိုယ်ရဲ့ ဘယ်အဆစ်မှာမဆိုဖြစ်နိုင်ပါတယ်။ ဒူးတွေ၊ခါးတွေ၊ ခြေချင်းဝတ်တွေ၊ ပုခုံးတွေက အစပေါ့။

Bursitis Bursaeဆိုတာဟာ အရွတ်ထဲမှာရှိတဲ့ အရည်တွေပြည့်နေတဲ့ အိတ်တွေကို ပြောတာပါ။ သူတို့တွေဟာ အရွတ်တေါ၊ အရည်ပြားတွေ၊ ကြွက်သားတစ်သျှူးတွေနဲ့ အရိုးနဲ့ ထိတွေ့တဲ့နေရာတစ်ဝိုက်မှာ ရှိနေတတ်ပါတယ်။ သူတို့တွေက လှုပ်ရှားမှုတွေမှာ ပွတ်တိုက်မှုတွေကို လျော့နည်းစေဖို့ ချောဆီတွေကို ထုတ်ပေးပါတယ်။

Reactive arthritis ဒါကတော့ ခန္ဓါကိုယ်တွင်းမှာ ပိုးဝင်မှုကြောင့်ဖြစ်တဲ့ အကြောရောင်နာတစ်မျိုးပါ။

Juvenile rheumatoid arthritis (JRA) ဒါကို juvenile idiopathic arthritis လို့လည်းခေါ်ပြီး ကလေးတွေမှာဖြစ်တတ်တဲ့ အကြောရောင်နာတွေထဲက အဖြစ်အများဆုံး အကြောရောင်နာ တစ်မျိုးပါ။

Rheumatic fever ။ ဒါကတော့ Strep throat (ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်း) နဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခုပါ။ ဒါကတော့ ပြင်းထန်တဲ့ ရောဂါတွေနဲ့ ဆက်စပ်နေပြီး လေဖြတ်ခြင်းတွေ၊ နှလုံးကို ရာသက်ပန်ထိခိုက်စေတာတွေဖြစ်စေတတ်ပါတယ်။ တကယ်လို့များ မကုသရင်တော့ သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။

Kawasaki ရောဂါ

လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းက ခြေချင်းဝတ် ဒဏ်ရာရရှိမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်နဲ့ မှန်ကန်သင့်လျော်တဲ့ ရှူးဖိနပ်တွေစီးပြီး ဒေါက်ဖိနပ်တွေကို ရှောင်ကြဉ်တာကလည်း ခြေချင်းဝတ် ဒဏ်ရာရစေတာကနေ ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့များ ခြေချင်းဝတ်မှာ ဒဏ်ရာ ရခဲ့ပြိဆိုရင် ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာတာက အခြေအနေကို ပိုပြီး မြန်မြန်ဆန်ဆန်ကောင်းမွန်စေပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What causes ankle pain? 17 possible conditions. http://www.healthline.com/symptom/ankle-pain. Accessed 15 November.

Ankle Pain. http://my.clevelandclinic.org/services/orthopaedics-rheumatology/diseases-conditions/hic-ankle-pain. Accessed 15 November.

ယခုပုံစံ

09/01/2022

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement