backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကျောရိုးနာခြင်းကိုဘယ်လိုဖြေရှင်းမလဲ


Dr. Sandar Lin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျောရိုးနာခြင်းကိုဘယ်လိုဖြေရှင်းမလဲ

ကျောရိုးနာခြင်းကိုလူအများစုကြုံတွေ့ဖူးကြမှာပါ။ ကျောရိုး နာကိုက်ခြင်းကလူကိုစိတ်ညစ်ညူးစေသောကြောင့်အတတ် နိုင်ဆုံးကုသသင့်ပါတယ်။ ကျောရိုးနာခြင်းကိုကုသရန်နည်း လမ်းအချို့ကိုအောက်တွင်ဖော်ပြထားပါတယ်။

၁။ ဆေးဝါးများ

ကျောရိုးနာသောပုံစံပေါ်မူတည်၍ဆရာဝန်ကအောက်ပါ ဆေးများကိုညွှန်ကြားပါလိမ့်မည်။

  • လတ်တလောခါးနာပျောက်စေရန်အကိုက်အခဲ ပျောက်ဆေးများ(acetaminophen, ibuprofen or naproxen)
  • ကြွက်သားပြေလျော့ဆေးများ
  • အကိုက်အခဲပျောက်ရန်လိမ်းဆေးများ
  • အခြားအနာသက်သာစေသောဆေးဝါးများ (codeine or hydrocodone နှင့် tricyclic antidepressants) ယင်းဆေးဝါးများကိုဆရာဝန်ညွှန်ကြားမှုရှိမှ သောက်သင့်ပါတယ်။
  • အထက်ပါဆေးဝါးများနှင့်မသက်သာပါကထိုး ဆေး(cortisone)ကိုအသုံးပြုနိုင်ပါတယ်။

၂။ ကျန်းမာရေးအသိပညာပေးခြင်း

ကျောရိုးနာသောအခြေအနေကိုထိရောက်စွာဖြေရှင်းနိုင် ရန်ကျန်းမာရေးအသိလိုအပ်ပါတယ်။ တက်ကြွစွာနေခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ စိုးရိမ်ပူပန်မှုနည်းအောင်နှင့် နောင် အခါတွင်မထိခိုက်မိစေရန်သတိထားခြင်းစသည်တို့ကိုအသိ ပညာပေးသင့်ပါတယ်။

၃။ ကိုယ်ကာယလေ့ကျင့်ခန်းနှင့် အရိုးအဆစ်များပြန်လည် သန်စွမ်းရေး

ကိုယ်ကာယလေ့ကျင့်ခန်းသည်ကျောရိုးနာခြင်းကိုကုသရာ တွင်အလွန်အရေးကြီးပါတယ်။ ကိုယ်ကာယလေ့ကျင့်ရေး ပညာရှင်များကအနာသက်သာစေရန်ကုသမှုအမျိုးမျိုးကို ပေးပါလိမ့်မည်။ အနာသက်သာလျှင်ကျောရိုးနှင့် ဗိုက်ရှိ ကြွက်သားများပြန်လည်သန်စွမ်းလာစေရန်လေ့ကျင့်ခန်း များသင်ကြားပေးပါလိမ့်မည်။

၄။ ခွဲစိတ်ကုသခြင်း

အချို့သောလူအနည်းစုသည်ခွဲစိတ်ကုသဖို့လိုအပ်ပါလိမ့် မည်။ ကျောရိုးနာပြီးခြေထောက်တစ်လျှောက်နာကျင်သော အခါ သို့ ကြွက်သားများအားနည်းလာသောအခါများတွင် ခွဲစိတ်ကုသပါကသက်သာနိုင်ပါတယ်။ ထို့ပြင်ကျောရိုးနှင့် အာရုံကြောမ ဖွဲ့စည်းပုံမမှန်သောအခြေအနေများတွင်ခွဲစိတ် ကုသသင့်ပါတယ်။

၅။ အခြားနည်းလမ်းများ

  • ရေခဲကပ်ပါ။ ထိခိုက်ပြီးနောက်၂၄နာရီမှ၄၈နာရီအတွင်းရေခဲ ကပ်ပါကအကောင်းဆုံးဖြစ်ပါတယ်။ ၄၈နာရီနောက်ပိုင်းတွင်အပူကပ်လိုလျှင်ကပ်နိုင် ပါတယ်။ အပူ သို့ အအေးကိုမိနစ် ၂၀ထက်ပို၍မ ကပ်ပါနှင့်။ ထို့နောက်မသက်သာလျှင်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ ပုံမှန်လေ့ကျင့်ခန်းများ (ရေကူးခြင်း၊ စက်ဘီးစီး ခြင်း၊ လမ်းလျှောက်ခြင်း) ကိုပြုလုပ်ပါကကျောရိုး ကိုပုံမှန်လှုပ်ရှားစေပါတယ်။ သို့သော်လည်းအ လွန်အကျူးမလုပ်မိပါစေနှင့်။
  • ကြံ့ခိုင်စွာနေပါ။ တင်ပဆုံရိုးနှင့် ဝမ်းဗိုက်ရှိကြွက် သားများသန်မာပါကကျောရိုးကိုအထောက်အကူ ပြုပါတယ်။
  • အကြောလျှော့ပါ။ ခြေထောက်အကြောလျှော့ရန် မမေ့ပါနှင့်။ ယောဂကဲ့သို့သောပုံမှန်အကြော လျှော့လေ့ကျင့်ခန်းများပြုလုပ်သွားပါကအနာသက် သာစေနိုင်ပါတယ်။
  • ကွန်ပြူတာသုံးသောအခါတွင်ရှေ့သို့မကုန်းပါ နှင့်။
  • ခန္ဓါကိုယ်ပုံစံမှန်အောင်နေပါ။
  • ဖိနပ်အနိမ့်စီးပါ။ ဖိနပ်အမြင့်စီးပါကခန္ဓါကိုယ်ပုံစံ မငြိမ်ဘဲကျောရိုးမကြီးကိုဖိအားများစေနိုင်ပါတယ်။
  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းသည်အ ရိုးပွစေနိုင်ပြီးအရိုးနှင့်ပတ်သက်သောရောဂါများကို ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်အလေးချိန်ထိန်းသိမ်းပါ။ အစားအစာကိုသင့် တင့်မျှတစွာစားသုံးပြီးလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။ အဝလွန်ပါက ကျောရိုးကိုဒဏ်ပိနိုင်ပါတယ်။
  • ၆။ ဆရာဝန်နှင့်ဘယ်အချိန်ပြသသင့်ပါသလဲ။

    • ကျောရိုးအရမ်းနာကျင်ကာ မလှုပ်ရှားနိုင်သော အခါ
    • ခြေထောက်ထုံကျင်ပြီး အားနည်းသောအခါ သို့ လမ်းလျှောက်ရာတွင်အခက်အခဲရှိသောအခါ
    • ဆီးနှင့် ဝမ်းမထိန်းနိုင်သောအခါ
    • ယင်းအခြေအနေများသည်အာရုံကြောထိခိုက်ခြင်း သို့ အခြားရောဂါတစ်ခုခုရှိသည်ကိုညွှန်ပြသောကြောင့်ကုသရန် လိုအပ်ပါတယ်။

      Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




      Dr. Sandar Lin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement