ဆရာဝန်သည် ပုခုံးအား စမ်းသပ်ပြီး ဓါတ်မှန်ရိုက်ခိုင်းနိုင်သည်။ ပုခုံးအဆစ်ဓါတ်မှန်သည် အဆစ်လွဲခြင်းအား ပြသနိုင်သလို ကျိုးသွားသောအရိုးများ အဆစ်သို့တခြားထိခိုက်မှုများကို ပြသနိုင်ပါသည်။
Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ကို ဘယ်လိုကုသပါသလဲ
ပုခုံးဆစ်လွဲခြင်းကိုကုသခြင်းများမှာ အောက်ပါတို့ပါဝင်၏။
ဆရာဝန်သည် ညှင်သာသောကိုင်တွယ်မှုဖြင့် ပုခုံးဆစ်ရိုးအား ပုံမှန်နေရာပြန်ရောက်စေရန် လုပ်ပါလိမ့်မည်။ နာကျင်မှု နှင့် ရောင်ရမ်းမှုပမာဏကို မူတည်ကာ ကြွက်သားပျော့ဆေးများ သို့ အိပ်ဆေးများ သို့မဟုတ် အလွန်ရှားစွာနှင့် မေ့ဆေးပေးခြင်းများကို အဆစ်ပြန်မတည့်မှီ ပေးကောင်းပေးနိုင်ပါသည်။ ပုခုံးအရိုးများ နေသားတကျပြန်ဖြစ်သွားလျှင် ပြင်းထန်သောနာကျင်မှုသည် ချက်ချင်းပျောက်သွားမည်ဖြစ်သည်။
အားနည်းသော ပုခုံးအဆစ် သို့ အရွတ်များ ရှိနေပြီး အားဖြည့်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ လုပ်နေလျှင်သော်မှ ပြန်ပြန်ဖြစ်နိုင်သော ပုခုံးဆစ်လွဲခြင်းမျိုးဖြစ်လျှင် ခွဲစိတ်ကုသရန်လိုအပ်ပါသည်။ သွေးကြောနှင့် အာရုံကြောများ ထိခိုက်သွားလျှင်လည်း ခွဲစိတ်ရနိုင်ပါသည်။
ရက်အနည်းငယ်မှ သုံးပတ်ကြာအောင် ပုခုံးပတ်နှင့် နေဖို့ ဆရာဝန်မှ လမ်းညွှန်နိုင်သည်။ ပုခုံးပတ်နှင့်နေရမည့် ကြာချိန်သည် ပုခုံးဆစ်လွဲသည့်ပုံစံနှင့် အဆစ်လွဲပြီးနောက် ဘယ်လောက်ကြာမှ ပုခုံးပတ်တပ်ရသလဲပေါ် မူတည်ပါသည်။
ဆရာဝန်သည် အကိုက်အခဲပျောက်ဆေး သို့မဟုတ် ကြွက်သားပျော့ဆေးများပေးပြီး သက်သောင့်သက်သာ ရှိစေပြီး ပုခုံးပြန်ကောင်းပါစေလိမ့်မည်။
- ပြန်လည်သန်စွမ်းအောင်လုပ်ခြင်း –
ပုခုံးပတ်ကို ဖယ်ပြီးနောက် တဖြည်းဖြည်း ပြန်လည်သန်စွမ်းမည့် အစီအစဉ်များကို စတင်ကာ လှုပ်ရှားနိုင်မှု အကျယ်၊ အင်အားနှင့် တည်ငြိမ်မှုတို့ကို ပြန်ကောင်းအောင် လုပ်ရပါမည်။
တစ်ရှူးနှင့် အာရုံကြောများ ပျက်စီးခြင်းမရှိသည့် ရိုးရိုး ပုခုံးဆစ်လွဲခြင်းမျိုးဆိုပါက ရက်သတ္တပတ် အနည်းငယ်အတွင်း ပုံမှန်ပြန်ဖြစ်လာမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အဆစ်ပြန်လွဲနိုင်ချေ မြင့်ပါသည်။
ပုခုံးဆစ်လွဲခြင်ပြီးနောက် သိပ်မကြာပဲ လှုပ်ရှားမှုများ ပြန်လုပ်နေပါက ပုခုံးဆစ်အား ထိခိုက်စေနိုင်ပြီး နောက်တစ်ဖန် ပြန်လွဲစေနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပုခုံးဆစ်လွဲခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပုခုံးဆစ်လွဲခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
ပုခုံးကိုအနားပေးပါ – ပုခုံးအဆစ်လွဲခြင်းကိုဖြစ်စေသည့် လှုပ်ရှားမှုမျိုးကို ထပ်မလုပ်ပါနှင့်။ နာကျင်စေသည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။ အလေးအပင်မခြင်း သို့ ခေါင်းအပေါ်မြှောက်ခြင်းများကို ပုခုံးပြန်မကောင်းမချင်း မလုပ်ရပါ။
ရေခဲဝတ်အုပ်ပြီးနောက် ရေနွေးဝတ်အုပ်ခြင်း – ရေခဲဝတ်အုပ်ခြင်းသည် ရောင်ရမ်ခြင်းနှင့် နာကျင်မှုကပို လျော့ချပေးနိုင်သည်။
ရေခဲဝတ် – ခဲနေသော အသီးအရွက်အိတ် သို့ ရေခဲထည့်ထားသော မျက်နှာသုတ်ပုဝါ – ဖြင့် ၁၅ မှ ၂၀ မိနစ်ခြားတစ်ခါ ကပ်ပေးနိုင်ပါသည်။ ဖြစ်စ တစ်ရက်နှစ်ရက်တွင် နာရီတစ်ချို့လုပ်ပေးပါ။ ၃ ၄ ရက်ကြာပြီးနောက် နာကျင်မှုနှင့် ရောင်ရမ်းမှု သက်သာလာပါက ရေနွေးဝတ်သည့် တင်းကြပ် နာကျင်နေသည့် ကြွက်သားများကို သက်သာစေနိုင်ပါသည်။ ၂၀ မိနစ်ခြားမှ တစ်ခါပြုလုပ်ပါ။
အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း – ဆေးဆိုင်တွင် အလွယ်ဝယ်နိုင်သည့်ဆေးများ ဥပမာ အက်စ်ပရင်၊ ibuprofen (Advil, Motrin IB, အခြား) naproxen sodium (Aleve) or acetaminophen (Tylenol, အခြား) တို့သည် နာကျင်မှုကို သက်သာစေနိုင်သည်။ အညွှန်းအတိုင်းလိုက်နာပြီး နာကျင်မှုပျောက်ကင်းသည်နှင့် ဆေးကိုရပ်ပါ။
ပုခုံးလှုပ်ရှားနိုင်သည့် အကျယ်ကို သေချာထိန်းပါ – တစ်ရက် နှစ်ရက်ကြာလျှင် ဆရာဝန် သို့ ကာယကုသမှုဆရာမှ ညွှန်ကြားသော ညှင်သာသည့် လေ့ကျင့်ခန်းများအား ပုခုံးလှုပ်ရှားနိုင်သည့် အကျယ်အား ထိန်းသိမ်းနိုင်ရန် ပြုလုပ်ပါ။ မလှုပ်ရှာပဲနေလျှင် အဆစ်များကို တောင့်သွားစေနိုင်ပါသည်။
ထို့အပြင် အချိန်အတော်ကြာအောင် ပုခုံးဆစ်အား ညှာတာနေလျှင်လည်း ပုခုံးဆစ်ခဲခြင်း – ကောင်းကောင်းမလှုပ်နိုင်တော့လောက်အောင် ဖြစ်သွားခြင်း – ဖြစ်နိုင်သောကြောင့် လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးပါ။
နေ့စဉ် ပုခုံးဆန့်ခြင်းနှင့် ပုခုံးဆစ်သန်စေခြင်း တည်ငြိမ်စေခြင်း အစီအစဉ်များသည် အဆစ်လွဲခြင်း ပြန်မဖြစ်စေရန် အကူအညီပေးပါသည်။ ဆရာဝန် သို့ ကာယကုသမှုဆရာသည် သင့်လျော်သည့် လေ့ကျင့်ခန်းများကို လမ်းညွှန်ကူညီနိုင်ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ