ဖြစ်နိုင်ခြေများ
Broken nose (နှာရိုးကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
နှာရိုးကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-
- ထိခိုက်စေတတ်သောအားကစား ဥပမာ ဘောလုံးကန်ခြင်း နှင့် ဟော်ကီကစားနည်းများ(အဆောင်းမပါဘဲကစားလျင်ပိုဖြစ်စေတတ်သည်)
- ချိန်းပွဲရိုက်ခြင်း
- စက်ဘီးစီးခြင်း
- အလေးမခြင်း (အထိန်းမပါခြင်း)
- မော်တော်ကားစီးချိန်တွင်ခါးပါတ်မပါတ်ထားခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Broken nose (နှာရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
စမ်းသပ်မှုပြုလုပ်၍သိနိုင်သည်။ သင့်မျက်နှာနှင့်နှာခေါင်းအားကြည့်ခြင်း ထိ၍စမ်းခြင်းများလုပ်လိမ့်မည်။ အရမ်းနာပါက မစမ်းသက်ခင်ထုံဆေးပေးလိမ့်မည်။
ဆရာဝန်မှ ဖောင်းတာသက်သာပြီး နှစ်ရက်သုံးရက်မှပြန်လာရန်ခေါ်နိုင်သည်။ ထိုအချိန်တွင် ဒဏ်ရာအားပိုမြင်နိုင်သောကြောင့်ဖြစ်သည်။ ထိခိုက်မှုပြင်းထန်ပါကသို့မဟုတ် အခြားမျက်မှာဒဏ်ရာများနှင့်တွဲနေပါက ဓါတ်မုန် သို့မဟုတ် ကွန်ပြူတာဓါတ်မုန်ကိုရိုက်ခိုင်းလိမ့်မည်။ ထိုသို့ရိုက်ခြင်းဖြင့် သင်၏နှာခေါင်းနှင့်မျက်နှာ ပျက်စီးမှုအခြေအနေကိုသိနိုင်သည်။
Broken nose (နှာရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ
မပြင်းထန်ပါက(ကွေးကောက်ခြင်း)များမရှိပါက ကုသမှုအကြီးစားများမလိုအပ်ပါ။ လွယ်ကူပြီးကိုယ်တိုင်လုပ်နိုင်သောနည်းလမ်းများကိုဆရာဝန်မှသင်ပေးလိမ့်မည်။ ဥပမာ-
ရေခဲကပ်ခြင်း နှင့် ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သောဆေးများကိုသောက်စေခြင်း
နေရာလွဲခြင်းအားပြင်ဆင်ခြင်း
နှာခေါင်းအား လက်ဖြင့်ပြန်တည့်ခြင်းသို့မဟုတ် ခွဲစိတ်ခြင်းများလိုအပ်နိုင်သည်။
လက်ဖြင့်ပြန်တည့်ခြင်း
နှာရိုးကျိုးခြင်းသည် အရိုးနှင့်အရိုးနုအားနေရာပြောင်းစေခြင်းရှိပါက ဆရာဝန်မှလက်ဖြင့်ပြန်တည့်ရန်ကြိုးပမ်းလိမ့်မည်။ အရိုးကျိုးပြီး ၁၄ရက်အတွင်းသို့မဟုတ် စောလေကောင်းလေဖြစ်သည်။
လုပ်ဆောင်ချက်များတွင်သင့်အားသက်သာစေရန်နှာခေါင်းသိုဆေးထိုးခြင်းသို့မဟုတ် နှာခေါင်းဆေးဖြန်းခြင်းပြုလုပ်လိမ့်မည်။ နှာခေါင်းကြည့်ကိရိယာဖြင့်နှာခေါင်းအားဖွင့်မည်။ အထူးကိရိယာများဖြင့် သင့်နှာခေါင်းရိုးနှင့် အရိုးနုအားပြန်တည့်မည်။ နှာခေါင်းအားကြပ်စီးစီးပေးပြီး အပြင်မှ ပတ်တီးစီးပေးလိုက်လိမ့်မည်။ အတွင်းမှကြပ်စီးသည် အချိန်အနည်းငယ်ကြာကြာလိုတတ်သည်။ တပါတ်လောက်လိုနိုင်သည်။ အဏုဇီဝပိုးသတ်ဆေးသောက်ရန်လိုအပ်လိမ့်မည်။
ခွဲစိတ်ခြင်း
အရိုးကျိုးမှပြင်းထန်ပါက ၊ ၁၄ရက်ထက်ကြာသည်အထိဆေးကုသမှုမခံယူခဲ့ပါက လက်ဖြင့်တည့်ခြင်းနှင့်မရနိုင်တော့ပါ။ ထိုသိုေ့သာအခြေအနေများတွင် ခွဲစိတ်မှုလိုအပ်မည်ဖြစ်သည်။
အကယ်၍ နှာရိုးဆက်ကြားကိုပျက်စီးသွားပါက ပိတ်ခြင်းသို့မဟုတ် အသက်ရူကြပ်ခြင်းများဖြစ်တတ်သည်။ ပြန်လည်ပြုပြင်တည်ဆောက်မှုလိုအပ်သောခွဲစိတ်မှုများလိုတတ်သည်။ များသောအားဖြင့် ပြင်ပလူနာဌာနတွင်ပြုလုပ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးမျာ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှာရိုးကျိုးခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် နှာရိုးကျိုးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
မြန်မြန်ဆန်ဆန်လှုပ်ရှားပါ။ အရိုးကျိုးမှုစတင်သည်နှင့် ပါးစပ်ဖြင့်အသက်ရူပါ။ ရှေ့သို့ကိုင်းထားခြင်းဖြင့် သွေးများ လည်ပင်းသို့ပြန်လည်စီးဝင်ခြင်းကိုသက်သာစေနိုင်ပါတယ်။
ရေခဲအသုံးပြုပါ။ ဒဏ်ရာဖြစ်ပြီး ချက်ချင်းရေခဲကပ်ပါ။ ပထမ ၂၄နာရီမှ ၄၈ နာရီအတွင်းတနေ့လေးခါကပ်ပေးခြင်းဖြင့် ဖောင်းခြင်းအားသက်သာစေနိုင်သည်။ တခါကပ်ပါက ဆယ်မိနစ်ဆယ့်ငါးမိနစ်ခန့်ကပ်ပါ။ အေးလွန်း၍အသားပုပ်ခြင်းမဖြစ်စေရန်အဝတ်စတွင်ရေခဲပတ်၍ကပ်ပါ။ ဖိအားသိပ်မထည့်ပါနှင့်။ ဖိအားဖြင့်ကပ်ပါက နှာခေါင်းအားပိုနာစေတတ်သည်။
အနာသက်သာစေသောဆေး။ ဆေးဆိုင်တိုင်းတွင်ရနိုင်သောအနာသက်သာစေသောဆေး (အက်စီတာမီနိုဖန် (တိုင်လီနော နှင့်အခြား) အိုင်ဗျူပရိုဖန်(အက်ဗေး၊မော်တရေး အိုင်ဗီ နှင့်အခြား) သို့မဟုတ် နက်ပရိုဇန် ဆိုဒီရန် (အက်ဖ် နှင့်တခြား)တို့လိုနိုင်သည်။
ခေါင်းကိုမြင့်၍ထားပါ။ အိပ်နေချိန်တွင် ခေါင်းအားမြင့်ထားပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖောင်းခြင်းခေါင်းကိုက်ခြင်းအားသက်သာစေသည်။
လှုပ်၇ှားမှုကိုကန့်သတ်ပါ။ ကုသမှုပြီး ပထမနှစ်ပါတ်တိုင်အောင် အားကစားမလုပ်ပါနှင့်။ ထိခိုက်နိုင်သောအားကစားအား အနည်းဆုံးခြောက်ပါတ်ထိရှောင်ပါ။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။