တင်ပဆုံရိုးကျိုးခြင်းကို သိပြီးပြီးချင်း ၂၄ နာရီအတွင်း ခွဲစိတ်ကုသခြင်းကို အမြန်ဆုံးပြုလုပ်သည်။
ခွဲစိတ်ကုသခြင်းဖြင့် ဆေးရုံတွင် နေရသည့် နေ့ရက်များ နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ကျစေသည်။
တခါတရံ ခွဲစိတ်ကုသခြင်းကို အရင်ဦးစွာ ကုသဖို့လိုသည့် ကျန်းမာရေးအခြေအနေများကြောင့် ၁ ရက် (သို့) ၂ ရက် နှောင့်နှေးထားတတ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ခွဲစိတ်ခြင်းကို အန္တရာယ်ကင်းစေသည်။
ပြုလုပ်ရမည့် ခွဲစိတ်ကုသမှုအမျိုးအစားသည် ကျိုးပြတ်မှုအတိုင်းအတာ နှင့် နေရာပေါ်မူတည်သည်။
တင်ပဆုံရိုးပြင်ဆင်သည့် ခွဲစိတ်ကုသခြင်း : ဒီခွဲစိတ်မှုသည် အရိုးများ ကောင်းမွန်စွာ တည့်မတ်နိုင်လျှင် ပို၍ ရွေးချယ်သည်။
တင်ပဆုံရိုးအစားထိုး ခွဲစိတ်ကုသခြင်း : ဒီခွဲစိတ်မှုကို အရိုးများကောင်မွန်စွာ မတည့်မတ်နိုင်တော့လျှင် ပြုလုပ်သည်။
တိကျသေချာစွာ စစ်ဆေးစမ်းသပ်ပြီးလျှင် သင့်တော်သော ကုသထုံးကို ဆရာဝန် အကူအညီဖြင့် ရွေးချယ်စေသည်။
ခွဲစိတ်ကုသပြီးလျှင် ဘာတွေကို ဂရုစိုက်သင့်လဲ?
တင်ပဆုံရိုးကျိုးခြင်းမှ သက်သာလာစေရန် အချိန် နှင့် စိတ်ရှည်ရန်လိုအပ်သည်။ ခွဲစိတ်ပြီးလျှင် ဟင်းချက်ခြင်း၊ အဝတ်အစားဝတ်ခြင်း စသည်တို့ကို ပြုလုပ်ရာတွင် အခက်အခဲ ရှိသည်။
ထို့ကြောင့် လူနာအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် နေရာ (သို့) ပြန်လည်သန်စွမ်းရေးစင်တာ တို့တွင် အချိန်တစ်ခုကြာ နေသင့်သည်။
ဆရာဝန်သည် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး နှင့် အလုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး တို့ပါဝင်သော ပြန်လည်သန်စွမ်းရေးအစီအစဉ်များကို ပြုလုပ်ရန် တိုက်တွန်းပေးမည်။
ဘာလို့ တင်ပဆုံရိုးကျိုးခြင်းက အသက်အန္တရာယ်ရှိတာလဲ?
တင်ပဆုံရိုးကျိုးခြင်းသည် ရှေ့လျှောက်တွင် အမှီအခိုကင်းစွာ နေထိုင်မှု နှင့် ဘဝသက်တမ်းကိုပင် တိုနိုင်စေသည်။
တင်ပဆုံရိုးကျိုးခဲ့ဖူးသည် လူများမှ တစ်ဝက်ခန့်သည် အမှိအခိုကင်းစွာ မနေနိုင်ကျတော့ပေ။
အကယ်၍ တင်ပဆုံရိုးကျိုးခြင်းသည် လူနာကို အိပ်ရာပေါ် အချိန်ကြာမြင့်စွာ မလှုပ်မယှက်ရှိနေစေလျှင် နောက်ဆက်တွဲ ဆိုးကျိုးများအနေနှင့်
ခြေထောက် နှင့် အဆုတ်ရှိ သွေးကြောများတွင် သွေးခဲစေနိုင်ခြင်း။
အိပ်ရာနာများဖြစ်စေနိုင်ခြင်း။
ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြင်း။
နမိုနီးယားရောဂါ။
ကြွက်သားထု အင်အားဆုံးရှုံးနိုင်ခြင်း၊ ချော်လဲနိုင်ခြင်း နှင့် ဒဏ်ရာရလွယ်နိုင်ခြင်း။
ထို့အပြင် တင်ပဆုံရိုးကျိုးခဲ့သည့်လူနာများသည် အရိုးအားနည်းခြင်း နှင့် နောက်ထပ်တင်ပဆုံရိုးကျိုးနိုင် များသည်။
တင်ပဆုံရိုးကျိုးခြင်းကို ဘယ်လိုကာကွယ်မလဲ?
အရွယ်စရောက်ခါစတွင် ကျန်းမာစွာ နေထိုင်ခြင်းသည် အရိုးကို သန်မာစေပြီး နောင်တွင် အရိုးပွရောဂါဖြစ်ခြင်းကို လျော့နည်းစေသည်။ ထို့အတူ အသက်အရွယ်တိုင်းတွင် ကျန်းမာရေးကို ကောင်းမွန်နေစေမည် ဖြစ်သည်။
ချော်လဲခြင်းကို ရှောင်ရှားရန် နှင့် အရိုးကျန်းမာရေးကို ထိန်းသိန်းရန်
-ကယ်လ်စီယမ် နှင့် ဗီတာမင် ဒီ လုံလောက်စွာ ရရှိရန်။
ပုံမှန်အားဖြင့် အသက် ၅၀ နှင့် အထက် အမျိုးသား နှင့် အမျိုးသမီး များသည် ကယ်လ်စီယမ် ကို တစ်နေ့လျှင် ၁,၂၀၀ မီလီဂရမ် နှင့် ဗီတာမင် ဒီ ၆၀၀ International Unit ရရှိသင့်သည်။
-အရိုးသန်မာရေး နှင့် ဟန်ချက်ထိန်းနိုင်ရန်အတွက် လေ့ကျင့်ခန်းများ။ ဥပမာ : လမ်းလျှောက်ခြင်း။
လေ့ကျင့်ခန်းများသည် ခန္ဓါကိုယ်စွမ်းအားကို တိုးမြင့်ပေးနိုင်သည်။ အသက်ကြီးလာသည်နှင့် အမျှ ဟန်ချက်ထျန်းနိုင်စွမ်းသည် လျော့နည်းလာသောကြောင့် ဟန်ချက်ထိန်းပေးနိုင်သော လေ့ကျင့်ခန်းများသည် ချော်လဲကျနိုင်သည့် အန္တရာယ်ကို လျော့နည်းစေနိုင်သည်။
-ဆေးလိပ်ဖြတ်ခြင်း (သို့) အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကျဉ်ခြင်း။ ဆေးရွက်ကြီး နှင့် အရက်သည် အရိုးသိပ်သည်းဆကို လျော့နည်းစေသည်။ အရက်အလွန်အကျွံသောက်သုံးခြင်းသည် ဟန်ချက်ပျက်စေတတ်ပြီး ချော်လဲစေနိုင်သည်။
-အိမ်ရှိ အန္တရာယ်ဖြစ်စေနိုင်သော အရာများကို ဆန်းစစ်ခြင်း။ ချော်လဲစေနိုင်သော ကော်ဇောများကို ဖယ်ရှားခြင်း၊ လျှပ်စစ်ကြိုးများကို နံရံတွင် တွယ်ထားခြင်း၊ အပိုပရိဘောဂများ နှင့် ချော်လဲစေနိုင်သည့် စသည့်ပစ္စည်းများကို ဖယ်ရှားထားခြင်း။
အခန်းများ နှင့် လျှောက်လမ်းကို ကောင်းမွန်စွာ ဖွဲ့စည်းထားခြင်း။
-မျက်လုံးကို စစ်ဆေးခြင်း။ တစ်နှစ်လျှင် တစ်ကြိမ် မျက်စိစစ်ဆေးခြင်း (သို့) သွေးချို၊ ဆီးချို ရှိလျှင် ပိုမိုစစ်ဆေးခြင်း။
ကျန်းမာရေးခံယူကုသမှုများကို ကြည့်ရှုစစ်ဆေးခြင်း။ -အားနည်းနေခြင်း၊ မူးဝေခြင်း စသည့်ဘေးထွက်ဆိုးကျိုးများသည် ချော်လဲနိုင်ချေကို မြင့်စေသည်။ ဘေးထွက်ဆိုးကျိုးများ နှင့် ပတ်သတ်၍ ဆရာဝန်နှင့် တိုင်ပင်ပါ။
-ထိုင်ရာမှ ထလျှင် ဖြေးဖြေးထခြင်း။ ရုတ်တရက် အမြန်ထလိုက်လျှင် သွေးဖိအား ရုတ်တရက်ကျသွားတတ်ပြီး ချာချာလည်မူးပြီး လဲကျသွားတတ်သည်။
-လမ်းလျှောက်လို့ အဆင်မပြေသည့်အခါ ဆရာဝန် (သို့) အလုပ်အကိုင်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးနည်းပညာရှင်နှင့် တိုင်ကင်ဆွေးနွေးပြီး ကူညီပေးနိုင်မည့် လမ်းလျှောက်တုတ် (သို့) လမ်းလျှောက်အကူအညီ အသုံးပြုစေခြင်း။
အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။