သူ့ရဲ့ နီနီရဲရဲအရောင်က သင့်သွားကို နီရဲသွားစေမှာ အမှန်ပါပဲ။ သူ့ရဲ့အရောင်ဟာ အရမ်းစွန်းထင်းလွယ်တဲ့အတွက် သင် ဥနီဖျော်ရည်သောက်နေတုန်း အင်္ကျီ ပေသွားမယ်ဆိုရင် စိတ်ရှုပ်ရမှာ အမှန်ပါပဲ။ ဒါကြောင့် ဥနီကို အလွန်အကျွံ စားခြင်းဟာ သင့်သွားတွေကို ထိခိုက်စေနိုင်တယ် ဆိုတာ သံသယဝင်စရာ မလိုတော့ပါဘူး။ အဲ့အတွက် စားပြီးတိုင်း သွားတိုက်ပါ။ အဲ့ဒါမှ သင့်သွားတွေ နီနီရဲရဲ ဖြစ်မသွားအောင် ကာကွယ်နိုင်မှာပါ။ စားပြီးတိုင်း ချက်ချင်း ပလုတ်ကျင်းပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
ဘီစကွတ်မုန့်များ
ဘယ်သူက ထင်မိမှာလဲ။ ဒါပေမယ့် ဘီစကွတ်မုန့်တွေဆိုတာ သန့်စင်ထားတဲ့ကစီဓါတ်တွေကို သကြားဓါတ်အသွင်ပြောင်းပြီး ပြုလုပ်ထားတာတွေပါ။ အဲ့ဒီသကြားဓါတ်တွေက ကျွန်တော်တို့သွားတွေမှာ နဂိုရှိပြီးသားဖြစ်တဲ့ ဘက်တီးရီးယားတွေအတွက် အဓိကအဟာရလို ဖြစ်သွားပါတယ်။ ဒါကြောင့် သကြားဓါတ်နဲ့ ကစီဓါတ် အလွန်အကျွံပါဝင်တဲ့ သရေစာတွေစားပြီး သွားမတိုက်ဘူးဆိုရင် သွားပိုးပေါက်တွေ ဖြစ်လာမှာ အမှန်ပါပဲ။
Balsamic Vinegar (သစ်ဆီမွှေးတစ်မျိုးမှထုတ်လုပ်သော အမည်းရောင် အချိုအရသာ ဗာနီဂါ)
ဗာနီဂါအမျိုးအစားအားလုံးကတော့ အက်စစ်ဓါတ်များပါဝင်တာမို့ အစာခြေဖျက်ခြင်းမှာ အထောက်အကူပြုကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သွားတွေအတွက်တော့ မကောင်းပါဘူး။ ဗာနီဂါမှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်တွေက သွားတွေရဲ့ ကြွေလွှာတွေကို ဖျက်ဆီးပြီး သွားများကို ထိခိုက်စေနိုင်ပါတယ်။ balsamic vinegar ဆိုရင်တော့ အက်ဆစ်ဓါတ်အပြင် အရောင်ကလဲ ရင့်တဲ့အတွက် သွားများကို အလွယ်တကူ စွန်းထင်းစေနိုင်ပါတယ်။ ကံကောင်းတာကတော့ balsamic vinegar ကို အများအားဖြင့် အရွက်သုပ်တွေနဲ့ စားလေ့ရှိတာပါပဲ။ အရွက်တွေက (အများအားဖြင့် ဆလပ်ရွက်) သွားများအပေါ် အကာကွယ်တစ်ခုအနေနဲ့ ဖုံးအုပ်ပေးပြီး ဗာနီဂါကြောင့် အရောင်စွန်းထင်းမှုကို လျော့နည်းစေလို့ပါ။
ချဉ်ဖတ် (pickles)
အချို့အစားအစာတွေ စားသောက်ရာမှာ ချဉ်ဖတ်နဲ့ဆိုရင် တော်တော်လိုက်ဖက်တာ သိကြမှာပါ။ အဲဒီ ချဉ်ဖတ်ဟာလည်း သင့်သွားကို ထိခိုက်စေတဲ့ အချက်ထဲက တစ်ချက်ပါပဲ။ ချဉ်ဖတ်မှာ ပါဝင်တဲ့ အချဉ်ဓါတ်က သင့်သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။ ဗာနီဂါနဲ့ တခြားအက်ဆစ်ဓါတ်များများပါဝင်တဲ့ ပစ္စည်းတွေနဲ့ နှပ်ထားတဲ့ ချဉ်ဖတ်တွေကို သွားတွေအတွက် အဓိကရန်သူလို့ သွားဆရာဝန်များက သတ်မှတ်ထားတာပါ။ သင်အရမ်းကြိုက်လို့စားမယ်ဆိုရင်တော့ အရေအတွက် သတ်မှတ်ပြီး စားသင့်ပါတယ်။ စားပြီးပြီးချင်း သွားတိုက်ဖို့တော့ မမေ့နဲ့နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။