backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dental Erosion (သွားကြွေလွာများဆုံးရှုံးသွားခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Dental Erosion (သွားကြွေလွာများဆုံးရှုံးသွားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) ကဘာလဲ။

အက်စစ်ကြောင့် သွားကြွေလွှာပျက်စီးဆုံးရှူံးသွားခြင်း ဖြစ်ပါတယ်။ သွားကြွေလွှာက အောက်မှာရှိတဲ့ ကျစ်လျစ်သိပ်သည်းတဲ့တစ်ရှူးအထိမခံတဲ့တစ်ရှူးကို ကာကွယ်ပေးထားတဲ့ သွားရဲ့မာကျောတဲ့အကာအကွယ်တစ်ခု ဖြစ်ပါတယ်။ သွားကြွေလွှာပျက်စီးသွားတဲ့အခါမှာ အောက်ခံတစ်ရှူးပေလာပြီး နာကျင်မှုနဲ့အထိမခံနိုငမှုကို ဖြ်စ်စေပါတယ်။

Dental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွားကြွေလွှာပျက်စီးခြင်းက သွားအခေါင်းပေါက်တွေဖြစ်ပြီး သွားမျက်နှာပြင်နဲ့သွားစွယ်တွေ ပျက်စီးသွားခြင်းဖြ်စ်ပါတယ်။ သွားကြွေလွှာထက်ပိုပြီး အရောင်ရင့်တဲ့ပိုဝါတဲ့အောက်ခံတစ်ရှူးပေါ်လာပါတယ်။

အောက်ခံတစ်ရှူးက အထိမခံဖြစ်တာကြောင့် အအေးနဲပအပူဒါမှမဟုတ် အချဉ်ဓါတ်ပါတဲ့အစားအသောက်တွေကို ပိုပြီးခံစားရနိုင်ပါတယ်။

တွေ့ရများတဲ့လက္ခဏာတွေကတော့

  • အထိမခံနိုင်ဖြစ်ခြင်း – သကြားလုံးများ အပူအအေးတွေက သွားကြွေလွှာပျက်စီးခြင်း အစောပိုင်းအဆင့်မျာ ခေတ္တခဏစူးအောင့်ခြင်းကို ဖြစ်စေပါတယ်။
  • အရောင်ပြောင်းသွားခြင်း- သွားကြွေလွှာ့ပျက်စီးပြိး အောက်ခံတစ်ရှူးတွေ ပေါ်လြာခ်ငးက သွားတွေကိုဝါစေပါတယ်။
  • သွားအက်ခြင်းပဲ့ထွက်ခြင်း- သွားအစွန်းတွေက ပိုကြမ်းတမ်းပြီး မညီမညာဖြစ်လာပါတယ်။
  • ပြင်းပြင်းထန်ထန်နာကျင်ခြင်း – သွားကြွေလွှာပျက်စီးခြင်းနောက်ပိုင်းအဆင့်တွေမှာ သွားက အပူချိန်နဲ့သကြားလုံးအချိုတွေကို ပိုပြီးအထိမခံနိုင်ဖြစ်လာပါတယ်။ အသက်ရှူထုတ်လိုက်တဲ့အခါမှာ ရုတ်တရက်နာကျင်သွားုနိင်ပါတယ်။
  • သွားမျက်နှာပြင်ပေါ်တွင် ပိန့်ချိုင့်များဖြစ်ပေါ်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အက်စစ်က အပေါ်ယံကြွေလွှာကို တိုက်စားသွားခြင်းကြောင့် ဖြစ်ပါတယ်။ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

  • အချိုရည်သောက်လွန်းခြင်း ( ဖော့ဖိုရစ်နဲ့ဆစ်ထရစ်အက်ဆစ်များခြင်း)
  • သစ်သီးဖျော်ရည်များ( သစ်သီးဖျော်ရည်တွေမှာပါတဲ့ အက်ဆစ်အချို့က ဘတ်တရီအက်ဆစ်ထက် ပိုပြင်းပါတယ်။ )
  • အာခြောက်ခြင်း၊ တံတွေးထွက်နည်းခြင်း(
  • အစားအစာ( သကြားကစီဓါတ်များခြင်း)
  • စားချဥံ်ပြန်ရောဂါ
  • အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
  • ဆေးများ( အက်စပရင၊ အန်တီဟစ်တမင်း)
  • မျိုးရိုးဗီဇ ( မျုးရိုးလိုက်တဲ့ရောဂါများ)
  • ပတ်ဝန်းကျင်ဆိုင်ရာများ( ပွတ်တိုက်ခြင်း၊ ပျက်စီးခြ်င၊ ဖိအားနဲ့ တိုက်စားခြင်း)ဒီအခြေအနေတွေပေါင်းစပ်ခြင်းက သွားမျက်နှာပြင်ပျက်စီးခြင်းကို ဖြစ်စနေိုင်ပါတယ်။ ဒီဖြစ်စဉ်ကိုဖော်ပြဖို့အတွက် ဆေးဘက်ဆိုင်ရာဝေါဟာရတွေကို ပိုသုံးရပါတယ်။
  • တစစအားလျော့ဆုတ်ယုတ်ခြင်း – အိပ်နေစဉ် သွားကျိတ်ခြင်းကြောင့် ဖြစ်တဲ့သွားအချင်းချင်းပွတ်တိုက်ြခ်ငး
  • ပြဲဆုတ်ခြင်း – မာလွန်းတဲ့အရာနဲ့သွားတိုက်ခြင်း၊ တံစဉ်းကြိုးအသုံးမသင့်ခြင်း၊ မာတဲ့အရာများကိုကိုက်ခြင်း ( လက်သည်း၊ ပုလင်းဖုံး၊ ပင်န်) ၊ ဆေးရွက်ကြီးဝါးခြ်ငးတွေကြောင့်ဖြစ်တဲ့ သွားမျက်နှာပြင်ပျက်စီးသွားခြင်း
  • ဖိအား – သွားကွေးရာမှာဖြစ်လာတဲ့အက်ရာများ ကဲံသို့သော ဖိအားကြောင့်အက်ရာများဖြစ်ခြင်း
  • သွားတိုက်စားခြင်း – အက်စပရင်၊ ဗီတာမင်စီ၊ အချဉ်ဓါတ်များတဲ့အစားအစာများ၊ စားချဉ့်ပြန်ရောဂါ၊ အရက်သောက်ခြင်းကနေမကြာခဏအန်ခြင်း တွေနှင့်အတူ အက်ဆစ်ကသွားမျက်နှာပြင်ကို တိုက်စားသွားတာကြောင့်ြဖ်စပါတယ်။

ဖြစ်နိုင်ခြေများ

Dental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သွားကြွေလွှာပျက်စိးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • သွားပေါက်တဲ့နေရာ- (အံသွား၊ အံသွားအရှေ့သွား) အနောက်ဘက်ရှိသွားတွေမှာ ပျက်စီးခြင်းပိုများပါတယ်။
  • အချို့သောအစားအသောက်များ နို့၊ ေရေခဲမုန့်၊ ပျားရည်၊ သကြား၊ ဆိုဒါ၊ သစ်သီးခြောက်၊ ကိတ်၊ ကွတ်ကီး၊ သကြားလုံး၊ ပင်စိမ်း၊ ကောက်နှံခြောက်၊ သရေစာများစတာတွေကို အကြာကြီးသွားကိုကပ်တွယ်ထားနိုငတဲ့ အစားအစာတွေက တံတွေးနဲ့အလွယ်တကူပါသွားတဲ့အစားအစာတွေထက် ပိုပြီးပျက်စီးနိုငစေပါတယ်။
  • သရေစာမကြာခဏစားခြင်း ငုံစုပ်သောက်ခြင်း
  • ကလေးများအိပ်ရာဝင်ချိန်အစားစားခြင်း
  • သွားပုံမှန်မတိုက်ြခ်ငး
  • အသက်ကြီးသူများ အသက်ငယ်သူများ
  • အာခြောက်ခြင်း
  • သွားစက်များထည့်ခြင်း၊ သွားဖာခြင်း
  • အစားအသောက်ပြဿနာ
  • ရင်ပူခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွားဆရာဝန်က သွားပျက်စီးခြင်းကို လွယ်လွယ်ကူကူအဖြေရှာနိုင်ပါတယ်။

  • သွားကိုက်ခြင်းအထိမခံနိုင်ဖြစ်ခြင်းနဲ့ပတ်သက်ပြီး မေးမြန်းခြ်ငး
  • သွားနဲ့ခံတွင်းကို စစ်ဆေးခြင်း
  • နူးညံ့တဲ့နေရာတွေကို စမ်းသပ်စစ်ဆေးဖို့ သွားကိရိယာနဲ့ ထောင်မတ်စေခြင်း
  • ပျက်စီးမှုနဲ့အခေါင်းပေါက်ပမာဏကို ပြတဲ့သွားဓါတ်မှန်ကိုကြည့်ခြင်း

Dental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) ကို ဘယ်လိုကုသပါသလဲ

သွားကြွေလွှာပျက်စီးခြင်းက အမြဲကုသဖို့မလိုအပ်ပါဘူး။ ပုံမှန်စစ်ဆေးခြင်းနဲ့အကြံဉာဏ်ယူခြင်းက အခြေနေကိုပိုမဆိုးအောင်နဲ့ ထပ်ပြီးကြွေလွှာပျက်စိးခြင်းကနေ ကာကွယ်ပေးပါတယ်။ သွားကိုကုသဖို့လိုမယဆိုရင ်သွားကြွေလွှာနဲ့အောက်ခံတစ်ရှူး

ကိုကာကွယ်ထားဖို့ အရေးကြီးပါတယ်။

ကုသမှုက ပြဿနာပေါ်မူတည်ပါတယ်။ သွားဖာလိုက်ခြင်းက ပြုပြင်ဖို့အတွက်လုံလောက်ပါတယ်။ ပိုပြင်းထန်တဲ့အခြေအနေတွက်ဆိုရင်တော့ အစွပ်စွပ်ထားဖို့လိုပါတယ်။ အစွပ်က သွားကိုနောက်ထပ်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွားကြွေလွာများဆုံးရှူံသွားခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွားကြွေလွာများဆုံးရှူံသွားခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကာဗွန်ပါဝင်တဲ့ဆိုဒါ၊ လီမွန်။ နဲ့အခြားအချဉ်သီးတွေ ဖျော်ရည်တွေကဲ့သို့သော အက်ဆစ်များစွာပါတဲ့အစားအသောက်များကို ရှောင်ပါ။ သွားကို အက်စစပ်ါတဲ့အစာအရည်တွေ စားပြိးသောက်ပြီးတိုင်း ရေသန့်နဲ့ချက်ချင်းကျင်းပစ်ပါ။

အက်စစ်ပါတဲ့အရည်တွေကို သောက်တဲ့အခါမှာ ပိုက်ကိုအသုံးပြုပါ။ ပိုက်က အရည်တွေကိုခံတွင်းနောက်ဘက်ကို ပို့ပေးပြီး သွားနဲ့အရည်ထိခြင်းကို မဖြစ်စေနိုင်ပါဘူး။

သရေစာစားခြင်းကိုထိန်းပါ။ သရေစာတစ်နေ့လုံးစားခြင်းက သွားပျက်စီးနိုင်ချေကိုများစေပါတယ်။ ပါးစပ်က သကြားနဲ့ကစီဓါတ်တွေများတဲ့အစာတွေကို စားပြီးနောက်နာရီအနည်းငယ်အတွင်းမှာ ချဉ်သွားပါတယ်။ သင့်သွားကိုတိုက်ဖို့နဲ့ ခံတွင်းကျင်းဖို့မဖြစ်နိုင်ဘူးဆိုရင် သရေစာတွေကိုရှောင်ပါ။

အစားမစားခင် သကြားမပါတဲ့ချူးရင်းဂမ်များ ဝါးပါ။ ချုးရင်းဂမ်ဝါးခြင်းက သာမန်ထက်တံထွေးကို ၁၀အထိများစေပါတယ်။ တံထွေးက အခြားအရေးကြီးတဲ့သတ္တုဓါ်တွေနဲအတူ သွားကိုခိုင်မာစေပါတယ်။ ဇိုင်လီတောပါဝင်တဲ့ သကြားမပါတဲ့ဂမ်ကိုရွေးချယ်ပြိး အချိုယမကာတွေနဲ့အစားအသောက်တွေကထွက်တဲ့ အက်ဆစ်တွေကိုလျှော့ချပေးနိုင်ပါတယ်။

တံထွေးအထွက်နည်းနေရင်အာခြောက်နေရင် တစ်နေ့လုံးရေသောက်ပါ။

ဖလိုရိုက်သွားတိုက်ဆေးကို အသုံးပြုပါ။ ဖလိုရိုက်က သွားတွေကိုခိုင်မာစေပြီး သွားတိုက်ဆေးအညွှန်းမှာ ဖလိုရိုက်ပါမပါကြည့်သင့်ပါတယ်။

ချိပ်ပိတ်ပစ္စည်းတွေက သွားကြွေလွှာပျက်စီးခြင်းကိုကာကွယ်ရာမှာ အကူအညီပေးနိုင်တယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement