အရိုးအစားထိုးကုသပစ္စည်းကို ကြက်ဥခွံကနေ ထုတ်လုပ်ဖန်တီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

အရိုးအစားထိုးကုသတဲ့ပစ္စည်းထုတ်လုပ်ရာမှာ စွန့်ပစ်ကြတဲ့ ကြက်ဥအခွံကနေ ဖန်တီးတဲ့နည်းလမ်းကို အိန္ဒိယသုတေသီတွေကတွေ့ရှိခဲ့ပါတယ်။

သုတေသီတွေက I-tricalcium phosphate (I-TCP) လို အရိုးအစားထိုးပစ္စည်းတွေကို အဆိပ်အတောက်ရှိတဲ့ဓါတုပစ္စည်းတွေ မသုံးဘဲ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတာပါ။

ကြက်ဥခွံဟာ သတ္တုဓါတ်ပါတဲ့ကယ်လ်စီယမ် အများဆုံး(၉၅.၁ ရာခိုင်နှုန်း) ပါဝင်တဲ့အပြင် ပရိုတင်းနဲ့ရေဓါတ်အနည်းငယ်လည်းပါဝင်ပါတယ်။

အရိုးပျက်စီးမှုတွေကိုကုသဖို့ အရိုးဆက်အစားထိုးပစ္စည်းတွေသုံးခဲ့တာ ကြာပါပြီ။ ကြက်ဥခွံကရတဲ့ ကယ်လ်စီယမ်ကိုညောင်ပင်ရဲ့အစေးနဲ့ပေါင်းစပ်ပြီး အရိုးအစားထိုးပစ္စည်းဖန်တီးပါတယ်။

ကနေ့ခေတ်ဆေးပညာမှာ လူနာ သို့မဟုတ် အလှူရှင်ဆီက အရိုးကိုPlaster of Paris လို ကယ်လ်စီယမ်ပါဝင်တဲ့ အတုပစ္စည်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရိုးတွေကို အစားထိုးကုသပါတယ်။

နောက်ပိုင်းတော့hydroxyapatite နဲ့calcium phosphate တို့လိုဖော့စဖိတ်ဒြပ်ပေါင်းတွေကို သုံးကြပါတယ်။

၁၆၆၈ ခုနှစ်မှာ ဒတ်ခ်ျလူမျိုးဆရာဝန်Van Meek’ren က အစောဆုံးမှတ်တမ်းဝင် အရိုးအစားထိုးကုသမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးကတည်းက အရိုးအစားထိုးကုသမှုပေါင်း ၅၀ကျော်ကို စမ်းသပ်ကုသခဲ့ပြီးဖြစ်ပါတယ်။

ဒီလေ့လာမှုကို Indian Institute of Technology (IIT)၊National institute of Technology တို့မှ သုတေသီတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့တွေ့ရှိချက်ရလဒ်ကို ၂၀၁၉ မတ်လထုတ်Ceramics Internationalဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

ဓါတုပစ္စည်းတွေသုံးပြီး အစားထိုးကုသမှုအတုပစ္စည်းတွေပြုလုပ်ရာမှာတွေဝေနေရတာတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြီးအပြတ်မဖယ်ရှားနိုင်ရင် အဆိပ်အတောက်ဖြစ်စေနိုင်မယ့် ဓါတုအကြွင်းအကျန်တွေရှိနေတတ်တာကြောင့်ပါ။ ဥပမာI-tricalcium phosphate (I-TCP) ကိုပြုလုပ်တဲ့အခါ နိုက်ထရိတ်ဒြပ်ပေါင်းတွေသုံးပြီးပေါင်းစပ်ဖန်တီးရတယ်။ အကြွင်းအကျန်တွေရှိမယ်ဆိုရင် အန္တရာယ်ရှိတယ် လို့ သုတေသီတစ်ဦးကပြောပါတယ်။

ကြက်ဥခွံကနေပြုလုပ်တဲ့ ဇီဝပစ္စည်းကဆိုရင် သူ့မှာသဘာဝအလျောက်ပါပြီးသား ဇီဝပစ္စည်းတွေ၊ionတွေရှိနေတာကြောင့် တခြားအတုပစ္စည်းတွေထက် ပိုဘေးကင်းတယ်။နောက်ပြီး အကုန်အကျသက်သာတယ်။ ကမ္ဘာတလွှားမှာ စွန့်ပစ်နေကြတဲ့ ကြက်ဥခွံပေါင်း တန်ချိန်သန်းပေါင်းများစွာရှိနေတော့ အရေအတွက်ကလည်း အကန့်အသတ်မရှိ ရနိုင်တယ် လို့ သုတေသီတွေက ဆိုပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ

နာကျင်တာ၊ အရိုးပွရောဂါ၊ တင်ပါးဆုံရိုးကျိုး၊ အရိုးကျန်းမာရေး၊ စားပါနို့ထွက်ပစ္စည်းတွေ၊ ငါးတွေ၊ ဗီတာမင် D၊ ကယ်လ်စီယမ်၊ Omega-3 fatty acids ၊ ဆား၊ ကဖင်းဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဒီအချက်တွေ သိပြီးသွားပြီလား

ကျန်းမာရေးနဲ့ မညီဘဲ စိတ်ဖိစီးမှုတွေ ဖြစ်စေတဲ့ ဟော်မုန်းတွေကို စာဖတ်ခြင်းက လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ ရစရာတွေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆယ်ကျော်သက် တိုင်း စားသင့်တဲ့ အစားအစာ (၇) မျိုး

ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ကို အာဟာရ ပြည့်ဝစွာ ကျွေးမှ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးမှာပါ။ ဆယ်ကျော်သက်တွေကို အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နာတာရှည်နာကျင်မှုအပေါင်း သက်သာစေကြောင်း

အာဟာရပြည့်ဝပြီး ကျန်းမာအောင် စားသုံးမှုက နာတာရှည် အဆစ် နာကျင်တာနဲ့ ကြွက်သား နာကျင်တာတွေကို သက်သာစေပါတယ်။ အဆစ်နာတာ သက်သာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read
ဘေဘီလေး သွေးအားမနည်းစေဖို့ ဘာတွေ ပြင်ဆင်ကျွေးမွေးမလဲ။

ဘေဘီလေး သွေးအားမနည်းစေဖို့ ဘာတွေ ပြင်ဆင်ကျွေးမွေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 1 min read

အသားစိမ်းတွေကိုတာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2020 . 2 mins read
https://www.shutterstock.com/image-photo/products-sports-nutrition-rich-proteins-carbohydrates-461418997

ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 2 mins read