ထပ်ဆင့်ပင်ကိုယ်လက္ခဏာများ
- ဆီးခုံမွေးနည်းခြင်း၊ မရှိခြင်း၊ တခါတရံ ချိုင်းမွေးမရှိခြင်း ဖြစ်တတ်ပါတယ်။
- တက်စတိုစတီရုန်းဟာ အီစထရိုဂျင်အနေနဲ့ ပြောင်းသွားတာမို့ ရင်သားများ ဖွံ့ဖြိုးပါတယ်
အခြားရုပ်ပိုင်းလက္ခဏာများ
- ဝက်ခြံမထွက်ခြင်း
- သွားများကြီးခြင်း
- ခြေဆန်လက်ဆန်ရှည်လျားခြင်း
- ဓမ္မတာမလာခြင်း
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
အကြောင်းရင်းများ
Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဖြစ်ပွားနိုင်တဲ့အကြောင်းတချို့ကတော့ အမေကနေ ကလေးဆီ ဆင်းသက်တဲ့ ဗီဇချို့ယွင်းမှုကြောင့် ဖြစ်တတ်ပါတယ်။
- ဗီဇအရ ယောက်ျားလေးဖြစ်နေပေမယ့် ကိုယ်ခန္ဓါဟာ ကျားဟော်မုန်းကို တုံ့ပြန်မှုမရှိတာကြောင့် ကျားအင်္ဂါများ ပုံမှန်အတိုင်း ဖွံ့ဖြိုးခြင်းမရှိပါဘူး။
- ဆိုလိုတာကတော့ ကျားလိင်တံ မဖြစ်ပေါ်ခြင်း၊ ဖွံ့ဖြိုးမှုမရှိခြင်း မဟုတ်ပါဘူး။ လိင်အင်္ဂါဟာ အမျိုးသမီး၊ ဒါမှမဟုတ် အမျိုးသားနဲ့ အမျိုးသမီးကြား ဖြစ်နေတတ်ပြီး သားအိမ် မျိုးဥအိမ်မပါခြင်း၊ ဝှေးစေ့ မဆင်းခြင်း စတာတွေ တွေ့ရတတ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းနဲ့ အောက်ပါစစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။
- သွေးစစ်ဆေးခြင်း
- ပုံရိပ်ဖော်စစ်ဆေးခြင်း (တင်ဆုံရိုးကွင်းအတွင်း အာထရာဆောင်းရိုက်ပြီး အမျိုးသမီး မျိုးပွားအင်္ဂါတွေ ရှိမရှိ အတည်ပြုနိုင်ပါတယ်)
- မျိုးရိုးဗီဇစစ်ဆေးခြင်း။ ခရိုမိုဆုမ်းစစ်ဆေးနည်းနဲ့ သိနိုင်ပါတယ်။
- မျိုးရိုးဗီဇဆက်ကြောင်းဖော်စစ်ဆေးခြင်း။ အင်ဒရိုဂျင်လက်ခံဗီဇ ရှိမရှိ စစ်ဆေးပြီး ဗီဇချို့ယွင်းမှု ရှိမရှိ သိနိုင်ပါတယ်။
- မွေးဖွားခြင်းမတိုင်မီ စစ်ဆေးခြင်း။ AIS ရောဂါ ဖြစ်ပွားဖူးတဲ့ မိသားစုရာဇဝင်ရှိရင် စစ်ဆေးသင့်ပါတယ်။ ဆဲလ်နမူနာယူပြီး ဗီဇစစ်ဆေးနိုင်ပါတယ်။
Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) ကို ဘယ်လိုကုသပါသလဲ
ပျောက်ကင်းအောင်ကုသနိုင်ခြင်း မရှိပေမယ့် AIS ရောဂါရှိသူတွေကို ကျန်းမာပြီး သက်တမ်းစေ့နေနိုင်စေတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်
- ကျား/မ သတ်မှတ်ခြင်း
- ဟော်မုန်းအစားထိုးခြင်း
- မျိုးဥအိမ်ခွဲစိတ်ထုတ်ခြင်း
- မအင်္ဂါလမ်းကြောင်းချဲ့ခြင်း
- ပြန်လည်ပြုပြင်ခွဲစိတ်ခြင်း (အမျိုးသမီးအဖြစ် ခံယူလိုသူများအတွက် တခြားနည်းလမ်းကတော့ မိန်းမကိုယ် ခွဲစိတ်ပြုပြင်ခြင်း ဖြစ်ပါတယ်။ အပြင်ပိုင်းလိင်အင်္ဂါရဲ့ အရေပြားတစ်သျှူးကို သုံးပြပီး မိန်းမကိုယ်ကို ပြုပြင်ခွဲစိတ်နိုင်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။