backup og meta

ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ

    ယောကျာ်းလေး တော်တော်များများ လက်မောင်း ကြွက်သား၊ ရင်အုပ် ကြွက်သားတွေ ထွက်လာတာကို သဘောကျ နှစ်ခြိုက်ကြပါတယ်။ ဒီလိုမျိုး ကြွက်သားတွေ ဖြစ်လာဖို့ကိုလည်း တချို့တွေကတော့ gym မှာ သွားဆော့ကြသလို အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဆော့ဆော့ ကြွက်သားတွေ အမြန် ထွက်လာအောင် လုပ်လို့ ရမယ့် နည်းလမ်းတွေ ထဲမှာ အစားအစာတွေ စားပေးလို့ ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ စားပေးရမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ …..

    ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ

    ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ ဆိုတော့

  • ကြက်ဥ
  • ကြက်ဥ စားရင် အားရှိတယ် ဆိုတာ သိထားပြီး ဖြစ်မှာပါနော်။ ကြက်ဥ စားသုံးတာက ကိုလက်စထရောတွေကို ထိန်းညှိထားပေးပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ ကြက်ဥဟာ ကျန်းမာရေး အတွက်ကောင်းမွန်တဲ့ အစားအစာ ဖြစ်ပြီး အထူးသဖြင့်တော့ ကြွက်သားတွေ တည်ဆောက်ရာမှာ ပိုပြီး အားကောင်းစေတာပါ။ ကြက်ဥမှာ ပါဝင်တဲ့ ကိုလက်စထရောဟာ ကြွက်သားတွေ တည်ဆောက်ဖို့ အားပေးတာကြောင့် များများ စားပေးသင့်ပါတယ်။

    • အစေ့အဆန်

    အစေ့အဆန်လေးတွေကလည်း ကြွက်သားတွေ မြန်မြန် ထွက်လာစေဖို့ အကူအညီပေးပါတယ်။ ဗာဒံစေ့ (၁) အောင်စမှာ (၁၅၀) ကယ်လိုရီ ပါဝင်ပါတယ်။ ဗာဒံစေ့မှာ ပါဝင်တဲ့ ပရိုတင်း၊ အဆီဓာတ်နဲ့ အမျှင်ဓာတ်တွေဟာ ကြွက်သားတွေ သန်မာတောင့်တင်းလာဖို့ အထောက်အကူပြုပါတယ်။

    • ပရိုတင်း Shake
    ပရိုတင်း ပါဝင်တဲ့ Shakeတွေဟာ ကြွက်သားတွေ သန်မာလာစေဖို့ အထောက်အကူ ပြုပါတယ်။ Shake ထဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေဟာ ကြွက်သားတွေ ထွက်လာဖို့အတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရတွေ ပါပဲ။ တက္ကသိုလ်တွေရဲ့ သုတေသန ပြုလုပ်ချက်တွေ အရတော့ ပရိုတင်း shake မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေကို သိုလှောင်ထားနိုင်ပြီး ကြွက်သားတွေ သန်မာစေဖို့အတွက် သွေးစီးဆင်း လည်ပတ်မှုကို ပုံမှန် ဖြစ်စေတယ်လို့ ဆိုထားပါတယ်။လေ့ကျင့်ခန်းတွေ လုပ်ပြီးရင်တော့ အနည်းဆုံး တခွက်လောက် သောက်ပေးနော်။
    • ဆော်လမွန်ငါး
    ဆော်လမွန်ငါးမှာ ပရိုတင်း၊ EPA နဲ့ DHA လိုမျိုး အိုမီဂါ ၃တွေလည်း ပါဝင်တာကြောင့် နှလုံး ကျန်းမာရေးကို တိုးတက်စေတဲ့ အပြင် ကြွက်သားတွေ ကောင်းမွန်စွာ ဖွံ့ဖြိုးလာဖို့လည်း အထောက်အကူ ပြုပါတယ်။ ဆော်လမွန်ငါး မစားဖြစ်ဘူး ဆိုရင်လည်း အိုမီဂါ ၃ ပါဝင်တဲ့ အစားအစာတွေတော့ စားဖို့ လိုပါတယ်။
  • အမဲသား
  • အမဲသားကတော့ ကြွက်သားတွေ လျင်လျင်မြန်မြန် ထွက်လာဖို့အတွက် အကောင်းဆုံး အစားအစာတွေထဲက နံပါတ်တစ် အစားအစာပါ။ အမဲသားမှာ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီလိုမျိုး လိုအပ်တဲ့ ပရိုတင်းတွေ ပါဝင်တာကြောင့်ပါ။နောက်ထပ်တစ်ခုကတော့ အမဲသားက testosterone ပမာဏကို မြှင့်တင်ပေးတာမို့  ကြွက်သားတွေ တည်ဆောက်ရာမှာလည်း အတော်လေးကို အထောက်အကူပြုပါတယ်။
    gym မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် workout လုပ်တဲ့ ကိုကိုတွေ၊မောင်လေးတွေအနေနဲ့ ကြွက်သားတွေ လျင်လျင်မြန်မြန် ထွက်လာချင်တယ်ဆိုရင်တော့ အပေါ်မှာဖော်ပြထားတဲ့ အစားအစာတွေကို မမေ့မလျော့ စားပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement