ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 12, 2020 . 2 mins read
Share now

အမျိုးသားအများစုဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ဂလင်းတွေ ကြီးလာတဲ့ပြဿနာနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ မတူဘဲ ဆီးကျိတ်ကြီးနေတဲ့ ရောဂါကို Benign Prostatic Hyperplasia (BPH) – ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်းလို့ ခေါ်ပါတယ်။

ဆီးအိမ်ရဲ့ အောက်နားမှာရှိနေတဲ့ ဆီးကျိတ်ဂလင်းက ကြီးလာတာနဲ့အမျှ ဆီးစွန့်ပြွန်ကနေ ထွက်လာတဲ့ ဆီးတွေကို ပိတ်ဆို့လိုက်ပါတယ်။ ဒီအခါမှာ ဆီးသွားရတာ အဓိကပြဿနာဖြစ်လာပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ဟော်မုန်းမျှခြေ မငြိမ်တော့တာ၊ ဟော်မုန်းအပြောင်းအလဲများလာတာဟာ ဆီးကျိတ်ကြီးစေတဲ့ အဓိကတရားခံဖြစ်ပါတယ်။ အမြန်ဆုံး ကုသမှုခံယူမှသာ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကာကွယ်ပေးနိုင်မှာပါ။

ဆီးကျိတ်ကြီးနေပြီလားဆိုတာကို ဘယ်လိုစစ်ဆေးကြမလဲ။

အဓိက ဆီးလမ်းကြောင်းနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် ဆီးသွားနေတဲ့အချိန်၊ သုက်လွှတ်တဲ့အချိန်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာကို တွေ့လာမှာပါ။ ဒီပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေမှာ

၁။ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်တာ

ရေအများကြီးသောက်ရင်တော့ ဆီးသွားချင်တာ သဘာဝပါပဲ။ အဲ့လိုမဟုတ်ဘဲ ရေကိုလည်း ပုံမှန်သောက်တယ်၊ ခဏခဏလည်း ဆီးကသွားချင်နေတယ်၊ အထူးသဖြင့် ညဘက်တွေမှာ ထပြီး ဆီးသွားတဲ့အကြိမ်ရေများလာပြီဆိုရင်တော့ ဆီးကျိတ်ကြီးလာတာကြောင့် ဖြစ်နိုင်ပါတယ်။ တစ်နေ့ကို ၈ကြိမ်ထက် မက ဆီးသွားတတ်ပြီး ဆီးသွားချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်မရတာကြောင့် ဆီးထွက်ကျတာ၊ ဆီးမအောင့်နိုင်တာမျိုးပါ ဖြစ်နိုင်ပါတယ်။

၂။ ဆီးသွားရခက်ခဲတာ

ဆီးကျိတ်က ကြီးနေတဲ့အခါ ဆီးစွန့်ပြွန်ကို ဖိအားသက်ရောက်တဲ့အတွက် ဆီးအိမ်မှ လိင်တံတွင်း ဆီးသွားနှုန်းက ပိတ်သွားပါတယ်။ ဒီအခါမှာ ဆီးသွားရခက်သွားတယ်၊ ဆီးသွားပြီးရင်လည်း ဆီးအကုန်မထွက်သွားဘဲ အထဲမှာ ဆီးကျန်သလို ဖြစ်နေတတ်တယ် ဒါမှမဟုတ် ဆီးက တစ်စက် တစ်စက်နဲ့ ကျနေသေးတာမျိုး ဖြစ်တတ်ပါတယ်။

၃။ ဆီးသွားနေစဉ်၊ သုက်လွှတ်နေစဉ် နာကျင်ခြင်း

ဆီးသွားဖို့ အခက်အခဲဖြစ်ရုံသာမက သုက်လွှတ်နေစဉ်မှာ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ သုက်ပို့ပြွန်အတွင်း ပိုးကူးစက်ခံရတာ ဖြစ်နိုင်သလို ဆီးကျိတ်ကြီးခြင်းရဲ့ နောက်ဆက်တွဲဝေဒနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၄။ ဆီးထဲ သွေးပါလာတာ

ဆီးသွားနေစဉ် သွေး သို့မဟုတ် အရောင်နက်နက် ဖြစ်နေတာ၊ ပုံမှန်မဟုတ်တဲ့ အနံ့တစ်မျိုးရနေတာတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဆီးကျိတ်ကြီးလာတဲ့အခါ သွေးကြောတွေ ပိုကျယ်သွားတဲ့အတွက် ဆီးထဲ သွေးပါလာတတ်ပါတယ်။

၅။ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း

ဆီးသွားဖို့ အခက်အခဲဖြစ်တာမဟုတ်ဘဲ လုံးဝသွားမရအောင် ဆီးလမ်းကြောင်း ပိတ်သွားတဲ့အခြေအနေမျိုးမှာ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို သေချာစစ်ဆေးမှုပြုလုပ်ပြီး ဆီးအိမ်ကနေ ဆီးစွန့်ထုတ်ဖို့ ပိုက်တစ်မျိုးထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဆီးကျိတ်က ဘယ်လောက်ကြီးနေလဲဆိုတာပေါ် မူတည်ပြီး လိုအပ်ရင် ခွဲစိတ်ကုသမှု ခံယူရမှာပါ။

၆။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးကို ကုန်စင်တဲ့အထိ သွားလို့မရဘူးဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တတ်ပါတယ်။ ဆီးအိမ်ထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားလာတဲ့ အကြောင်းရင်းကြောင့် ဆီးလမ်းကြောင်း ပိုးဝင်သွားတဲ့အပြင် ဆီးမှ မကောင်းတဲ့အနံ့ဆိုးထွက်နေတာ၊ သွေးပါလာတတ်ပါတယ်။

၇။ ဆီးအိမ်အတွင်း ကျောက်တည်ခြင်း

ဆီးကျိတ်ကြီးတာကို သိနိုင်မယ့် နောက်ထပ် လက္ခဏာတစ်ခုကတော့ ဆီးအိမ်အတွင်း ကျောက်တည်နေတာပါပဲ။ ဆီးအိမ်အတွင်း ပြည့်နေတဲ့ ဆီးအနည်တွေ ကြာလာတဲ့အခါ မာသွားပြီး ကျောက်လိုမျိုး အမာခဲလေးတွေ ဖြစ်လာပါတယ်။ ဆီးအိမ်အတွင်းမှာ ကျောက်တည်တဲ့အခါ ပိုးဝင်တာ၊ ဆီးထဲ သွေးပါလာတာ၊ ဆီးအိမ်က ယားယံသလို ခံစားရတာ၊ ဆီးသွားနေစဉ် တစ်ဆို့ဆို့ကြီး ဖြစ်တာ အစရှိတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၈။ ဆီးအိမ်၊ ကျောက်ကပ်ပျက်စီးလာမယ်

ဆီးအိမ်အတွင်း ဆီးတွေ ကျန်နေတာကြာလာရင် တဖြည်းဖြည်း ကျုံ့ပြီးအားနည်းလာမယ်။ ဆီးအိမ်ရဲ့ ကြွက်သားနံရံတွေမှာ သဘာဝအတိုင်း ချုံ့နိုင်၊ ဆန့်နိုင်ခြင်း နည်းသွားပြီး ဆီးသွားဖို့ ပိုပြီးအခက်အခဲဖြစ်လာမယ်။ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် ဆီးအိမ်မှာ ဖိအားတွေ သက်ရောက်ပြီး နောက်ဆက်တွဲ ကျောက်ကပ်ပါ ထိခိုက်ပျက်စီးလာမယ်။ ဆီးအိမ်ကနေ အစတည်လာခဲ့တဲ့ ရောဂါပိုးတွေဟာ ကျောက်ကပ်အထိပါ ဝင်ရောက်လာပြီး ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။

အပေါ်မှာ ပြထားတဲ့ ဆီးကျိတ်ကြီးခြင်း လက္ခဏာတွေ တွေ့နေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ ကျန်းမာရေးမှတ်တမ်းအပြင် တခြားလိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ပြီး ရောဂါရှိကြောင်း အတည်ပြုပြီးမှသာ ဆရာဝန်အနေနဲ့ ဘယ်လိုကုသမှုတွေ လုပ်ပေးနိုင်မလဲ၊ ခွဲစိတ်ဖို့ လိုအပ်လားဆိုတာကို အကြံပေးပါလိမ့်မယ်။

ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဖြစ်တဲ့အတွက် ပျောက်ကင်းသက်သာဖို့ အခွင့်အလမ်းကတော့ ပိုပြီးများနိုင်ပါတယ်။ ဆရာဝန်နဲ့မပြခင်မှာ တစ်နေ့အတွင်း ကိုယ့်ရဲ့ ဆီးသွားတဲ့အကြိမ်ရေကို သေချာမှတ်ထားဖို့နဲ့ သောက်နေတဲ့ ဆေးဝါးတွေအကြောင်း အကုန်အစင် ပြောပြဖို့လည်း အရေးကြီးပါတယ်။ အပ်နဲ့ ထွင်းရမယ့်ပြဿနာ ပုဆိန်နဲ့ မပေါက်ရလေအောင် စောစီးစွာ ကုသမှုခံယူရင် အဆင်ပြေသွားပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကဖိန်းဓာတ်လွန်ကဲခြင်း၏ အကျိုးအပြစ်များ

ကဖိန်းဓာတ်လွန်ကဲခြင်း အကျိုးအပြစ်များ လက်ဖက်ရည် ကဖိန်းဓာတ် နှလုံးခုန်မြန်ခြင်း ပင်ပန်းနွမ်းနွယ်ခြင်း မကြာခဏ ဆီးသွားခြင်း သွေးတိုးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင် စိတ်ဖိစီးတဲ့ စိတ်ဝေဒနာ ခံစားနေရပြီလား

Major Depression ၊ Dysthymia ၊ Atypical Depression ၊ Postpartum Depression ၊ Bipolar Depression ၊ Psychotic Depression ၊ Seasonal Depression/SAD

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဒူးအရွတ်ပြဲခြင်း

ဒူးအရွတ်ပြဲခြင်း အရွတ်တွေ နာကျင်မှုဝေဒနာ ဒူးဆစ်နာကျင်ခြင်း ဒဏ်ရာ ရောင်ရမ်းခြင်း ဓါတ်မှန်ရိုက်ခြင်း ခြေသလုံးရိုး သွေးစီးဆင်းမှု ပတ်တီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

Text Neck Syndrome ဆိုတာဘာလဲ

Text Neck Syndrome၊ Social Media၊ လက်မောင်းနဲ့ ပခုံး လေ့ကျင့်ခန်း၊ ဦးခေါင်းရဲ့ အလေးချိန်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ

ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 30, 2020 . 2 mins read
သွေးလှူ ကြတဲ့ စေတနာရှင်တို့ သိထားသင့်တဲ့ အချက်လေးတွေ

သွေးလှူ ကြတဲ့ စေတနာရှင်တို့ သိထားသင့်တဲ့ အချက်လေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 12, 2020 . 2 mins read
ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 11, 2020 . 1 min read
အမျိုးသမီးများ မကြာခဏဆီးသွားခြင်း

အမျိုးသမီးများ မကြာခဏဆီးသွားခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 5, 2020 . 2 mins read