backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သုက်လွှတ်စောခြင်း (Premature Ejaculation)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သုက်လွှတ်စောခြင်း (Premature Ejaculation)

သုက်လွှတ်စောခြင်း (Premature Ejaculation) ကဘာလဲ။

သုက်လွှတ်စောခြင်း (Premature Ejaculation) ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာ နှိုးဆော်မှုအနည်းငယ်ဖြင့် ဆန္ဒမပြည့်မီ သုက်ထွက်ခြင်းကို ခေါ်ပါသည်။ အမျိုးသားလိင်ပိုင်းဆိုင်ရာလုပ်ငန်းပျက်စီးခြင်း၏ အဖြစ်များသော ပြဿနာ ဖြစ်ပါသည်။

သုက်လွှတ်စောခြင်းကုသမှု တွင် သိသင့်သည့်အချက် ငါးချက်ရှိပါသည်။

သုက်လွှတ်စောခြင်းက ဘယ်လောက်အဖြစ်များသလဲ

လက်ရှိသုတေသနအချက်များအရ အမေရိကန်အမျိုးသားများ၏ ၃၀ ရာခိုင်နှုန်းသည် သုက်လွှတ်စောခြင်းရှိသည်ဟု ညည်းညူကြပါသည်။ အခြားသူများတွင်လည်း သတိမပြုမိဘဲ ဤရောဂါ ရှိနေတတ်ကြပါသည်။

ထပ်မံပြောရသော် သုက်လွှတ်စောခြင်းသည် အလွန်အဖြစ်များသောရောဂါတစ်မျိုး ဖြစ်ပါသည်။ အများစုမှာ ယာယီဖြစ်တတ်ပြီး အဖြစ်များသော ပြဿနာတစ်ခုလည်း ဖြစ်ပါသည်။

သုက်လွှတ်စောခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

လိင်ဆက်ဆံဖော်၏ ကာမစိတ် အထွတ်အထိပ်ကို ရောက်အောင် မပြုလုပ်နိုင်ခင် သုက်ရည်ထွက်ခြင်းကို သုက်လွှတ်မြန်ခြင်းဟုခေါ်ပါသည်။ ထပ်မံပြောရသော် တစ်မိနစ်လောက်သာ ကြာသောအခြေအနေကိုခေါ်ပါသည်။

နှိုးဆွချိန်နှင့် သုက်လွှတ်ချိန်၏ ပျမ်းမျှ ကြာချိန်သည် ငါးမိနစ် မှ ဆယ်မိနစ်အထိ ဖြစ်သည်။ သင်သည် ဤမျှလောက် မကြာပါက သုက်လွှတ်မြန်ခြင်း ခံစားနေရပြီ ဖြစ်သည်။

သုက်လွှတ်စောခြင်းကို ဘာတွေက ဖြစ်စေသလဲ

စိတ်လှုပ်ရှားခြင်းနှင့် စိုးရိမ်ပူပန်ခြင်းသည် သုက်လွှတ်စောခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်း နှစ်ခု ဖြစ်သည်။ လူတစ်ယောက်သည် လက်တွဲဖော်ဖြင့် ပထမဆုံးအကြိမ် လိင်ဆက်ဆံရာတွင် လိုချင်တပ်မက်မှု၊ အရှိန်ကြီးသောမေတ္တာနှင့်အတူ စိတ်လှုပ်ရှားမှုသည်လည်း ဖြစ်ပေါ်လာပါသည်။

အချိန်အတော်ကြာ ရပ်နားပြီးမှ လိင်ဆက်ဆံခြင်း သို့မဟုတ် လက်တွဲဖော် အသစ်နှင့် လိင်ဆက်ဆံခြင်းကလည်း စိတ်လှုပ်ရှားမှုကို ဖြစ်စေပါသည်။ စိုးရိမ်ပူပန်ခြင်းတွင်မူ အကြောင်းရင်းများစွာ ဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ရခြင်းကို ရှောင်ရှားလိုခြင်းနှင့် အလုပ်ကိစ္စစိတ်ဖိစီးမှုများကြောင့် ဖြစ်တတ်ပါသည်။

Multiple sclerosis၊ လိင်တံအလွန်အမင်း အထိမခံနိုင်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနှင့် အခြားအာရုံကြောဆိုင်ရာ ပြဿနာများသည် သုက်လွှတ်စောခြင်းကို ဖြစ်စေနိုင်ပါသည်။

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

သုက်လွှတ်စောခြင်း ကို ဘယ်လိုအတည်ပြုပါသလဲ

လိင်ဆက်ဆံဖက်၏ ကာမစိတ် အထွတ်အထိပ် ကိုရောက်အောင် မပြုလုပ်နိုင်ခင် သုက်ရည်ထွက်ခြင်းကို သုက်လွှတ်မြန်ခြင်းဟုခေါ်သည်။ ထပ်မံပြောရသော် တစ်မိနစ်လောက်သာ ကြာသောအခြေအနေကိုခေါ်ပါသည်။

ဤအခြေအနေဖြစ်နေသောသူများသည် ဆေးပညာဆိုင်ရာအကူအညီရှာဖွေရန် လိုအပ်ပါသည်။ ဆရာဝန်သည် သင်၏ ဆေးမှတ်တမ်းနှင့် လိင်ဆက်ဆံမှု မှတ်တမ်းအကြောင်း ဆွေးနွေးနိုင်သည်။ အခြားဆေးပညာဆိုင်ရာ ပြဿနာများကိုသိရှိရန် ဓာတ်ခွဲခန်းစစ်ဆေးမှုကိုလည်း လုပ်ခိုင်းနိုင်သည်။

နှိုးဆွချိန်နှင့် သုက်လွှတ်ချိန်၏ ပျမ်းမျှ ကြာချိန်သည် ငါးမိနစ် မှ ဆယ်မိနစ်အထိ ဖြစ်သည်။ သင်သည် အဲ့လောက် မကြာပါက သုက်လွှတ်မြန်ခြင်းခံစားနေရပြီ ဖြစ်သည်။

သုက်လွှတ်စောခြင်းကို ဘယ်လိုကုသပါသလဲ

ပထမဆုံးအသက်ပြင်းပြင်းရှူပါ။ ၎င်းသည် စိတ်ဖိစီးမှုကို သက်သာစေပြီး အပန်းပြေရန် အချိန်ပေးပါသည်။ လိင်ဆက်ဆံရာတွင် အမျိုးသားသည် လိင်တံပေါ်ကိုကိုင်ထားခြင်းမပြုဘဲ တစ်ကိုယ်လုံးကို တယုတယပွတ်သပ်ရန် လိုပါသည်။ အာရုံပြောင်းသည် ပြဿနာကို ဖြေရှင်းနိုင်ပါသည်။

အရက်သောက်ခြင်းနှင့် မူးယစ်ဆေးများသုံးခြင်းကို ရှောင်ရှားခြင်းကလည်း သုက်လွှတ်စောခြင်းကို တိုးတက်စေပါသည်။ အမျိုးသားများသည် အောက်ပါ နည်းလမ်းများကို ကြိုးစားကြည့်သင့်ပါသည်။

ဤနည်းလမ်းများသည် အချို့အမျိုးသားများကို ပို၍သန်မာစေရန်နှင့် ကြာကြာခံရန် ကူညီပေးနိုင်ပါသည်။

  • ရပ်ပြီးပြန်စသော နည်းလမ်။ ပြီးမြောက်ခါနီး ၂၀-၃၀ စက္ကန့်လောက် အနားယူပြီးမှ တဖန် ပြန်၍ စတင်သင့်ပါသည်။
  • အောက်ဘက်တွင်နေရာယူမှု။ အဖော်ကို အပေါ်မှာ နေစေပြီး မိမိက အောက်တွင် နေခြင်း ဖြစ်သည်။ ဤနေရာယူမှုတွင် အမျိုးသားများသည် သူတို့၏ ကိုယ်အလေးချိန်ကိုသယ်ခြင်း မပြုရသဖြင့် သက်သောင့်သက်သာပိုရှိသည်။ ထိခိုက်မှုကိုလည်း လျှော့ချနိုင်ပါသည်။

ဤအရာများ အလုပ်မဖြစ်ပါက ဘာလုပ်မလဲ။

ရောဂါကြောင့် သို့မဟုတ် နက်နဲသော စိတ်ပိုင်းဆိုင်ရာကိစ္စကြောင့် သုက်လွှတ်စောခြင်းဖြစ်သော အခြေအနေများလည်း ရှိနိုင်သည်။ ထို့ကြောင့် လအနည်းငယ်အတွင်း တိုးတက်မှု မရှိပါက ဆရာဝန်နှင့် ပြသပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement