အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ အကြောင်း သိရှိကာကွယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ ကင်ဆာရောဂါက အခုနောက်ပိုင်း နေထိုင်စားသောက်မှု ပုံစံတွေ ပြောင်းလဲလာတာကြောင့် တော်တော်လေး အဖြစ်များလာပါတယ်။ ကင်ဆာက အမျိုးသမီးတွေမှာတင်မဟုတ် အမျိုးသားတွေမှာလည်း ခံစားရနိုင်ပါတယ်။
စစ်တမ်းများအရ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာတင် ကင်ဆာ ခံစားရသူ အရေအတွက်ဟာ ၉၇၀,၂၅၀ ရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာဆိုရင် တော်တော်လေး များမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဆေးလိပ်သောက်သုံးသူ၊ ကွမ်းယာစားသုံးသူ အရေအတွက် အများစုက အမျိုးသားတွေ ဖြစ်တာကြောင့် ခံတွင်းကင်ဆာလိုမျိုး ကင်ဆာ ဖြစ်ပွားမှုကလည်း တော်တော်များပါတယ်။
အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ အကြောင်း
အမျိုးသားတွေမှာ အရေပြား ကင်ဆာက ဖြစ်ခဲပေမယ့် ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာတွေကတော့ တော်တော် အဖြစ်များပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ကင်ဆာရောဂါခံစားနေရသူ အမျိုးသားအရေအတွက် အယောက် ၁၀၀ မှာ ၂၆% က ဆီးကျိတ်ကင်ဆာ၊ ၁၂ %က အဆုတ်ကင်ဆာ၊ ၈% က အူမကြီးကင်ဆာကို ခံစားနေရတာပါ။ ကျန်တဲ့ ၄% ရာခိုင်နှုန်းကတော့ အခြားသော ကင်ဆာရောဂါတွေကို ခံစားနေရတာပါ။
အမျိုးသားတွေမှာ ဘယ်လို ကင်ဆာတွေ အဖြစ်များလဲ
အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများကို အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။
-
အဆုတ်ကင်ဆာ
အဆုတ်ကင်ဆာက အမျိုးသား အများစု သေဆုံးရတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။ အဆုတ်ကင်ဆာ ပြီးရင် အမျိုးသားတွေမှာ အဖြစ်များတဲ့ နောက်ထပ် ကင်ဆာ ၂ ခုက ဆီးကျိတ်ကင်ဆာ နဲ့ အူမကြီး ကင်ဆာပါ။
အဆုတ်ကင်ဆာက လက္ခဏာတွေက အမျိုးသားတွေမှာ နာတာရှည် ချောင်းဆိုးတာ၊ ချောင်းဆိုးရင် သွေးပါတာ၊ အသံဝင်တာ၊ အသက်ရှူမဝတာတွေကို ခံစားရနိုင်ပါတယ်။
အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်တာအပြင် အချို့သော ဓာတ်ငွေ့တွေကလည်း ဆေးလိပ်မသောက်တဲ့ အမျိုးသားတွေမှာ အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
အဆုတ်ကင်ဆာကို computerized tomography (CT) နည်းနဲ့ စစ်ဆေး သိရှိနိုင်ပါတယ်။ ဒီလို စောစောစီးစီး စစ်ဆေးသိရှိတာက အဆုတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို ၂၀% အထိ လျှော့ချပေးနိုင်ပါတယ်။ ဘယ်သူတွေ အဓိကထားပြီး စစ်ဆေးသင့်လဲဆိုတော့
-အသက် ၅၀ ကနေ ၈၀ ကြား
-တစ်ရက်ကို ဆေးလိပ် ၁ဘူးနဲ့ နှစ် ၂၀ ကြာတဲ့အခါ
-လက်ရှိမှာ ဆေးလိပ်သောက်နေတာ ဒါမှမဟုတ် ဆေးလိပ်ဖြတ်ထားတာ ၁၅ နှစ်ပဲ ရှိသေးတယ်ဆိုရင်ပါ။
-
ဆီးကျိတ်ကင်ဆာ
-
အူမကြီး ကင်ဆာ
အူမကြီးကင်ဆာက တတိယ အဖြစ်များဆုံး ကင်ဆာပါ။ အူမကြီး မှန်ပြောင်း ကြည့်တာကနေတဆင့် သိရှိနိုင်ပါတယ်။ အူမကြီးကင်ဆာက အသက်ကြီးမှ ဖြစ်တာ မဟုတ်ပါဘူး။ လူလတ်ပိုင်းတွေမှာလည်း အဖြစ်များလာပါတယ်။ မျိုးရိုးရှိသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
-
ပန်ခရိယ ကင်ဆာ
ပန်ခရိယ ကင်ဆာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲက ၄ ခုမြောက် ကင်ဆာပါ။ ဆီးကျိတ် ကင်ဆာနဲ့ အူမကြီးကင်ဆာလောက်တော့ အဖြစ်မများဘူးပေါ့။ ဒါပေမယ့် ဖြစ်နိုင်ခြေက အခြားကင်ဆာတွေထက် ပိုများပါတယ်။
စောစောသိလေလေ ရောဂါကုသမှု ရလဒ် ကောင်းလေလေပါ။ အခုချိန်အထိတော့ စစ်ဆေးသိရှိနိုင်တဲ့ နည်းလမ်းတွေ မရှိသေးပါဘူး။ မျိုးဗီဇကြောင့် ဖြစ်တာများပါတယ်။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ကာကွယ်ပေးလို့ ရပါတယ်။
-
အသည်းနဲ့ သည်းခြေပြွန် ကင်ဆာ
-
သွေးကင်ဆာ
- Acute myeloid leukemia (AML)
- Chronic myeloid leukemia (CML)
- Acute lymphocytic leukemia (ALL)
- Chronic lymphocytic leukemia (CLL) ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
အမျိုးအစားကို လိုက်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကွာခြားပါတယ်။ သွေးကင်ဆာရဲ့ လက္ခဏာတွေက အခြားရောဂါ လက္ခဏာတွေနဲ့ ရောထွေးနေတတ်ပါတယ်။
-
အစာရေမျို ကင်ဆာ
အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပေါ့။ အစာရေမျိုကင်ဆာမှာ အခြေခံအားဖြင့် ၂ မျိုးရှိပါတယ်။
- Adenocarcinoma
- Squamous cell carcinoma ဆိုပြီးတော့ပါ။
ကင်ဆာစဖြစ်တဲ့ ဆဲလ်အမျိုးအစားကို လိုက်ပြီး ကွာခြားတာပါ။ ဖြစ်နိုင်ခြေကလည်း အမျိုးအစားကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။
လက္ခဏာတွေအနေနဲ့ အသံဝင်တာ၊ ချောင်းဆိုးတာ၊ အစာမျိုချရခက်တာ၊ လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့နေသလို ခံစားရနိုင်ပါတယ်။ စောစော သိရှိ ကုသနိုင်မယ်ဆိုရင် ရလဒ်ကောင်းနိုင်ပါတယ်။
-
ဆီးအိမ်ကင်ဆာ
အမျိုးသားတော်တော်များများမှာ ဖြစ်တဲ ကင်ဆာ တစ်မျိုးပါ။ ဆီးအိမ်ကင်ဆာ ခံစားနေရတဲ့ အမျိုးသား ထက်ဝက်လောက်က အစောပိုင်းမှာတင် ရောဂါကို သိရှိကြတာ များပါတယ်။ အခုချိန်ထိတော့ screening tool မရှိသေးပါဘူး။ ဆေးလိပ်သောက်တာကြောင့် ဆီးအိမ် ကင်ဆာ ဖြစ်နိုင်ခြေ များရတာပါ။
အခုနောက်ပိုင်းမှာ ကင်ဆာကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ၊ ကုထုံးတွေ တိုးတက်လာတာကြောင့် ကင်ဆာရှိပေမယ့်လည်း စောစောသိရှိမယ်။ သေချာလေး ကုသမှု ခံယူမယ်ဆိုရင် ကျန်းမာတဲ့ လူတစ်ယောက်လိုပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်မှာပါ။
[embed-health-tool-bmi]