အသားပေါင်းတွေမှာ ထည့်တတ်သလိုဟော့ပေါ့စားတဲ့အခါမှာဖြစ်ဖြစ်ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်တွေမှာဖြစ်ဖြစ် ထည့်စားလေ့ရှိကြတဲ့ ရှီတာကီမှိုက စားလိုက်တိုင်းအရသာရှိမှုနဲ့အတူ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါပေးစွမ်းနေပါတယ်။ ရှီတာကီမှိုဆိုတာက အာရှဒေသမှာလူကြိုက်များတဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် လူကြိုက်အများဆုံးစားစရာစာရင်းမှာ နံပါတ် ၂ ဒါမှမဟုတ် နံပါတ် ၃လောက်ကိုရှိနေတဲ့ စားစရာတစ်မျိုးပေါ့။
ရှီတာကီမှိုဆိုတာ
ဝါးလိုက်ရင် အသားလိုမျိုးဝါးလို့ကောင်းပြီး မှိုဆိုတာထက်အရသာကိုလေးလေးနက်နက်ပေးစွမ်းနိုင်တဲ့ ရှီတာကီမှိုက အညိုရောင်ရှိပြီး ခပ်ဝိုင်းဝိုင်းခပ်ထူထူသဏ္ဍာန်ရှိပါတယ်။ လတ်လတ်ဆတ်ဆတ်စားတာရှိသလို အခြောက်ခံပြီးမှရေပြန်စိမ်ပြီး စားတာမျိုးလည်းရှိပါတယ်။ အရှေ့အာရှဒေသမျိုးရင်းဝင်မှိုတစ်မျိုးပါ။ ဂျပန်မှာ အဓိကပေါက်ရောက်ပေမယ့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်ကာပူနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာလည်းပေါက်ရောက်ကြပါတယ်။
ရှီတာကီမှာပါတဲ့ အာဟာရဓါတ်တွေ
ရှီတာကီက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများသလို ဗီတာမင် B နဲ့ အခြားသတ္တုဓါတ်များစွားလည်းပါဝင်နေပါသေးတယ်။
- ကာဗိုဟိုက်ဒရိတ်
- ပရိုတင်း
- အမျှင်ဓါတ်
- ရိုင်ဗိုဖလာဗင်
- နီကာဆင်
- ကော့ပါး
- ဗီတာမင် B5
- ဆီလီနီယမ်
- မဂ္ဂနိ
- ဇင့်
- ဗီတာမင် B6
- ဖောလိတ်
- ဗီတာမင် D တို့ပါဝင်နေပါတယ်။
ရှီတာကီမှိုကပေးတဲ့ ကျန်းမာရေးအာနိသင်
ရှီတာကီမှိုစားသုံးပေးတာကြောင့်
အဝလွန်တာကို ကာကွယ်နိုင်မယ်
ရှီတာကီမှိုမှာeritadenine နဲ့ b-glucan တို့လိုမျိုးပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်တွေပါဝင်နေတာကြောင့် အဆီကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။လေ့လာမှုတွေအရb-glucan က ဗိုက်ပြည့်တယ်လို့ခံစားရစေပြီး အစားစားချင်စိတ်ကိုလျှော့ချပေးနိုင်သလို အဆီတွေဖြစ်ပေါ်မှုကို အကောင်းဆုံး ဟန့်တားပေးနိုင်ပါတယ်။ အစာတွေကို အများကြီးမစားမိစေသလို ကိုယ်တွင်းအဆြီဖစ်ပေါ်မှုကို ထိထိရောက်ရောက်ဟန့်တားပေးနိုင်တာကြောင့် အဝလွန်တာကို ကာကွယ်ပေးနိုင်မှာပါ။ ဝိတ်ချချင်သူတွေလည်း စားသုံးပေးလို့ရပါတယ်။
ကိုယ်ခံအား ကောင်းစေနိုင်တယ်
ရှီတာကီမှိုမှာ ကိုယ်ခံအားကောင်းစေနိုင်ပြီးရောဂါတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို နာမကျန်းဖြစ်မှုတွေကနေ ကင်းဝေးစေမှာပါ။ ကျန်းမာရေးကောင်းချင်သူတွေအနေနဲ့ ပုံမှန် ရှီတာကီမှိုစားပေးသင့်ပါတယ်။
ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တယ်
ရှီတာကီမှိုက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တယ်။ ကင်ဆာကျိတ်တွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ကင်ဆာရှိသူတွေရော၊ ကင်ဆာကာကွယ်လိုသူတွေပါ စားသုံးပေးသင့်ပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
ရှီတာကီမှိုမှာပါတဲ့sterolဒြပ်ပေါင်းက အသည်းက ကိုလက်စထရောထုတ်လုပ်မှုကို တားဆီးပေးနိုင်တာကြောင့်သွေးတွင်းကိုလက်စထရောမများအောင် ကာကွယ်ပေးပါတယ်။သွေးကြောနံရံတွေမှာ အဆီတွေကြောင့်သွေးကြောနံရံထူတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်သလိုသွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်တာကြောင့်သွေးစီးဆင်းလည်ပတ်မှုကိုကောင်းစေနိုင်ပါတယ်။သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီးသွေးစီးဆင်းမှုကောင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်
ခံတွင်းထဲမှာပေါက်ဖွားတဲ့ ဘက်တီးရီယားလေးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သွားဖုံးရောင်တာကို သက်သာစေနိုင်တယ်။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာစေဖို့အတွက် ရှီတာကီမှိုကို စားသုံးပေးလို့ရပါတယ်။
ခန္ဓါကိုယ်မှာ အားပြည့်စေတယ်
ဗီတာမင် B ပါဝင်နေတာကြောင့် စားသုံးလိုက်တဲ့ အစားအစာတိုင်းကို အားအင်အဖြစ် အထိရောက်ဆုံးပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်မှာ လိုအပ်တဲ့ အင်အားကိုဖြစ်ပေါ်စေပြီး အားပြည့်နေစေမှာပါ။
ဦးနှောက်စွမ်းဆောင်ရည်ကိုကောင်းမွန်စေနိုင်တယ်
ရှီတာကီမှိုက ကိုယ်တွင်းဟော်မုန်းတွေကို မျှတနေအောင် ထိန်းညှိပေးနိုင်တာကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကိုကောင်းမွန်စေနိုင်သလို သိမြင်မှုစွမ်းရည်ကိုကောင်းစေနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ကိုလည်းကောင်းစေနိုင်ပါတယ်။
ဗီတာမင် D ရရှိစေနိုင်တယ်
ဗီတာမင် D ကိုနေရောင်ခြည်ကနေအဓိကရတာဆိုပေမယ့် အရိုးတွေကိုကျန်းမာစေပြီး၊ နှလုံးရောဂါဖြစ်နိုင်ခြေ၊ ဆီးချိုရောဂြါဖစ်နိုင်ခြေနဲ့ ကင်ဆာရောဂါတွေဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တဲ့ ဗီတာမင် D ကို ရှီတာကီ မှိုကနေလည်းရရှိနိုင်ပါတယ်။လေဒီတွေအနေနဲ့ ရှီတာကီမှိုကို စားသုံးပေးမယ်ဆိုရင် အဆစ်ရောင်နာကို သိသိသာသာသက်သာစေနိုင်မှာပါ။
အသားအရေကျန်းမာစေနိုင်တယ်
အရေပြားအတွက် အရေးပါတဲ့ ဗီတာမင် A နဲ့ ဗီတာမင် E တို့ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေနိုင်ပြီး ဝက်ခြံ ကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သိသိသာသာသက်သာစေနိုင်ပါတယ်။ ရှီတာကီမှို စားသုံးတာက ဝက်ခြံသက်သာစေနိုင်တဲ့ သဘာဝဆေးနည်းတစ်ခုဆိုလည် မမှားပါဘူး။ အနာကျက်မြန်စေနိုင်သလို အသားအရေကို စိုပြေကျန်းမာစေမှာပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။