မကြာခဏ မေ့တတ်တယ်ဆိုတာ ကိုယ့်မှာ ဒီပြဿနာရှိတယ်ဆိုတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ အကောင်းဆုံးကတော့ ကိုယ်ပုံမှန်ပြနေကျ ဆရာဝန်ဆီမှာ ကိုယ့်ရဲ့ မေ့တတ်တဲ့လက္ခဏာတွေနဲ့ ဖြစ်တာဘယ်လောက်ကြာပြီဆိုတာ ပြောပြဖို့ လိုပါတယ်။
တစ်ဆက်တည်းမှာပဲ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုပုံစံ၊ လတ်တလော ဦးခေါင်းနဲ့ ဦးနှောက်ကို ထိခိုက်မိတာ၊ ဖျားနာခြင်းရှိ၊ မရှိ၊ သောက်နေတဲ့ ဆေးဝါးတွေ၊ အရက်ပမာဏ ဘယ်လောက်သောက်လဲ၊ စိတ်ကျန်းမာရေးြပဿနာတွေနဲ့ အိပ်ချိန် မှန်၊ မမှန်ကို ဆရာဝန်ကို မေးသွားမှာဖြစ်ပြီး လိုအပ်ရင် သွေးဖောက်စစ်တာ၊ တခြားကိုယ်တွင်းအင်္ဂါ စစ်ဆေးမှုတွေပါ ပြုလုပ်ပေးသွားမှာပါ။
ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကာလတိုမှတ်ဉာဏ် ပျောက်ဆုံးမှုကို ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေပြီးမှသာ စိတ်ကျန်းမာရေး ဆရာဝန် သို့မဟုတ် ရောဂါအထူးကုဆရာဝန်နဲ့ ပြသဖို့ ညွှန်ပေးမှာ ဖြစ်ပါတယ်။ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးမှုကို မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် သူ့အလိုလို ပျောက်ကင်းသွားတာမျိုး ရှိသလို အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါလိုမျိုး မှတ်ဉာဏ်နဲ့ အသိစိတ်ပျောက်ဆုံးတဲ့ ပြဿနာတွေပါ ဖြစ်လာနိုင်တာကြောင့် ပေါ့ဆလို့တော့ မဖြစ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။