ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးခြင်း – ကယ်လိုရီနည်းတဲ့ ကညွတ်ကိုစားသုံးခြင်းဖြင့် အစာစားချင်စိတ်များနေတာကို တားဆီးနိုင်ပြီး ဆိုးကျိုးပေးမယ့်သရေစာတွေကို မစားဖြစ်တော့လောက်ပါဘူး။ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်အင်ဆူလင်တွေပေါများတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်စေတာဖြစ်ပါတယ်။ ဗီတာမင်B complex ပါဝင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။
နှလုံးကျန်းမာရေး – ကညွှတ်မှာပါဝင်တဲ့ ဗီတာမင် ဘီက ခန္ဓါကိုယ်ထဲကhomocysteine ပမာဏကိုလျော့နည်းစေပြီး ကိုလက်စထရောကို ကျဆင်းစေပါတယ်။
သွေးတွင်းသကြားဓါတ်ထိန်းညှိခြင်း – အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီးကယ်လ်စီယမ်ကြောင့် အင်ဆူလင်စွန့်ထုတ်မှုကို ထိန်းညှိတဲ့ ပန်ကရိယဆဲလ်တွေအပေါ် တိုက်ရိုက်အာနိသင်ရှိပါတယ်။
အရေပြားကျန်းမာရေး –niacin လို့ခေါ်တဲ့ဒြပ်ပေါင်းက ဝက်ခြံပျောက်ကင်းစေပြီး အရေပြားရောင်ရမ်းမှုကိုလျော့ပါးစေပါတယ်။
ဓါတ်တိုးဆန့်ကျင်ပစ္စည်း glutathione ကfree radicalsတွေကို ခုခံတိုက်ခိုက်ပြီး အရေပြားနေလောင်မှုကို ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေပါတယ်။ကော့ပါးနဲ့ ဗီတာမင်B12ကြောင့်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း၊ ဆံပင်ပါးခြင်းကို ကာကွယ်ပေးပါတယ်။
ရာသီသွေးမှန်စေခြင်း –အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တဲ့ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊သွေးဆင်းများတာတွေကို သက်သာစေပါတယ်။
မျိုးအောင်စေခြင်း – ဗီတာမင် အီးက အမျိုးသမီးနဲ့ အမျိုးသား အားလုံးမှာ လိင်ဟော်မုန်းနဲ့ဆဲလ်တွေရဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ သုက်ပိုးတွေကိုကျန်းမာစေပြီး သားအိမ်အမြှေးတွေကို ထူထဲစေပါတယ်။ ဗီတာမင် စီက သုက်ပိုးဆဲလ်တွေကို အားဖြည့်ပေးပြီး သုက်ပိုးအရေအတွက်ကိုတိုးစေပါတယ်။ folateကြောင့် ဆဲလ်တွေကို သန္ဓေအောင်ဖို့လိုအပ်တဲ့ မှန်ကန်တဲ့ ခရိုမိုဆုန်းတည်ဆောက်ပုံရရှိစေ ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။