အဓိပ္ပါယ်ဖွင့်ဆိုချက်
Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ကဘာလဲ။
နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်းဆိုတာ နှလုံးမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပေါ်ခြင်းဖြစ်ပြီး နှလုံးအပေါ်ခန်းနဲ့ အခန်း၂ခုခြားထားတဲ့ ကြွက်သားအလွှာထဲမှာ အများဆုံး တွေ့ရပါတယ်။ ဒီအမျိုးအစားဟာ တွေ့ရအများဆုံးဖြစ်တဲ့ နှလုံးရဲ့ ပင်မအကျိတ်မျိုးဖြစ်ပါတယ်။ တိကျမှုမရှိတဲ့ လက္ခဏာတွေကြောင့် စောစီးစွာသိရှိရဖို့ ခက်ခဲပါတယ်။ ဘယ်ဘက် နှလုံးအပေါ်ခန်းအကျိတ်ဟာ နားကြပ်နဲ့ နားထောင်ချိန်မှာ ကြားရတဲ့အခါ မရှိသလို မကြားရတာလည်း ရှိပါတယ်။ ဒီအခြေအနေကို ပုံရိပ်ဖော်စစ်ဆေးနိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပြီး ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။