သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။

    ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။

    ရင်ဘတ်အောင့် ပြီဆိုရင် ၁၀ယောက်မှာ ၈ယောက်လောက်က နှလုံးရောဂါလို့ ထင်တတ်ကြပါတယ်။ ပတ်ဝန်းကျင်မှာ ရင်ဘတ်အောင့်တယ် အောင့်တယ်ပြောပြီး ဆုံးသွားတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။ တကယ်တော့ ရင်ဘတ်အောင့်တယ် ဆိုတာ လူနာအတွက်ရော ဆရာဝန်အတွက်ရော ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား။ ဒီလိုလည်းမဟုတ်ပြန်ပါဘူး။ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဒါတွေက ဘာတွေဖြစ်နိုင်မလဲ။ ဆက်ကြည့်ရအောင်။

    ရင်ဘတ်အောင့် စေတဲ့အကြောင်းရင်းများ

    ရင်ဘတ်အောင့် တာက ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး နာတဲ့ပုံစံမတူပါဘူး။ တစ်ခါတစ်လေ ရင်ဘတ်အောင့်တာက ဘာရောဂါမှရှိလို့မဟုတ်ပါဘူး။ ဒါကလည်း ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ပြီးမှ သိနိုင်တာပါ။

    နှလုံးကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် ခြင်း

    ရင်ဘတ်အောင့်တာက နှလုံးနဲ့ဆိုင်တယ် ပြောပေမယ့် တကယ်တမ်း နှလုံးရောဂါရှိတဲ့ သူတွေကို မေးကြည့်မယ်ဆိုရင် သူတို့ခံစားရတာက နာတာမဟုတ်တဲ့ တခြားမအီမသာ ခံစားမှုမျိုး၊ စကားနဲ့ မဖော်ပြတတ်တဲ့ ဝေဒနာတစ်မျိုးကို ခံစားနေရတာပါ။ အကြမ်းဖျင်းပြောရရင် နှလုံးရောဂါကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာက အောက်ကလက္ခဏာတွေနဲ့ တွဲတွေ့ရနိုင်ပါတယ်။

    -ရင်ဘတ်ပေါ်ကို တစ်ခုခုနဲ့ဖိထားသလို တင်းကြပ်ကြပ်ခံစားနေရတာ

    -ကြိတ်ချေသလို၊ ဆွဲဖြဲသလို နာကျင်မှုမျိုးခံစားရပြီး နောက်ကျော၊ လည်ပင်း၊ မေးကြော၊ ပုခုံးနဲ့ လက်မောင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးထိ ပျံ့သွားတာ

    -နာကျင်မှုက မိနစ်တော်တော်ကြာမယ်။ လှုပ်ရှားရင်လည်းနာမယ်။ ဖြစ်လိုက် ပျောက်လိုက်နဲ့ နာတဲ့ ပြင်းထန်မှုလည်း မတူတာ

    -မောတာ

    -ချွေးစေးတွေထွက်တာ

    -ခေါင်းမူးတာ၊ အားနည်းတာ

    -ပျို့တာ၊ အန်တာ စတာတွေပဲ ဖြစ်ပါတယ်။

    တခြားအကြောင်းကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် ခြင်း

    နှလုံးကြောင့်အောင့်တာလား၊ တခြားကြောင့် အောင့်တာလားဆိုတာ ခွဲရခက်ပါတယ်။ တခြားအကြောင်းကြောင့်ဆိုရင်တော့ အောက်ကလက္ခဏာတွေနဲ့တွဲတတ်ပါတယ်။

    -ပါးစပ်ချဉ်တာ၊ စားမြုံ့ပြန်တာ

    -မျိုရခက်တာ

    -ခန္ဓာကိုယ်အနေအထားပြောင်းလိုက်ရင် နာတာပိုဆိုးတာ၊ သက်သာတာ

    ​-အသက်ပြင်းပြင်းရှူရင်၊ ချောင်းဆိုးရင် ပိုဆိုးတာ

    -ရင်ဘတ်ကိုဖိထားရင် ပိုနာတာ

    -နာရီနဲ့ချီအောင် နာတာ စတာတွေပဲ ဖြစ်ပါတယ်။

    ရင်ပူတဲ့လက္ခဏာကတော့ နှလုံး ဒါမှမဟုတ် အစာအိမ်ရဲ့ ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။

    အကြောင်းရင်းများ

    နှလုံး

    နှလုံးသွေးကြောပိတ်တာ

    နှလုံးသွေးကြောကျဉ်းတာ

    -သွေးကြောမကြီး နံရံပြဲတာ

    နှလုံးအမြှေးပါးရောင်တာ

    အစာအိမ်နဲ့ အူလမ်းကြောင်း

    -အစာချဉ်ရည်ဆန်တက်ပြီး ရင်ပူတာ

    -အစာရေမြိုပြွန်ရောဂါကြောင့် မြိုရခက်ပြီး ရင်ဘတ်အောင့် တာ

    သည်းခြေအိတ် ဒါမှမဟုတ် ပန်ကရိယရောင်ရမ်းတာ

    အရိုးအကြောနဲ့ ကြွက်သား

    -နံရိုးနုရောင်ရမ်းတာ

    -ကြွက်သားနာတာ

    -နံရိုးကျိုးတာ

    အဆုတ်

    အဆုတ် သွေးကြောပိတ်တာ

    -အဆုတ် အမြှေးပါးရောင်တာ

    -အဆုတ်ကျံတာ

    -အဆုတ်သွေးကြေ ာသွေးတိုးတာ

    အခြားအကြောင်းအရင်း

    -စိတ်လှုပ်ရှားတာ

    ခါးပတ်ရေယုန်ပေါက်တာ စတာတွေပဲဖြစ်ပါတယ်။

    ဒီလောက်ဆိုရင် ရင်ဘတ်အောင့် တာ နှလုံးရောဂါကြောင့် တစ်ခုတည်း မဟုတ်ဘူးဆိုတာ သိလောက်ပါပြီ။ သင်က ရင်ဘတ်အောင့်တယ်လို့ပဲပြောတာပါ။ ဖြစ်နိုင်တဲ့ အကြောင်းရင်းကတော့ သေနိုင်လောက်တဲ့ နှလုံးရောဂါကနေ သာမန်စိတ်လှုပ်ရှားလို့ အောင့်တာအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သင်ရင်ဘတ်အောင့်လို့ ဆေးခန်းသွားပြရင်တော့ ဆရာဝန်က သေနိုင်လောက်တဲ့ နှလုံးရောဂါ၊ အဆုတ်ကျံတာ၊ အဆုတ်သွေးကြောပိတ်တာ စတဲ့အကြောင်းရင်းကြောင့်လား ဆိုတာ အရင်ရှာရမှာပါ။ ဒါတွေမရှိမှ တခြားကြောင့်လားဆိုတာ ဆက်စဉ်းစားမှာပါ။ ဒီရောဂါတွေက မသိလိုက်လို့ အချိန်မီမကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်လို့ပါ။

    health-tool-icon

    ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

    သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

    အမျိုးသား

    အမျိုးသမီး

    မည်သူ့အတွက် စစ်ဆေးမည်နည်း။

    နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

    60

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Htet Htet Zaw Win မှ ရေးသားသည်။ 13/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: