backup og meta

အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

ကိုယ်အလေးချိန် ချဖို့ ကြိုးစားနေကြတဲ့ သူတွေက အရင်ဆုံး တွေးမှာက အစား လျှော့မယ် ၊ ဂျင်မ် သွားမယ်၊ အဆီကျစေမယ့် ဆေး သို့မဟုတ် ကော်ဖီ သောက်မယ် ဆိုတဲ့ နည်းလမ်းတွေ ပါပဲ။ ဒီထဲက နည်းလမ်း တစ်ခုခုကို ရွေးချယ်လိုက်တယ်၊ သေချာ လိုက်နာတယ် ဆိုတာတောင် ဝိတ်က သိပ်မကျဘူး၊ ပြန်တက်တာကျ သိပ်မြန်တာပဲ ဆိုတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါ ဘာ့ကြောင့် ဖြစ်မလဲ။ပြန်တွေးကြည့်ရအောင် ။ တကယ်ကတော့ အိပ်ချိန် မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက် ကြိုးစားစား အောင်မြင်ဖို့ မလွယ် ဖြစ်နေတာပါ။

အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

ဒီလို ဖြစ်စေတဲ့ နောက်ကွယ်က တရားခံဟာ အိပ်ချိန် မမှန်ခြင်းပါပဲ။ လူကိုဝစေတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပေမယ့် အိပ်ချိန် မမှန်တာကတော့ ဝိတ်ပြန်ချလို့ မလွယ်အောင် ဟန့်တားနေတာ ဖြစ်ပါတယ်။ အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ် ပါဘူး။

အိပ်ချိန် မမှန်တာက လူ့ကျန်းမာရေး အတွက် ပြဿနာတွေ အများကြီး ပေးနိုင်တာ သိကြပြီး ဖြစ်မှာပါ။ အမေရိကန် သုတေသန တစ်ခု အရ အိပ်ချိန် မမှန်တာ၊ အိပ်ရေးပျက်တာတွေက ကိုယ်အလေးချိန် လျှော့ချရာမှာ အနှောင့်အယှက် ပေးနိုင်တယ် လို့ သိရပါတယ်။

အရွယ်ရောက်ပြီး သူတွေက အနားယူဖို့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အချိန် တစ်နေ့ကို အနည်းဆုံး ၇ နာရီ ရှိဖို့ လိုအပ်ပါတယ်။ အများစုကတော့ ဒါကို မပြည့်ဝနိုင်တာတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်အတွင်း စစ်တမ်းအရ ပါဝင်သူတွေရဲ့ ၃၆ ရာခိုင်နှုန်းက မနက် အိပ်ရာနိုးချိန်မှာ ပြည့်ပြည့်ဝဝ အနားယူခဲ့ရတယ်လို့ မခံစားရကြောင်း ဖြေကြားခဲ့ကြပါတယ်။ ညက သေချာ အိပ်မပျော်ခဲ့ဘူးပေါ့။

အိပ်ရေးမဝခြင်းက သွေးလည်ပတ်မှု၊ မှတ်ဉာဏ် နဲ့ လူမှုဆက်ဆံရေးတွေကိုတောင် ထိခိုက်စေနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ အခု တစ်ခါမှာတော့ အိပ်ရေးမဝခြင်း သို့မဟုတ် အိပ်စက်ခြင်း ပြဿနာတွေနဲ့ ကိုယ်အလေးချိန် လျှော့ချခြင်းကြားက ဆက်နွယ်မှုကို သုတေသန တစ်ခုကInternational Journal of Obesity ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

လေ့လာမှု ရလဒ်တွေအရ ကောင်းကောင်း မအိပ်တဲ့ ကိုယ်အလေးချိန် များသူတွေဟာ အိပ်စက်မှု ပုံမှန် ရှိတဲ့ ဘဝတူတွေထက် အဆီချအစီအစဉ်မှာ အောင်မြင်မှု နည်းပါတယ်။

တွေ့ရှိချက် ရလဒ်တွေ အရ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းတဲ့ သူတွေဟာ ပုံမှန် အိပ်ချိန် ရှိသူတွေထက် ခါးနဲ့ ဗိုက် အဆီကျနိုင်ခြေ ပိုနည်းတာကို တွေ့ရပါတယ်။

ဒီ တွေ့ရှိချက်တွေက ဇီဝကမ္မ ဖြစ်စဉ် မမှန်တဲ့ သက်ကြီးပိုင်းတွေမှာ ကိုယ်အလေးချိန် နဲ့ အဝလွန်ခြင်း အပေါ် အိပ်စက်ခြင်းရဲ့ အရေးပါပုံကို မြင်သာစေတယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒါ့ကြောင့် plan မျိုးစုံနဲ့ အပင်ပန်းခံ ဝိတ်ချနေတဲ့ သူတွေအနေနဲ့ အိပ်စက်မှု စက်ဝန်းကို သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ ထိထိရောက်ရောက်ဝိတ်ကျချင်တယ် ဆိုရင် ဒီအချက်ကို မေ့ထားလို့ မဖြစ်တော့ပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/diet/sleep-and-weight-loss

Accessed July 3, 2019.

https://www.medicalnewstoday.com/articles/325629.php

Accessed July 3, 2019.

ယခုပုံစံ

08/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆီကျအားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ

အစာအိမ်ထဲရောက်မှ ပြန့်ကားလာပြီး ဗိုက်မဆာအောင်လုပ်ပေးမယ့် အဆီချဆေးတောင့် တီထွင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/12/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement