ကျန်းမာရေးကိရိယာများ
သင် အဆုတ်ကင်ဆာဖြစ်နိုင် သလားဆိုတာ အွန်လိုင်းကနေ စစ်ဆေးကြည့်ပါ
သင့် အစာခြေစနစ် ကျန်းမာရေး ကောင်းရဲ့လားဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်
အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်
သင့်မှာ IBS ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာကို အွန်လိုင်း ကိရိယာကနေ စစ်ဆေးလိုက်ပါ
သင် အသည်းကင်ဆာ ဖြစ်နိုင်သလား ဆိုတာကို အွန်လိုင်းကနေ စစ်ဆေးလို့ ရပါတယ်
ရေတိမ်ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာကို အွန်လိုင်းကနေ စစ်ဆေးနည်း
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး သိထားကြတဲ့အရာတွေက အများကြီးရယ်။ ဥပမာ ညကျ အိပ်မပျော်မှာ စိုးလို့လက်ဖက်မစားရဲဘူး၊ လက်ဖက်ရည်မသောက်ရဲဘူး ဆိုတာမျိုး။ ဒီအသိတွေထဲက ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာသေချာသိရဖို့ အတူအဖြေထုတ်ကြည့်ရအောင်နော်။
မှားပါတယ်။ အိပ်ခါနီးမှာဆေးဖြစ်ဝါးဖြစ် သို့မဟုတ်မှောက်အောင်သောက်လိုက်ရင် မူးပြီးအိပ်ပျော်သွားလိမ့်မယ်လို့တွေးထားတာလား။ပြန်စဉ်းစားကြည့်ပါဦး။ မူးရင် ထိုးအိပ်သွားတာကြောင့် ဒီလိုတွေးကြတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောက ခန္ဓါကိုယ်ထဲရောက်သွားတာနဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်တယ်၊ အိပ်ရင်း လူးလှိမ့်နေတာမျိုးဖြစ်နေနိုင်တယ်၊ညလယ်ကြီး နိုးလာပြီး မျက်စိကြောင်နေနိုင်တယ်။ ဒါ့အပြင်နောက်နေ့အိပ်ရာထရင်ခေါင်းမကြည်ဘဲ အိပ်ရေးမဝသလိုဖြစ်နေနိုင်တယ်။
မှားပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် အိပ်မပျော်ဖြစ်တတ်တာ မှန်ပေမယ့် စိတ်ကြောင့်ချည်းပဲတော့မဟုတ်ပါဘူးနော်။ တကယ်တော့ အိပ်မပျော်နိုင်တဲ့သူတွေမှာ အဓိကတရားခံက စိတ်ဖိစီးမှုဖြစ်နေတာပါ။ ဒါပေမယ့် သူ့တစ်ခုတည်းကြောင့်မဟုတ်ဘဲရောဂါအခံ၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုး၊ နာတာရှည်နာကျင်မှု၊ အစားအသောက် စတဲ့ တခြားအကြောင်းရင်းတွေ အများကြီးရှိနေပါသေးတယ်။
မှန်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းတွေလုပ်တာကကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ ဒါပေမယ့် ညဘက် သိပ်နောက်ကျမှလေ့ကျင့်ခန်းလုပ်တာမျိုးကိုရှောင်ပါ။ မဟုတ်ရင် အိပ်ချင်စိတ်မဖြစ်လာဘဲ လူကပိုလန်းဆန်းသွားနိုင်ပါတယ်။လေ့ကျင့်ခန်းကြောင့် ခန္ဓါကိုယ်အပူချိန်ကိုမြင့်တက်စေပြီး ၆ နာရီလောက်ထိ ဆက်မြင့်နေစေနိုင်တာကြောင့် အိပ်ချိန်နဲ့ကပ်ပြီးလေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။ အိပ်ရာဝင်ချိန်မရောက်ခင် ၂ နာရီ၊ ၃ နာရီအလိုမှာလေ့ကျင့်ခန်းကိုအပြီးသတ်ပါ။
မှားပါတယ်။ မျက်စိညောင်းပြီးအိပ်ပျော်သွားအောင်လို့ ဂိမ်းဆော့တယ်၊ အင်တာနက်သုံးတယ်၊ တီဗီကြည့်တယ်ဆိုတာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ အမှန်က ဒီနည်းနဲ့မှ မျက်စိကြောင်ပြီး ပိုလန်းသွားစေတာဖြစ်ပါတယ်။ တီဗီနဲ့ကွန်ပျူတာတွေရဲ့ အလင်းရောင်နဲ့ အသံတွေက စိတ်ဝင်စားမှုကိုနှိုးဆွပြီး ဦးနှောက်တွင်းmelatonin ပမာဏကိုလျော့နည်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ melatoninဟော်မုန်းပမာဏမြင့်တက်ဖို့လိုပါတယ်။ သီချင်းအေးအေးလေးတွေ နားထောင်ပြီးအိပ်တာက ပိုအဆင်ပြေပါလိမ့်မယ်။
မှားပါတယ်။ အိပ်ဆေးဆိုတာ လိုအပ်မှ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတာပါ။ ကိုယ့်သဘောနဲ့ကိုယ်သောက်ရလောက်အောင်၊ မကြာခဏလိုတိုင်းသောက်လို့ရအောင်ဘေးမကင်းပါဘူး။ သူတို့ကိုသောက်နေတုန်းသာ အိပ်မပျော်ခြင်းကိုခဏတာကုစားနိုင်ပေမယ့် အပြီးတော့မကုနိုင်ပါဘူး။ဆေးကိုပဲအမြဲအားကိုးနေရင် မသောက်တာနဲ့ အိပ်မရတော့တဲ့အဆင့်ထိ ပိုဆိုးလာနိုင်ပါတယ်။
မှားပါတယ်။ ဒီညအိပ်ရေးပျက်ထားရင်နောက်နေ့ပိုအိပ်လိုက်မယ်၊ တနေကုန်အိပ်ပစ်လိုက်ရင် အားပြန်ပြည့်မယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး။ အိပ်ချိန်လျော့တာ၊ မမှန်တာတွေက ကိုယ်တွင်းဇီဝနာရီကို ကမောက်ကမဖြစ်စေပြီးနောက်နေ့အိပ်ချိန်မှာကောင်းကောင်းအိပ်ပျော်ဖို့ခက်စေပါတယ်။ အိပ်ရေးပျက်တာကိုပြန်ဖြည့်ဆည်းနိုင်တဲ့နည်းက အိပ်ချိန်ပုံမှန်ပြန်ဖြစ်အောင် ဂရုစိုက်တည့်မတ်တာပဲဖြစ်ပါတယ်။
မှန်ပါတယ်။ အံ့သြသွားလား။ အိပ်မပျော်လို့ အိပ်ရာထဲ လူးလှိမ့်နေတာက ပိုပြီးမျက်စိကြောင်စေပါတယ်နော်။ ခဏထပြီး စာအုပ်ဖတ်တာ၊ သီချင်းအေးအေးလေးတွေနားထောင်တာတွေက အဆင်ပြေစေနိုင်ပါတယ်။ အိပ်ရာထဲမှာပဲ လူးလှိမ့်နေတာက အတွေးအာရုံပိုများစေပြီး အိပ်ချင်စိတ်ပိုပျောက်စေနိုင်ပါတယ်။
အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန်တွေကို သိရပြီဆိုတော့ အိပ်ရေးမပျက်ဘဲ အိပ်မက်လှလှမက်နိုင်ဖို့ ဂရုစိုက်လိုက်ရအောင်နော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ref:
https://my.clevelandclinic.org/health/articles/12141-myths-and-facts-about-sleep
Accessed Aug 5, 2019.
https://www.sleepfoundation.org/articles/myths-and-facts-about-sleep
Accessed Aug 5, 2019.
https://www.webmd.com/sleep-disorders/ss/slideshow-insomnia
Accessed Aug 5, 2019.
ယခုပုံစံ
11/05/2020
Yun Sandi Nan Mon မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။