ဂီတသံစဉ်ဆိုတာ လူ့စိတ်ကိုဖမ်းစားနိုင်တယ်။ သီချင်းမကြိုက်ဘူး၊ တစ်ခါမှလိုက်မဆိုခဲ့ဖူးဘူး ဆိုတဲ့သူတွေတောင် အမှတ်တရဟောင်းနဲ့ ဒါမှမဟုတ် လက်ရှိအဖြစ်နဲ့ တိုက်ဆိုင်မှုရှိခဲ့ရင် သီချင်းနဲ့မျောပါသွားမှာ ၈၀% သေချာပါတယ်။ လူတော်တော်များများက ဆူညံသံနဲ့ ဂီတသံကို ခွဲခြားသိနိုင်စွမ်းကို ပင်ကိုပိုင်ဆိုင်ထားပါတယ်(လော်အသံနဲ့မတရားနှိပ်စက်တဲ့သူတွေမပါ)။ ထားပါတော့။ ဆက်ပြောရရင် ဂီတသံက သိပ်မြန်နေရင် နားထောင်ရသူမှာ နှလုံးခုန်မြန်လာတယ်၊ အသက်ရှူမြန်လာတယ်၊သွေးခုန်နှုန်းမြင့်လာတယ်။ သီချင်းအေးအေးလေးတွေကျတော့ စိတ်တွေငြိမ်းချမ်းလာတယ်ပေါ့။