သင်မသိသေးသော သင့်သွားပွတ်တံအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

မိမိတို့ရဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် သွားပွတ်တံကို နေ့စဉ်နှင့်အမျှ အသုံးပြုကြပါတယ်။ ဒါပေမယ့် သွားပွတ်တံမှာ သင်မသိသေးသော အကျည်းတန်ကြောက်မက်ဖွယ် ကောင်းတဲ့အချက်တွေရှိနေပါတယ်။

သန်းပေါင်းများစွာသော ဘက်တီးရီးယားပိုးမွှားများဟာ ခံတွင်းအတွင်းမှာရှိပါတယ်။

ကြောက်မက်ဖွယ်ကောင်းပေမယ့်ဘယ်အချိန်ကြည့်ကြည့် သင့်ခံတွင်းအတွင်းမှာမျိုးစိတ်ပေါင်း၁၀၀- ၂၀၀ထိရှိသောဘက်တီးရီးယားပိုးမွှားများရှိနေပါတယ်။ သန့်ရှင်းရေးမလုပ်ရသေးတဲ့သင့်ခံတွင်းဟာ ရေချိုးခန်းမျက်နှာပြင်လိုပဲညစ်ပတ်နေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သင်သွားပွတ်တံမှာလည်းStaphylococci နှင့် E.coliဘက်တီးရီးယားများအပါအဝင်သန်းပေါင်းများစွာသောဘက်တီးရီးယားပိုးမွှားများတည်ရှိနေနိုင်ပါတယ်။

သွားပွတ်တံပလစ်စတစ်အဖုံးဟာ သင်ထင်ထားသလို အကျိုးသက်ရောက်မှုမရှိပါ။

သွားတိုက်ပြီးတိုင်းသင့်သွားပွတ်တံကို အဖုံးဖုံးပါသလား။ ဒီလိုလုပ်ရင်တော့မှားယွင်းတဲ့အလေ့အကျင့်ဖြစ် ပါတယ်။ သွားပွတ်တံအဖုံးအသုံးပြုခြင်းဟာ သင့်သွားပွတ်တံကို ဖုန်မှုန့်များ ကပ်ညှိခြင်းမှ ကာကွယ်နိုင်တယ်လို့ သင်ထင်ကောင်းထင်မြင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်ခြင်းဟာ ဘက်တီးရီးယားပိုးမွှားပေါက်ဖွားခြင်းကို ပိုမိုအားပေးပါတယ်။ ဒီလိုပဲ သွားပွတ်တံများကို တစ်နေရာတည်းစုဝေးထားခြင်းဟာ ဘက်တီးရီးယားပိုးမွှားပျံ့နှံ့ခြင်းကို ပိုမိုအားပေးပါတယ်။

ရေအိမ်နှင့်နီးရာမှာ သင့်သွားပွတ်တံကို မထားပါနှင့်။

အများစုသောရေချိုးခန်းများဟာ ကျဉ်းပါတယ်။ ဒါကြောင့် သွားပွတ်တံထားတဲ့နေရာဟာ ရေအိမ် (သို့) မျက်နှာသစ်ဘေစင်နှင့် နီးနေတတ်ပါတယ်။ ရေအိမ်ကို ရေဆွဲချတဲ့အခါမှာ ရေအိမ်ထဲရှိ ဘက်တီးရီးယားပိုးမွှား များဟာ သွားပွတ်တံဆီရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် သင့်သွားပွတ်တံကို ရေအိမ်နှင့် ရေစင်တို့နှင့် ဝေးရာမှာထားပါ။

သွားပွတ်တံကို မျှဝေသုံးစွဲခြင်းမပြုပါနှင့်။

သွားပွတ်တံပေါ်မှာ ဘက်တီးရီးယားပိုးမွှားများဟာ သုံး ရက်မှ ငါးရက်တိုင်အောင် အသက်ရှင်နေထိုင်နိုင်ပါ တယ်။ ဒါကြောင့် သင်ဖျားနာနေစဉ်သွားပွတ်တံကို အသုံးပြုရင် ဗိုင်းရပ်စ်ပိုးဟာ ငါးရက်ထိ သင့်သွားပွတ်တံပေါ်မှာ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒါပေမယ့် သင်အသုံးပြုပြီးသွားပွတ်တံကို ထပ်သုံးလို့ သင်ပြန်ဖျားနာနိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါ။ အဲဒီအစားသင့်သွားပွတ်တံကိုမျှဝေအသုံးပြုမယ်ဆိုရင် သင့်သွားပွတ်တံရှိ ဗိုင်းရပ်စ်ပိုးမွှားဟာ တစ်ပါးသူထံကူးစက်နိုင်ပြီး ထိုသူကိုဖျားနာစေနိုင်ပါတယ်။

ဘယ်အချိန်မှာ သွားပွတ်တံကို လဲဖို့လိုအပ်ပါသလဲ။

ယေဘူယျအားဖြင့် သုံးလ မှ လေးလကြာထိ အသုံးပြုပြီးသော သွားပွတ်တံများကို လဲလှယ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အသစ်လဲလှယ်ဖို့အတွက် သတိမေ့နေတတ်ကြပါတယ်။ ဟောင်းနွမ်းနေတဲ့ သွားပွတ်တံဟာ သင်သွားကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှာမဟုတ်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Mask နောက်ကွယ်က ခံတွင်းနံ့များ

COVID-19၊ Face Mask၊ Bacteria-killing mouthwash၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဓာတ်မတည့်၊ ခံတွင်း၊ အစာခြေစနစ်၊ ကော်ဖီ၊ အရက်သေစာ၊ ကြက်သွန်ဖြူ၊ ဆေးလိပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကိုယ်သုံးနေတဲ့ သွားပွတ်တံက ကိုယ်နဲ့ အဆင်ပြေရဲ့လား ဘယ်လိုသိနိုင်မလဲ………..

သွားတွေ ခံတွင်းနံ့ သွားတိုက်ဆေး သွားပွတ်တံ သွားချေး ခံတွင်းကျန်းမာဖို့ သွားနဲ့ခံတွင်းကျန်းမာရေး စားကြွင်းစားကျန်တွေ သွားဖုံး သွားပိုးစား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သွေးကျဲဆေးသောက်နေရသူတွေ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံ

သွေးကျဲဆေး ကျန်းမာရေး အခြေအနေ အန္တရာယ်ကင်းကင်း ကျန်းမာရေး နှလုံးသွေး​ကြောကျဉ်းရောဂါ လေဖြတ် ရုတ်ရက်နှလုံးရပ် အဝလွန် နှလုံးအဆို့ရှင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သွားပွတ်တံ ကို စနစ်တကျ ဘယ်လို သိမ်းဆည်းမလဲ။

သွားပွတ်တံ သွားတိုက် ဘက်တီးရီးယား စိုထိုင်းဆ အာလုပ်ကျင်းဆေးရည် တစ်ကိုယ်ရည်သုံး သွားတိုက်ဆေး လက်ဆေး ပိုးသတ်ဆေးရည် သွားထိန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ရွှေမြန်မာတို့ သိထားသင့်တဲ့ ခံတွင်းအနံ့ဆိုးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read
သွားမတိုက်ရင် ကင်ဆာဖြစ်မယ် သတိထား

သွားမတိုက်ရင် ကင်ဆာဖြစ်မယ် သတိထား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 21, 2020 . 2 mins read