ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ခရီးသွားခါနီး ကားလတ်မှတ်သွားဝယ်တဲ့အခါ နောက်ဆုံးခုံပဲရတော့တယ်ဆိုရင် လူတိုင်းစိတ်ညစ်ကြပါတယ်။ နောက်ဆုံးခုံကြီးကလည်းဖြစ်၊ ခုံတန်းကရှည်၊ လူကလည်း ၅ ယောက်လောက်ပူးထိုင်ရဆိုတော့ ကြဉ်းကြပ်တာပေါ့။ ကားမူးတဲ့သူတွေဆို နောက်ဆုံးခုံမှာ ထိုင်စီးရမှာ အသေကြောက်။ နဂို အေးအေး ၂ ယောက်တွဲခုံတွေထိုင်တာတောင် ကိုယ့်မှာ မရှုနိုင် မကယ်နိုင်ဖြစ်နေတာ နောက်ဆုံးခုံမှာသာ ထိုင်စီးလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။ တစ်လမ်းလုံး အမူးကမ္ဘာထဲက ထွက်တော့မှာကို မဟုတ်ဘူး။

ဘာ့ကြောင့်လဲ ။ အခြားခုံတွေထက် ကားနောက်ဆုံးတန်းက ထိုင်ခုံက ဘာ့ကြောင့် ကားပိုမူးစေရတာလဲ။

  • ကားအင်ဂျင်တုံးကြီးက ကိုယ့်အောက်မှာပါ။ – အင်ဂျင်ခန်းဆိုတော့ အပူတွေထွက်မှာကျိန်းသေနေတယ်လေ။ အဲဒီ ပူနေတဲ့အပေါ်မှာကိုယ်က ထိုင်နေတာဆိုတော့ အပူဟပ်ြပီး သက်တောင့်သက်သာ မရှိလိုက်မယ်ဖြစ်ခြင်း။
  • စိတ်ကြဉ်းကြပ်တယ် – ကားထွက်ပေါက်တော်တော်များများက ဟိုး ထိပ်ဆုံးမှာလေ။ ကိုယ်စီးနေတဲ့ နေရာက ကားရဲ့ နောက်ဆုံးတန်းဆိုတော့ ထွက်ပေါက်နဲ့အဝေးကြီး၊ ဒီကြားထဲ အမူးပြေ အောင် ရှေ့ကိုကြည်လိုက်ရင် လူတန်းကြီးကိုပဲ မြင်နေရတဲ့အပြင် နောက်ဆုံးခုံဆိုတော့ ၅ယောက်လောက် ပေါင်းထိုင်လိုက်ရသေးတယ်။ ဒီတော့ ကြပ်ညက် စိတ်အိုက်ပြီး ကားပိုမူးတော့တာပေါ့။
  • ကားဘီးအပေါ်တည့်တည့်မှာရောက်နေတယ်- လမ်းသွားလို့ ကားက ချိုင့်ထဲများ မကျလိုက်နဲ့။ ကိုယ်ထိုင်နေတဲ့ နောက်ဆုံးခုံက ကားဘီးအပေါ်တည့်တည့်မှာဆိုတော့ လမ်းမညီတဲ့အခါ ချိုင့်ထဲ ကျသွားတဲ့အခါမှာ ဘာပြောကောင်းမလဲ။ ကားမူးလို့ ငြိမ်ငြိမ်လေးနေဖို့ နေနေသာသာ လူက တစ်ချက်တစ်ချက် မြောက်မြောက်သွားလို့ ပျို့ချင် အန်ချင်တဲ့စိတ်ကို ပိုဆွပေးသလိုဖြစ်နေတော့တာပေါ့ ။ အဲဒီ အချိန် အစာပြည့်အောင်စားထားလို့ကတော့ ခုန်တဲ့အရှိန် မူးတဲ့အရှိန်နဲ့ အကုန်ပြန်ထွက်မှာ အသေအချာပဲ။
  • ကားနောက်ပိုင်းက ပိုခါနေတတ်ပါတယ်။ – လမ်းသွားတဲ့အခါ ကားရှေ့ပိုင်း ဦးဆောင်တဲ့နောက်ကို ကားနောက်ပိုင်းက လိုက်ရတာဖြစ်တဲ့အတွက် ရှေ့ပိုင်းက ဝှေ့လိုက် စောင်းလိုက် ကွေ့လိုက် ကောက်လိုက် လုပ်လိုက်တဲ့အခါ ကားနောက်ပိုင်း ခါယမ်းနေတတ်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတန်းမှာစီးနေတဲ့ ကားမူးတတ်တဲ့ကိုယ့်ကို ပျို့ချင်အောင် ဆွပေးနေသလိုဖြစ်နေပါလိမ့်မယ်။
  • ထိန်းစရာလက်တန်းနဲ့ မှီစရာနေရာကလည်း မရှိ – နောက်ဆုံးတန်း ၅ ယောက်ထိုင်ရတဲ့အထဲမှာမှ ကိုယ်က အလယ် ၃ ယောက်မြောက်နေရာသာရလို့ကတော့ ကိုယ့်လောက်ကံဆိုးတဲ့သူ မရှိတော့ပါဘူ။ မူးနေတဲ့အချိန် မှီစရာလက်တန်းကလည်း မရှိ၊ ကားခုန်နေ ခါနေတဲ့အချိန် ထိန်းစရာလက်တန်းကလည်း မရှိ၊ လူကလည်း ကြပ် ဆိုတော့ ကားမူးပြီး ခေါင်းထဲနောက်ကျိနေမှာ ကျိန်းသေပဲ။
  • ရှုခင်းကြည့်ဖို့ဆိုတာ ဝေလာဝေး – ကားမူးတတ်တဲ့အချိန်လေး စိတ်အပြောင်းအလဲဖြစ်အောင် ဘေးက ပတ်ဝန်းကျင်ကို ကြည့်ပေးရတယ်မလား။ ခက်တာက ကိုယ်က နောက်ဆုံးတန်းမှာဆိုတော့ ပတ်ဝန်းကျင်က ရှုခင်းတွေအစား ကြပ်ညက်နေတဲ့ လူတွေကိုပဲ မြင်ရတော့မှာလေ။ ပြတင်းပေါက်ကလည်း ကိုယ့်အနားမှာ မရှိဘူးမလား ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမွှေစိန်လေးတွေရဲ့ ကျောင်းပိတ်ရက်ရှည် ရောက်လာတော့မယ်နော်

ကျောင်းပိတ်ရက်ရှည် ကျောင်း ပိတ်ရက် မိသားစု ကလေး သင်တန်း စက်ဘီးစီး ရေကူး ခရီးသွား မိဘများအတွက်လမ်းညွှန် ကလေးပြုစုစောင့်ရှောက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

လေယာဉ်အကြာကြီး စီးဖို့အတွက် ဒါတွေကို ပြင်ဆင်ထားပါ

လေယာဉ်စီး ခရီးသွား အစားအစာ အိပ်စက်ခြင်း အစာကြေ အဝတ်အစား ထိုင်ခုံ ရေသောက် ရေဓာတ် ခရီးစဉ် စိတ်ပျော်ရွှင်ခြင်း မူးဝေအော့အန် ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေချိန် မှာ မဖြစ်မနေ ခရီးသွား ရတော့မယ်ဆိုရင်

ဝူဟန်ဗိုင်းရပ်စ် ခရီးသွား ဖျားနာသူတွေ အ‌အေးမိ လည်ချောင်းနာ အသက်ရှူရခက် ချောင်းဆိုး လက်ကိုမကြာခဏဆေးကြော မျက်လုံး ရောဂါလက္ခဏာ နေမကောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကိုယ့်မှာဖြစ်နေတာ Morning Sickness လား… Motion Sickness လား… ဘယ်လိုသိနိုင်မလဲ

မအီမသာ Morning Sickness ဟော်မုန်း ပျို့အန် လက္ခဏာတွေ ဘေဘီလေး အစားစားချင်စိတ် ကလေးအသေမွေးတာ ရာသီသွေး ကားမူးတာ ရေသောက်ပါ အိပ်ရေးဝဝအိပ်ပါ တရားမှတ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဂျင်းမဟုတ်တဲ့ ဂျင်း (ginger)

ဂျင်းမဟုတ်တဲ့ ချင်း (ginger)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 20, 2020
COVID-19 ဗိုင်းရပ်စ် ပြဿနာကြား ခရီးသွား သင့်သလား

COVID-19 ဗိုင်းရပ်စ် ပြဿနာကြား ခရီးသွား သင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 17, 2020

အရက်ဖြတ်ကြတော့မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2020
ခရီး မှာ အသားအရေ ဂရုစိုက်ဖို့ မသိမဖြစ်အချက်လေးတွေ

ခရီး မှာ အသားအရေ ဂရုစိုက်ဖို့ မသိမဖြစ်အချက်လေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 21, 2020