backup og meta

ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရီးသွားရင်  နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။

    ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။ ဘာတွေလဲဆိုတာကိုတော့ ကိုယ်တိုင် လေ့လာလိုက်ပါ။

    ခရီးသွားခါနီး ကားလတ်မှတ်သွားဝယ်တဲ့အခါ နောက်ဆုံးခုံပဲရတော့တယ်ဆိုရင် လူတိုင်းစိတ်ညစ်ကြပါတယ်။ နောက်ဆုံးခုံကြီးကလည်းဖြစ်၊ ခုံတန်းကရှည်၊ လူကလည်း ၅ ယောက်လောက်ပူးထိုင်ရဆိုတော့ ကြဉ်းကြပ်တာပေါ့။ ကားမူးတဲ့သူတွေဆို နောက်ဆုံးခုံမှာ ထိုင်စီးရမှာ အသေကြောက်။ နဂို အေးအေး ၂ ယောက်တွဲခုံတွေထိုင်တာတောင် ကိုယ့်မှာ မရှုနိုင် မကယ်နိုင်ဖြစ်နေတာ နောက်ဆုံးခုံမှာသာ ထိုင်စီးလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။ တစ်လမ်းလုံး အမူးကမ္ဘာထဲက ထွက်တော့မှာကို မဟုတ်ဘူး။

    ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။

    ဘာ့ကြောင့်လဲ ။ အခြားခုံတွေထက် ကားနောက်ဆုံးတန်းက ထိုင်ခုံက ဘာ့ကြောင့် ကားပိုမူးစေရတာလဲ ဆိုတော့ ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။

    • ကားအင်ဂျင်တုံးကြီးက ကိုယ့်အောက်မှာပါ။ – အင်ဂျင်ခန်းဆိုတော့ အပူတွေ ထွက်မှာ ကျိန်းသေနေတယ်လေ။ အဲဒီ ပူနေတဲ့အပေါ်မှာကိုယ်က ထိုင်နေတာဆိုတော့ အပူဟပ်ပြီး သက်တောင့်သက်သာ မရှိလိုက်မယ်ဖြစ်ခြင်း။
    • စိတ်ကြဉ်းကြပ်တယ် – ကားထွက်ပေါက် တော်တော်များများက ဟိုး ထိပ်ဆုံးမှာလေ။ ကိုယ်စီးနေတဲ့ နေရာက ကားရဲ့ နောက်ဆုံးတန်းဆိုတော့ ထွက်ပေါက်နဲ့ အဝေးကြီး၊ ဒီကြားထဲ အမူးပြေ အောင် ရှေ့ကိုကြည့်လိုက်ရင် လူတန်းကြီးကိုပဲ မြင်နေရတဲ့အပြင် နောက်ဆုံးခုံဆိုတော့ ၅ယောက်လောက် ပေါင်းထိုင်လိုက်ရသေးတယ်။ ဒီတော့ ကြပ်ညက် စိတ်အိုက်ပြီး ကားပိုမူးတော့တာပေါ့။
    • ကားဘီးအပေါ် တည့်တည့်မှာ ရောက်နေတယ်- လမ်းသွားလို့ ကားက ချိုင့်ထဲများ မကျလိုက်နဲ့။ ကိုယ်ထိုင်နေတဲ့ နောက်ဆုံးခုံက ကားဘီးအပေါ် တည့်တည့်မှာ ဆိုတော့ လမ်းမညီတဲ့အခါ ချိုင့်ထဲ ကျသွားတဲ့အခါမှာ ဘာပြောကောင်းမလဲ။ ကားမူးလို့ ငြိမ်ငြိမ်လေးနေဖို့ နေနေသာသာ လူက တစ်ချက်တစ်ချက် မြောက်မြောက်သွားလို့ ပျို့ချင် အန်ချင်တဲ့စိတ်ကို ပိုဆွပေးသလို ဖြစ်နေတော့တာပေါ့။ အဲဒီ အချိန် အစာ ပြည့်အောင် စားထားလို့ကတော့ ခုန်တဲ့ အရှိန် မူးတဲ့ အရှိန်နဲ့ အကုန် ပြန်ထွက်မှာ အသေအချာပဲ။
    • ကားနောက်ပိုင်းက ပိုခါနေတတ်ပါတယ်။ – လမ်းသွားတဲ့အခါ ကားရှေ့ပိုင်း ဦးဆောင်တဲ့နောက်ကို ကားနောက်ပိုင်းက လိုက်ရတာဖြစ်တဲ့အတွက် ရှေ့ပိုင်းက ဝှေ့လိုက် စောင်းလိုက် ကွေ့လိုက် ကောက်လိုက် လုပ်လိုက်တဲ့အခါ ကားနောက်ပိုင်း ခါယမ်းနေတတ်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတန်းမှာ စီးနေတဲ့ ကားမူးတတ်တဲ့ကိုယ့်ကို ပျို့ချင်အောင် ဆွပေးနေသလို ဖြစ်နေပါလိမ့်မယ်။
    • ထိန်းစရာ လက်တန်းနဲ့ မှီစရာ နေရာကလည်း မရှိ – နောက်ဆုံးတန်း ၅ ယောက်ထိုင်ရတဲ့ အထဲမှာမှ ကိုယ်က အလယ် ၃ ယောက်မြောက် နေရာသာရလို့ ကတော့ ကိုယ့်လောက် ကံဆိုးတဲ့သူ မရှိတော့ပါဘူ။ မူးနေတဲ့အချိန် မှီစရာလက်တန်းကလည်း မရှိ၊ ကားခုန်နေ ခါနေတဲ့အချိန် ထိန်းစရာလက်တန်းကလည်း မရှိ၊ လူကလည်း ကြပ် ဆိုတော့ ကားမူးပြီး ခေါင်းထဲနောက်ကျိနေမှာ ကျိန်းသေပဲ။
    • ရှုခင်းကြည့်ဖို့ ဆိုတာ ဝေလာဝေး – ကားမူးတတ်တဲ့ အချိန်လေး စိတ်အပြောင်းအလဲဖြစ်အောင် ဘေးက ပတ်ဝန်းကျင်ကို ကြည့်ပေးရတယ်မလား။ ခက်တာက ကိုယ်က နောက်ဆုံးတန်းမှာဆိုတော့ ပတ်ဝန်းကျင်က ရှုခင်းတွေ အစား ကြပ်ညက်နေတဲ့ လူတွေကိုပဲ မြင်ရတော့မှာလေ။ ပြတင်းပေါက်ကလည်း ကိုယ့်အနားမှာ မရှိဘူးမလား ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement