စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

စိတ်ဖိစီးမှုဆိုတာ ဘာလဲ

စိတ်ဖိစီးမှုဆိုတာ

ဘဝရဲ့ကြီးမားတဲ့ စိတ်မပျော်ရွှင်စရာ ပြောင်းလဲမှု၊ ကြောက်စရာကောင်းလွန်းလှတဲ့ အခြေအနေသစ်တစ်ရပ်နဲ့ ကြုံတွေ့ရချိန်မှာ ခံစားရသော တုံ့ပြန်မှုတစ်မျိုးဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်စေသောအကြောင်းရင်းများကတော့

အလုပ်ခွင်မှာဆိုရင်

  • အချိန်မီ ပြီးစီးအောင် ဖိအားပေး ခိုင်းစေခံရခြင်း။
  • အလုပ်များ/နည်းလွန်းခြင်း။
  • အငြင်းပွားမှု ဖြစ်ပေါ်ခြင်း။
  • ပျင်းရိခြင်း။

ပုဂ္ဂိုလ်ရေးခံစားမှုတွေနဲ့ ပတ်သက်လို့

  • ချစ်ခင်ရသူများသေဆုံးခြင်း
  • နေမကောင်းဖြစ်ခြင်း
  • အိမ်ထောင်ရေး/လူမှုရေးပြဿနာများ
  • ကွာရှင်းခြင်း
  • ငွေရေး၊ ကြေးရေးပြဿနာများ
  • ပျော်ရွှင်စရာ အဖြစ်အပျက်များ

လူမှုပတ်ဝန်းကျင်မှာတော့

  • ရာသီဉတု အခြေအနေ
  • ယာဉ်ကြောများ

စိတ်ဖိစီးမှုကြောင့်အမူအကျင့်တွေပြောင်းလဲမှုတတ်ပါတယ်။

  • အရက်ဆေးလိပ်များ ပိုမိုသုံးစွဲလာခြင်း၊
  • အိပ်ချိန်၊ စားချိန် မမှန်ခြင်း၊
  • တစ်ယောက်ထဲနေချင်ခြင်း၊
  • အခြားသူများ၏ ပြဿနာကို စိတ်မဝင်စားခြင်း၊
  • အပေါင်းအသင်းများနှင့် ကင်းကွာခြင်း
  • ပတ်ဝန်းကျင်ကို စိတ်မဝင်စားခြင်း၊
  • ပုံမှန်မဟုတ်သော နေထိုင်ပြောဆိုခြင်း၊
  • အဓိပ္ပါယ်မဲ့ကြည့်ခြင်း၊
  • ခန္ဓာကိုယ် မငြိမ်မသက်ဖြစ်ခြင်းတွေဖြစ်လာတတ်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလက္ခဏာများ

  • ခြေ၊ လက် အေးစက်ခြင်း
  • အားအင်ကုန်ခမ်းခြင်း၊ ပျို့ခြင်း
  • ဂနာမငြိမ်ခြင်း
  • နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းမြန်ခြင်း
  • မူးဝေ၊ မေ့မြော၊ ခေါင်းကိုက်ခြင်း
  • မောပန်း၊ အလွန်အမင်း ချွေးထွက်ခြင်း
  • မျက်နှာနီမြန်း၊ အသက်ရှူခက်ခဲခြင်း
  • ပြတ်တောင်းစွာ အသက်ရှူခြင်း
  • အရေပြားအင်ပျဉ်ဖုထွက်ခြင်း
  • ရင်ဘတ်အောင့်၊ ရင်၊ ဝမ်းဗိုက်တင်းကျပ်ခြင်း၊ ဝမ်းလျှော၊ ဝမ်းချုပ်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်သော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

  • သတိလစ်ခြင်း၊ ကြောက်ရွံ့ခြင်း
  • စိတ်ဓာတ်ကျခြင်း
  • နောင်တသံဝေဂရခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း
  • ဝမ်းနည်းကြေကွဲခြင်း
  • ဒေါသထွက်ခြင်း
  • စိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း၊ အဓိပ္ပါယ်မဲ့ခြင်း
  • ယုံကြည်မှုပျောက်ဆုံးခြင်း
  • မျှော်လင့်ချက်ကင်းမဲ့ခြင်း
  • စိုးရိမ်ထိတ်လန့်ခြင်း။

စိတ်ဖိစီးမှု လျော့ကျစေမည့်နည်းလမ်းတွေရှိပါတယ်။

  • စိတ်ချရသူတစ်ဦးကို မိမိ၏စိတ်ခံစားမှု၊ အတွေ့အကြုံများ ပြောပါ။
  • ပန်းချီဆွဲ၊ စာရေး၊ တေးဆို/နားထောင်ပေးပါ။
  • ဆေးလိပ်၊ အရက်ကိုရှောင်ကြဉ်ပါ၊ လေ့ကျင့်ခန်းများပြုလုပ်ပါ။
  • တင်းကျပ်နေသောစိတ်ကို အသက်ပြင်းပြင်းရှူ၍ ချက်ချင်းဖြေလျှော့ပါ။
  • တစ်နေ့တာလုပ်ငန်းများကို အစီအစဉ်ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်ပါ။
  • ခက်ခဲသည့်တာဝန်များ မထမ်းဆောင်နိုင်ပါက ပုံမှန်လုပ်ငန်းသာ ဆောင်ရွက်ပါ။
  • အချိန်မှန်မှန်နှင့် ကောင်းစွာအိပ်စက်အနားယူပေးပါ။
  • အာဟာရမျှတသော အစားအစာများကို သင့်တင့်မျှတစွာ စားသုံးပါ။
  • အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အခက်အခဲများရှိက မိမိမိသားစု၊ မိတ်ဆွေတွေကိုပြောပြပါ။
  • စိတ်ကျန်းမာရေးဆရာဝန်ထံမှ အကြံဉာဏ်ယူပါ။
  • ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မှန်ကန်စွာ မြင်နိုင်ရန် အချိန်ပေးပါ။
  • စိတ်ဖိစီးမှုက သင့်ကို မလွှမ်းမိုးနိုင်စေဖို့ သင်က စိတ်ဖိစီးမှုကို ထိန်းချုပ်ရပါမယ်။

သင်ကိုယ်တိုင်ကလည်းစိတ်ဖိစီးနေသူတွေကိုပြန်လည်ကူညီနိုင်ပါတယ်။

ဘေးအန္တရာယ်တစ်ခု(ဥပမာ၊ မုန်တိုင်း၊စစ်ပွဲ စသည်) ရင်ဆိုင်ခဲ့ရသူတွေကို အောက်ပါနည်းလမ်းတွေနဲ့ကူညီနိုင်ပါတယ်။

  • တွေ့ကြုံလာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများအပေါ် စာနာသော၊ ထပ်တူခံစားနားလည်သော သဘောထားဖြင့် ဆောင်ရွက်ပါ။
  • ထိခိုက်ဒဏ်ရာရနေသော၊ ကြောက်ရွံ့နေသောသူများကို တစ်ယောက်တည်း မထားပါနှင့်၊ ကလေးငယ် များကိုလည်း မိဘများနှင့် ခွဲမထားပါနှင့်။
  • ၄င်းတို့ကို ဂရုစိုက်သော၊ ရိုးရှင်းသော၊ လက်တွေ့ကျသော၊ သဘာဝကျသော အပြုအမူများ လုပ်ဆောင်ပါ။ (ဥပမာ-မုန့်ကျွေးခြင်း၊ ရေတိုက်ခြင်း)
  • သူ၏ဘေးဒုက္ခဆိုင်ရာ အတွေ့အကြုံများ၊ ခံစားချက်များ ဖွင့်ပြောရန်အားပေးပါ။
  • အားပေးစကားပြောပါ။
  • သေကံမရောက် သက်မပျောက် ကျန်ရစ်သူများ၊ မိသားစုများနှင့် ပြန်ကြားဆက်သွယ်ရေးများကို တိကျသော၊ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များပေးပါ။
  • ပုံမှန်မဟုတ်သော ကြမ်းတမ်းရိုင်းစိုင်းမှု၊ ရက်စက်မှု၊ ဖျက်လိုဖျက်စီး အမူအကျင့်တို့ကို တွေ့ရှိပါက လွှဲပြောင်းညွှန်းပို့ပါ။
  • သေကံမရောက် သက်မပျောက်ကျန်ရစ်သူများကို လွယ်ကူ ရိုးရှင်းသော၊ အသုံးဝင်သော လုပ်ငန်းများတွင် အမြန်ဆုံး ပါဝင်လာစေရန် အားပေးပါ။

ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ၊ ရောဂါ (သို့မဟုတ်)စိတ်ဖိစီးမှုများစွာ ခံစားနေရသူ၊ စိတ်ဓာတ်ကျဆင်းနေသူများကို ထပ်တူခံစား နားလည်ပေးပြီး အားပေးစကား ပြောကြားပေးခြင်းဖြင့်ကူညီပါ။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးတိုးရောဂါ (Hypertension)

သွေးတိုးတယ်လို့ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပယိကရောဂါလိုမျိုး သဘောထားတတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း

အမျိုးသားတွေက ဆရာဝန်တွေကို ရှောင်ရှားသူတွေ၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားနေရတာမျိုးတွေကို အလေးမထား လျစ်လျူရှု့တတ်သူတွေရယ်လို့ နာမည်ကြီးသူတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစားအသောက်နဲ့ ဝိတ်ချ မယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း

ဝိတ်ချမယ်ဆိုရင် ကိုယ်နဲ့ သင့်တော်တဲ့ စားသောက်မှုပုံစံကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။ လေ့ကျင့်ခန်းအတွက်လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 3 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးမယ့် သူရဲကောင်းလေးများ

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 13, 2021 . 3 mins read
အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 2 mins read
လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 2 mins read