Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 28, 2019 . 4 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ကဘာလဲ။

ခန္ဓါကိုယ်တွင်းသွေးထုထည်၂၀ရာခိုင်နှုန်းထက်ပိုပြီး ဆုံးရှူးံသွားခြင်းကြာင့်ဖြစ်ပါတယ်။ ရှော့ခ်ရခြင်းကနေ အသက်အန္တရာယ်ပေးနိုင်ပါတယ်။ ပြင်းပြင်းထန်ထန်အရည်ဓါတ်ဆုံးရှုံးငြခ်းကြောင့် နှလုံးကနေ သင့်ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ သွေးလုံလုံလောက်လောက်မပို့ပေးနိုင်ပါဘူး။ ရလဒ်အနေနဲ့ အင်္ဂါအစိတ်အပိုင်းတွေပျက်စီးသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရေးပေါ်ကုသမှုလိုအပပ်ါတယ်။

Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်အများဆုံးရှော့ခ်ရခြင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ အရမ်းငယ်လွန်းတဲ့ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

အရည်သို့သွေးဆုံးရှူံးမှုပမာဏပေါ်မူတည်ပြီး ကွဲပြာနိုင်ပါတယ်။ လက္ခဏာတွေအားလုံးက အသက်အနဍ္ဍတရယ်စိုးရိမ်ရပြီး အရေးပေါ်ကုသမှုလိုအပ်ပါတယ်။

အတွင်းကလီစာတွေသေါးယိုတဲ့အခြေအနေတွေမှာ ရှော့ခ်ရခြငးလက္ခဏာမပြမချင်း ရောဂါသိနိုင်ဖို့ ခက်ပါတယ်။ ပြင်ပသွေးထွေက်ခြင်းကတော့ မြင်သားပါတယ်။

သိပ်မဆိုးရွားမပြင်းထန်တဲ့လက္ခဏာတွေကတော့

ခေါင်းကိုက်ခြင်း

မောပန်းနွမ်းနယ်ခြင်း

မူဝေခြင်း

ချွေးထွက်များခြင်း

မူးဝေခြင်း

ပြင်းထန်ပြိး အရေးပေါ်ကုငသမှုချက်ချင်းကုခံယူဖို့လိုတဲ့ လက္ခဏာတွေကတော့

အသားများအေးစက်လာခြင်း

အရေပြားဖျော့တော့ခြငး

အသက်ရှူမြန်ခြင်း တိမ်ခြင်း

နှလုံးခုန်နှုန်းမြန်ခြင်း

ဆီးနည်းခြင်း ဆီးမသွားခြင်း

မရေမရာဖြစ်ခြင်း

အားနည်းခြင်း

သွေးခုန်နှုန်းမျှင်းခြင်း

နှုတ်ခမ်းနဲ့လည်သည်းများပြာင်င်း

လစ်ဟာဟာဖြစ်ခြင်း

သတိမေ့သါားခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရှော့ခ်ဖြစ်ရလောက်တဲ့အထိ သွေးပမာဏဆုံးရျူး့ခြင်းက အောက်ပါပြင်းထန်တဲ့အခြေအနေတွေကြောင့်

ဖြစ်နိုင်ပါတယ်။

ပြင်းထန်တဲ့ရှရာဒဏ်ရာတွေမှ သွေးထွက်ခြင်း

မတော်တဆမှုကြောင့် ထိခိုက်မိရာမှ သွေးထွက်ခြင်း

ကလီစာများမှသွေးယိုခြင်း သို့ ပုံမှန်မဟုတ်တဲ့နေရာတွင်သန္ဓေတည်ရာမှ ပေါက်ထွက်သွားခြင်း

အစာချေလမ်းကြောင်းမှသွေးယိုခြင်း

ယောနိလမ်းောကာင်းသွေးဆင်းခြင်း

သွေးဆုံးရျူးံမှုပမာဏအပြင် ကိုယ်တွင်းအရည်များဆုံးရျူးံခြင်းကလေည်း သွေးပမာဏကိုနနည်းစခြေင်းမှာအဓိကကျပါတယ်။

အလွန်အမင်းဝမ်းလျှောခြင်း အကြာကြိးဝမ်းလျှောခြင်း

ပြင်းပြင်းထန်ထန်မီးပူလောင်ခြင်း

အလွန်အမင်းအော့အန်ခြင်း

အလွန်အမင်းချွေးထွက်ခြင်း

သာမန်မှာဆိုရင် အောက်ဆီဂျင်နဲပအခြားအရေးပါတဲ့ပစ္စည်းတွေကို သွေးကနေတစ်ဆင့် အင်္ဂါအစိတ်အပိုင်းတွေဆီတစ်ရှူးတွေဆီ ပို့ပေးပါတယ်။ သေါးအများကြီးဆုံးရျူ့သွားတဲ့အခါမျာ နျလုံးကနေခန္ဓါိကိုယ်တစ်ခုလုံးဆီ လုံလုံလောကေလောက်သွေးမပို့ပေးနိုင်တော့ပါဘူး။ ခန္ဓါကိုယ်က ဒီပစ္စည်းတွေကို ပြန်ဖြည့်တင်းပေးနိုင်တာထက်ပိုပြီးဆုံးရှူါ့်သွားတဲ့အခါမျာ ခန္ဓါကျိုယ်အင်္ဂါအစိတ်အပေိုင်း လုပ်ဆောင်ရည်တွေကျသွားပြီး ရှော့ခ်လက္ခဏာတွေပေါ်လာပါတယ်။ သွေးဖိအားသွေးပါင်ချိန်ထိုးကျသွားခြင်းက

အသက်အန္တရာယ်ပေးနိုင်ပါတယ် ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း ဖစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

တစ်နှစ်အောက်ကလေးများနှင့် ကလေးများ

ပြင်းပြင်းထန်ထန်ဝမ်းလျှောခြင်းနဲ့အော့အန်ခြင်းကို အဖြစ်နိုင်ချေများဆုံးအုပ်စုဖြစတဲ့ ကလေးငယ်တွေမှာ ရေဓါတ်ခန်းခြောက်ခြင်းကို အထူးသဖြင့်ခံနေကြရပါတယ်။

အသက်ကြီးသူများ

အသက်ကြီးလာလေ ခန္ဓကိုယ်တွင်းအရည်ပမာဏ နည်းလာပြီး ရေကိုသိုလှောင်သိမ်းဆည်းနိုင်စွမ်းလျော့လာတဲ့အပြင် ရေငတ်ခြင်းကိုအာရုံခံစားနိင်စွမ်းလည်း လျော့ကျလာပါတယ်။

နာတာရှည်မကျန်းမာသူများ

မကုသဘဲထားတဲ့အီးချိုရောဂါသည်ဒါမှမဟုတ် ဆီးချိုရောဂါအခြေအနေပြင်းထ်န်နေသူတွေမှာ သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်းရှာ့ခ်ရနိုင်ချေများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ကိုယ်ခန္ဓါပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေ ချက်ခငျးလုပ်ဆောင်ပါလိ့်မ်ယ။

သွေးထွက်များခြင်းက ချက်ချင်းသိနိုင်ပြီး အတွင်းပိင်းသွေးယိုငြခ်းကတော့ တခါတလေမှာ သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်းလက္ခဏာတွေမပြသေးမချင်း သိနိုင်ဖေို့ခက်ပါတယ်။ ပြငပလက္ခဏာတွေအပြင် ဆရာဝန်က

သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်းကို အတည်ပြုဖို့အတွက် များပြားလှတဲ့စစ်ဆေးမှုတွေလည် းပြုလုပ်ပါလိမ့်မယ်။

သွေးစစ်ခြင်း – အီလက်ထရိုလိုက်ဟန်ချက်မမျှတမှုများ၊ ကျောက်ကပ်၊ အသည်းလုပ်ဆောင်ရညတေါကို သိရှိရန်ဖြစ်ပါတယ်။

ကိုယ်တွင်းအင်္ဂါတွူကိုမြင်နိုင်ဖေို့အတွက် စီတီစကန်ဖတ်ခြင်း အယ်ထရာဆောင်းရိုက်ခြင်း

နှလုံးအယ်ထရာဆောင်း အက်ခိုးကာဒီယိုဂရမ်

နှလုံးခုန်မှန်မမှန်သိနိုင်ဖို့အတွက် အီစိဂျီရိုက်ခြင်း

အစာရေမျိုပြွန်နဲ့အူလမ်းကြေင်းအင်္ဂါတွေကို စမ်းသပ်ဖို့အတွက် မှန်ပြောင်းကြည့်ခြင်း

နှလုံးညှစ်နိုင်စာမ်းကိသိဖို့အတွက် နျလုံးညာဘက်ခြမ်းကက်သီတာထည့်ခြင်း

ဆီးအိတ်အတါင်း ဆီးပမာဏကိုတိုင်းတာဖို့အတွက် ဆီးပိုက်ကက်သီတာထည့်ခြင်း

သင့်လက္ခဏာတွေပေါ်အခြေခံပြီး အခြားစစ်ဆေးမငတွေလည်း ပြုလုပ်ပေးပါလိမ့်မယ်။

Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ုရျော့ခ်လက္ခဏာတွေပြတာနဲ့ အရေးပေါ်နံပါတကို ချက်ချင်းခေါ်သင့်ပါတယ်။ အရေးပေါ်အကူအညီမလာသေးခင်မှာ အောက်ပါတို့ကိုပြုလုပ်ထားသင့်ပါတယ်။

ခြေထောက်ကို ၁၂လက်မလောက်မြှင့်ထားပြီး လူနာကိုလဲလျောင်းနေစေခြင်း

ဦေးခါင်း၊ လည်ပင်းနောက်ကျောထိခိုက်မှုတွေ ရှိထားတယ်လို့သံသယရှိမယ်ဆိုရင် လူနာကိုမလှုပ်ရှားခိုင်းခြင်း

ကိုယ်တွင်းအပူချိန်ကျခြင်းကိုကာကွယ်ဖို့အပတွက် လူနာကိုနွေးနွေးထွေးထွေးထးခြင်း

အရည်တွေကိုမသောက်ခိုင်းပါနဲ့။

ဆေးရုံရာက်တဲ့အခါမှာ လူနာကို သွေးဆုံးရှူံးမှုကိုပြန်လည်ဖြည့်တင်းဖို့နဲ့ သွေးလှည့်ပတ်မှုကောင်းစေဖို့ အရည်ဒါမှမဟုတ် သွေးတွင်းပစ္စည်းများကို သွေးပြန်ကြောကနေတစ်ဆင့်

သွင်းပေးပါလိမ့်မယ်။

သွေးရည်ကြည်သွင်းခြင်း

သွေးခဲအောင်ပြုလုပ်ပေးသည့်သွေးဆဲလ်များ သွင်းပေးခြင်း

သေါးနီဥများသွင်းပေးခြင်း

ခရစ်တယ်လွိုက်များ အကြောဆေးသွင်းခြင်း

ဆရာဝန်က သွေးလည်ပတ်မှုကောင်းစေဖို့နဲ့ လိုအပ်တဲ့နေရာကိုသွေးရဖို့ နှလု့းညှစ်အားကောင်းတဲံဆေးတွေကို ညွှန်ကြားပါလိမ့်မယ်။

ကူးစက်ပိုးဝင်ခြင်းကြောင့်ရှော့်ခ်ရခြင်းနဲ့ ဘတ်တီးရီးယားကူးစက်ပိုးဝင်ခြင်းကိုကာကွယ်ဖို့ ပဋိဇီဝပိုးသတ်ဆေးတွေကိုလည်း ညွှန်းပါလိမ့်မယ်။

နှလုံးလုပ်ဆောင်ရည်ကိုစောင့်ကြည့်ခြင်းက ကုသမှုတွေထိရောက်မှုရျီမရှိ ဆုံးဖြတ်ပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ရခြင်းကို အများစုမှာကာကွယ်လို့မရနိုင်ပါညဘူး။ ထိခ်ုကမှုကြောင့် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်ပြီးသါားတဲ့အခါမှာ ဖြစ်လေ့ရျပါတယ်။ ရေဓတာ်ခန်းခြောက်ခြင်းက အရည်တွေလုံလုံလောက်လောက်သောက်ခြင်းဖြင့် တခါတလေမှာ ကကွုယ်ပေးနိုင်ပါတယ်။ ဓါတ်ဆေားရည်လိုမျိုး အရေးပါတဲ့ဆားဓါတ်သကြားဓါတ်တွေကို ထိန်းပေးတြ့အရေည်တွေက ပြင်းပြင်းထန်ထန်အော့အန်ခြင်းဝမ်းလျှောခြင်းတွေဖြစ်တဲ့အခါမှာ ကူညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    Familial Mediterranean fever

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn

    Fibrous dysplasia

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn

    Fuchs’ dystrophy

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn

    Cardiac Tumor (နှလုံးအကျိတ်)

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Sandy Kyaw

    သင့်အတွက် ရွေးချယ်ထားသည်

    အရေပြားမှိုရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Ye Mhan Linn
    ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2018 . 2 mins read
    Internal thrombosed hemorrhoids (အတွင်းလိပ်ခေါင်း)

    Internal thrombosed hemorrhoids (အတွင်းလိပ်ခေါင်း)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 4 mins read
    Lip cancer (နှုတ်ခမ်းကင်ဆာ)

    Lip cancer (နှုတ်ခမ်းကင်ဆာ)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 4 mins read
    Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ)

    Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 4 mins read