ဦးထုပ်ဆောင်းရင် ခေါင်းကိုက်တာ ဘာကြောင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နေပူလို့ဦးထုပ်လေးဆောင်းပါမယ်ဆိုဆောင်းလို့မဖြစ်၊ သူများလို စတိုင်ထုတ်ချင်လည်း ဦးထုပ်ဆောင်းတိုင်းခေါင်းကိုက်ရသူတွေ ရှိပါတယ်။ အလှလည်းဆောင်းမရ၊ ကျန်းမာရေးအတွက်လည်းဆောင်းမရ၊နောက်ဆုံးဆောင်းတွင်းခေါင်းစွပ်တောင် စွပ်မရသူတွေမှာ အတော်အဆင်မပြေဖြစ်ရပါတယ်။ ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးမှာပါ။

ဒီလိုဖြစ်တာကို ဖိအားကြောင့်ခေါင်းကိုက်ခြင်း (compression headache) လို့ခေါ်ပါတယ်။ ဦးခေါင်းမှာ ဒါမှမဟုတ် ဦးရေပြားမှာ ဖိအားဖြစ်စေ၊ တင်းကျပ်စေတဲ့အရာတွေဝတ်ဆင်တဲ့အခါဖြစ်လာတတ်တဲ့ခေါင်းကိုက်ခြင်းတစ်မျိုးပါ။ ဦးထုပ်၊ခေါင်းစည်းကြိုး၊ခေါင်းပေါင်းတွေဝတ်ရင်ဖြစ်တတ်သလို တချို့မိန်းကလေးတွေမှာ ဘီးကုတ်တပ်ရင်တောင်ခေါင်းကိုက်တတ်ပါတယ်။

ဒီဝေဒနာက ဦးထုပ်ဆောင်းထားသရွေ့ခံစားနေရတတ်ပြီး ချွတ်လိုက်တဲ့အခါ သက်သာသွားတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေက –

  • တဒုတ်ဒုတ်နဲ့ ထိုးကိုက်တာမဟုတ်ဘဲ ခေါင်းကိုက်ဝေဒနာကို ပုံမှန်နှုန်းနဲ့ခံစားနေရတယ်၊
  • မအီမသာဖြစ်တာ၊ခေါင်းမူးတာလိုမျိုး တခြားလက္ခဏာတွေမရှိဘူး၊
  • ခေါင်းကို ဖိအားဖြစ်စေတဲ့အရာ ဖယ်ရှားလိုက်တာနဲ့ တစ်နာရီအတွင်း ကိုက်ခဲမှုသက်သာသွားတယ်။

ဒါပေမယ့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်လေ့ရှိတဲ့သူတွေမှာဆို ဒီဝေဒနာကနေခေါင်းတစ်ခြမ်းကိုက်ဝေဒနာအဖြစ် ကူးပြောင်းသွားနိုင်ပါတယ် –

  • ဦးခေါင်းတစ်ခြမ်း သို့မဟုတ် နှစ်ဖက်စလုံးမှာ တဒုတ်ဒုတ်နဲ့ထိုးကိုက်ခြင်း
  • အလင်း၊အသံ ဒါမှမဟုတ် တစ်ခါတလေ အထိမခံနိုင်တဲ့အထိဖြစ်ခြင်း
  • မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း တို့ဖြစ်လာနိုင်ပါတယ်။

ဖြစ်လာစေတဲ့ အကြောင်းရင်း

ဖိအားကြောင်းခေါင်းကိုက်ခြင်းကိုဖြစ်စေတာက အပေါ်မှာပြောခဲ့တဲ့အတိုင်း ဦးခေါင်းကိုတင်းကျပ်စေတဲ့အရာ – ဦးထုပ်၊ခေါင်းဆောင်း၊ခေါင်းစည်းကြိုးစတာတွေဝတ်ဆင်တာကြောင့်ဖြစ်ပါတယ်။

မျက်နှာကနေ ဦးနှော်က်ကို သတင်းပေးပို့တဲ့ နာကျင်မှုအာရုံကြောမျှင်လေးတွေနဲ့ နာကျင်မှုအာရုံလက်ခံပေးတဲ့အာရုံကြောဆဲလ်တွေ ဒါမှမဟုတ် ဦးခေါင်းနောက်စေ့က အာရုံကြောတွေကို ဖိအားဖြစ်စေရာကဖြစ်လာတာပါ။

နောက်ဆက်တွဲပြဿနာ

ဒီလိုဖြစ်တာကြာလာရင်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်လာစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

ပြင်ပဖိအားကြောင့်ခေါင်းကိုက်ဝေဒနာကို ကာကွယ်နိုင်ဖို့ကတော့ ဒီလိုဖြစ်စေတဲ့အရာတွေ ဦးခေါင်းမှာမဝတ်မိဖို့ပဲဖြစ်ပါတယ်။ ဦးထုပ်ဆောင်းမယ်ဆိုရင်တောင်မှ သိပ်မကျပ်တဲ့ ခပ်ချောင်ချောင်အရွယ်အစားကိုရွေးချယ်ပါ။ ဦးခေါင်းမှာ ဘာပဲဝတ်ဝတ် သက်တောင့်သက်သာဖြစ်စေဖို့ ကိုယ်နဲ့သင့်တော်မယ့် အရွယ်အစားနဲ့ ဒီဇိုင်းကိုရွေးချယ်ပါ။

ဖြစ်လာရင်ရော ဘယ်လိုကုသမလဲ

အရှင်းဆုံးကတော့ ဒါကြောင့်ခေါင်းကိုက်နေရင် အဲဒီအရာကို ချွတ်ဖယ်လိုက်ဖို့ပဲလိုပါတယ်။နောက်ထပ်သီးသန့်ကုသဖို့ လိုအပ်တာ နည်းပါတယ်။ခေါင်းတစ်ခြမ်းကိုက် အဖြစ်များတဲ့သူတွေမှာသာ အခုလိုဖြစ်လာရင်ခေါင်းကိုက်ပျောက်ဆေးသောက်ဖို့လိုပါလိမ့်မယ်။

ဦးထုပ်ဆောင်းတဲ့အခါ ဦးထုပ်ကို မကျပ်အောင်လျှော့ထားလိုက်ရင်လည်း သက်သာပါတယ်။ ဆံပင်နဲ့ဦးခေါင်းကို တင်းပြီးဆွဲစည်းသလိုမဖြစ်စေဖို့ ဂရုစိုက်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ကြောင့် အသက်အန္တရာယ်အပြင်ဘာတွေဖြစ်နိုင်သေးလဲ

ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စမြဲပါ။ Covid -19 ရောဂါပိုး ကူးစက်ခံရရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေလောင်ဒဏ်ကို ဘယ်လိုကာကွယ်မလဲ

နေပူကျဲကျဲ၊ ဆိုးရွားတဲ့ဝေဒနာ၊ အပူပိုင်းဒေသ၊ အရေပြားကင်ဆာ၊ ကျန်းမာရေးပြဿနာ၊ နေရောင်ခြည်၊ အရေပြား၊ နေကာမျက်မှန၊ ဦးထုပ်၊ အင်္ကျီလက်ရှည်၊ Sunscreen၊ Zinc Oxide

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

ဟော်မုန်း ခေါင်းကိုက်ခြင်း အမျိုးသမီး မျိုးရိုးဗီဇ ရောဂါ ကိုယ်ဝန်ဆောင် သွေးဆုံး ရာသီလာ တားဆေး ကလေးမွေး ဓမ္မတာလာ အိပ်ချိန် အရက် စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ

ပုံမှန် အိပ်စက်ချိန်စံနှုန်းဟာ ၈နာရီပဲ ရှိပါတယ်။ ဒီထက်ပိုရင်တော့ Oversleep ဖြစ်တယ်၊ ပိုအိပ်မိတယ်လို့ ဆိုနိုင်ပါတယ်။ အိပ်စက်ခြင်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read
ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 3 mins read