ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်း (၁၀)ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခေါင်းကိုက်လိုက်တာ။ ဘာမှမလုပ်ချင်ဘူး။ ဘာလို့များခေါင်းကိုက်ရတာလဲမသိဘူး၊ ဆိုတဲ့သူတွေများရှိလား။ ဒါဆိုရင်တော့ ဘာကြောင့်ခေါင်းကိုက်ရတာလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကနေ ကူညီပေးပါရစေနော်။

ခေါင်းကိုက်….ခေါင်းကိုက်…..ခေါင်းကိုက်

ခေါင်းကိုက်တယ်ဆိုတာက ခေါင်းထဲမှာနေရတာ သက်တောင့်သက်သာမရှိတဲ့အနေအထားမျိုးပါ။ လှုပ်ရှားလွန်းတာကြောင့် ဖြစ်နိုင်သလို ခေါင်းထဲမှာရှိတဲ့ နာကျင်မှုကိုအာရုံခံတဲ့ အစိတ်အပိုင်းတွေမှာ ပြဿနာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ခေါင်းကိုက်တဲ့အမျိုးအစားကလည်း အမျိုးမျိုးပါ။ သာမန်ခေါင်းကိုက်တာက က ရောဂါတစ်ခုခုကြောင့်ဖြစ်တဲ့ရှေ့ပြေးလက္ခဏာတစ်ရပ်မဟုတ်ပါဘူး။

ဦးနှောက်ထဲမှာ ဖြစ်ပေါ်တဲ့ Chemical activity၊ ဦးခေါင်းခွံတဝိုက်က အာရုံကြောတွေ၊သွေးကြောတွေ၊ ဦးခေါင်းနဲ့ဇက်က ကြွက်သားတွေက ခေါင်းကိုက်တာကိုဖြစ်စေရာမှာ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်နေကြတာပါ။

ဒီအချက်တွေကြောင့် ခေါင်းကိုက်စေနိုင်တယ်နော်

သင့်ကိုခေါင်းကိုက်စေရတဲ့အကြောင်းအရင်းတွေကတော့ တော်တော်လေးများပါတယ်။ နေ့စဉ်ဘဝမှာလုပ်မိနေတဲ့ အချက်တွေကြောင့်လည်း ခေါင်းကိုက်တာကိုခံစားရနိုင်ပါတယ်။

(၁) ရာသီဥတုအခြေအနေ – ခေါင်းကိုက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခုပေါ့။ ရာသီဥတုအခြေအနေတိုင်း ကတော့ခေါင်းကိုက်တာကိုမဖြစ်စေနိုင်ပါဘူး။ အရမ်းပူလွန်းတဲ့ရာသီဥတုအခြေအနေ၊ ပတ်ဝန်းကျင်က စိုထိုင်းဆ ပြောင်းလဲသွားမှုအနေအထားတွေက ဦးနှောက်ရဲ့ ဓါတုပစ္စည်းထုတ်လုပ်မှုကို ပြောင်းလဲသွားခြင်းတို့က ခေါင်းကိုက် တာကိုဖြစ်စေတာပါ။

(၂) စိတ်ဖိစီးမှု – ခေါင်းကိုက်ရခြင်းရဲ့ ၃ ပုံ တစ်ပုံလောက်က စိတ်ဖိစီးမှုများတာကြောင့်ပါ။ တစ်နေ့တာမှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုကြောင့် ပခုံး၊ဇက်နဲ့ဦးရေပြားကကြွက်သားတွေမှာတင်းအားတွေဖြစ်ပေါ်ပြီး ခေါင်းကိုက်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာသက်သာစေဖို့က အသက်ရှုလေ့ကျင့်ခန်းလေးလုပ်ကြည့်ပါနော်။

(၃) ဒေါသဖြစ်တာ – ဒေါသထွက်တာက စိတ်ရောရုပ်ကိုပါတော်တော်လေးထိခိုက်စေတာပါ။ ဒေါသထွက်တဲ့အခါ ဇက်နဲ့ဦးရေပြားကကြွက်သားတွေတင်းလာပြီး ခေါင်းကိုက်နိုင်ပါတယ်။ ဒေါသထွက်တဲ့အခါ အသက်ခပ်ပြင်းပြင်းရှုထုတ် လိုက်ပါ။ ဒါက ဒေါသကြောင့်ခေါင်းမကိုက်အောင်ကာကွယ်လိုက်တာပါပဲ။

(၄) အလင်းစူးလွန်းတာ – ဖုန်း၊ကွန်ပျူတာမျက်နှာပြင်တို့ကအလင်းစူးလွန်းတာကြောင့် ဦးနှောက်တွင်းက ဓါတုပစ္စည်းပမာဏ ကိုတိုးစေပြီးခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့်ဖုန်းတို့ကွန်ပျူတာတို့ရဲ့ မျက်နှာပြင်အလင်းရောင်ကို လျှော့ပြီး သုံးပေးပါ။

(၅) အစားအသောက် – အစားအသောက်က ကျန်းမာရေးအတွက်တော်တော်လးအရေးပါပါတယ်။ ဒါပေမယ့် အစားအစာဆိုတာက စားတတ်ရင် အားဖြစ်ပေမယ့် မစားတတ်ရင် ထိခိုက်နိုင်ပါတယ်နော်။ ချိစ်၊ချောကလက်၊ အချဉ်သီးတွေ၊ အသားဆားနယ်တွေ၊ အခွံမာသီးတွေ၊ ကြက်သွန်နီ၊ အငန်များတဲ့အစားအစာတွေနဲ့ အချိုမှုန့်ကဲတဲ့ အစားအစာတွေကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။

(၆) သောက်စရာ – သောက်စရာမှာရေကလွဲလို့ ကျန်တဲ့သောက်စရာတွေကိုသောက်တာက ခေါင်းကိုက်တာကိုဖြစ်စေနိုင်ပါ တယ်။ ကော်ဖီလက်ဖက်ရည်၊အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောနဲ့ကဖင်းပါတဲ့သောက်စရာတွေကို အတိုင်အချင့်လေးနဲ့သောက်ပြီး ရေများများသောက်ပေးပါ။ ရေဓါတ်ဆုံးရှုံးတာေကြာင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။

(၇) အစာစားချိန်မမှန်တာ – အလုပ်များနေလို့ မနက်စာတောင်မစားလိုက်မိဘူး။ တော်ပါပြီ အချိန်လွန်နေလို့ ညနေမှပဲစားတော့မယ်မလုပ်ပါနဲ့နော်။ အစားစားချိန်မမှန်တာကြောင့် သွေးတွင်းသကြားဓါတ်ကျဆင်းသွားတဲ့အခါ ခေါင်းကိုက်နိုင်ပါတယ်နော်။ အလုပ်များနေရင်တောင်တစ်ခုခုတော့စားပါ။

(၈) အိပ်ရေးမဝတာ – အိပ်ရေးမဝခြင်းက ခေါင်းကိုက်ခြင်းကိုဖြစ်တဲ့ နံပါတ် ၁ အကြောင်းအရင်းပါ။ ညတိုင်း ညဉ့်နက်အထိနေတာမျိုးမလုပ်ဘဲ အိပ်ချိန်ကိုတိတိကျကျလေးသတ်မှတ်ပြီး စောစောအိပ်ရာဝင်နိုင်ဖို့ ကြိုးစားပါ။

(၉) လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ – လေ့ကျင့်ခန်းလုပ်တာက ခန္ဓါကိုယ်ကို ကျန်းမာကြံ့ခိုင်စေနိုင်တယ်ဆိုပေမယ့် လေ့ကျင့်ခန်းအလွန်အကျွံလုပ်တဲ့အခါ ဦးခေါင်းနဲ့ဇက်မှာ သွေးစီးဆင်းမှုတိုးသွားစေပြီး သွေးကြောတွေကိုရောင်စေနိုင်ပါ တယ်။ ဒီအခြေအနေက ခေါင်းကိုက်တာကိုဖြစ်စေနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ် ကနေ ၅ကြိမ်လောက်လေ့ကျင့်ခန်း လုပ်တာက အသင့်တော်ဆုံးပါ။

(၁၀) အချိန်အကြာကြီး တစ်ပုံစံတည်းနေခြင်း – ရှေ့ကိုကိုင်းပြီး အချိန်အကြာကြီးထိုင်တာက နောက်ကျောနဲ့ ဇက်ကြွက်သားတွေကိုတင်းစေပြီး ခေါင်းကိုက်တာကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံစံတစ်ခုတည်းမှာ အချိန်အကြီးမထိုင်ပါနဲ့။ ကိုယ်ကို မတ်မတ်လေးထိုင် ပေးပါ။

ကဲ…………. နေ့စဉ်ဘဝမှာ ခေါင်းကိုက်တာကြောင့် စိတ်မညစ်ရစေဖို့ အခုပြောပြခဲ့တဲ့အချက်လေးတွေကို သတိထား ဆင်ခြင်လိုက်ပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည် သဘောပေါက် လက်ခံပေးတာဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား

ရေးသားသူ Ye Zon Aung

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

နေပူထဲမှာ ခေါင်းတွေကိုက် တာက သာမန်အခြေအနေလည်း ဖြစ်နိုင်သလို အပူဒဏ်ကြောင့် ရေဓာတ်ဆုံးရှုံးပြီး နုံးတာ၊ အပူလျှပ်တာရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read