စိတ်ဖိစီးမှုတွေပြေချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

စိတ်ညစ်တယ်တို့၊ စိတ်ဓါတ်ကျတယ်တို့ဖြစ်လာရင် ဘီယာဆိုင်သွားရတာနဲ့၊ မိန်းကလေးတွေဆိုရှော့ပင်ထွက်ရတာနဲ့၊ လျှောက်လည်ကြတာနဲ့ ဖြေဖျောက်ကြတယ်။ တချို့ကျ တစ်ချောင်ချောင်မှာ မှိုင်ပြီး ဘာကို ဘူမှန်းမသိဘူနေတာမျိုး။

အလုပ်ကြောင့်၊ မိသားစုကြောင့်၊ အချစ်ကြောင့်၊ သူငယ်ချင်းကြောင့်စိတ်ဖိစီးနေတာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေဖျောက်ကြတယ်မလား။ ခရီးထွက်လိုက်တာ၊ကော်ဖီဆိုင်ထိုင်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ စတဲ့တခြားနည်းတွေရှိသေးတယ်။

ဒီတစ်ခါ သုတေသနတွေကတွေ့ရှိလာတဲ့ နည်းတစ်ခုကတော့ အဆန်း။ အိမ်ကအမေတွေပျော်မယ့်နည်းလမ်းပေါ့လေ။ အိုးခွက်ပန်းကန်တွေဆေးကြောတာက စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်တဲ့။ အိမ်အလုပ်ဝိုင်းမကူတဲ့ သားသမီးတွေကို ဒီသတင်းနဲ့ဆွဲဆောင်လို့ရပြီလေ။

စိတ်ညစ်လာရင် ဂျင်မ်သွား ကစားမယ့်အစား၊ အိမ်မှာ အိုက်တိုးပဂေးဆန်လိုက်ပါ။ အိမ်မှာလည်း ကူညီရာရောက် ကိုယ်လည်းအကျိုးရှိပါတယ်။

ဖလော်ရီဒါပြည်နယ်တက္ကသိုလ် သုတေသီတွေက ဒီဆက်နွှယ်မှုကိုလေ့လာတွေ့ရှိခဲ့တာပါ။

ပူလောင်စေတဲ့ ဖိစီးမှုအတွေးတွေကို လွှင့်ပစ်ပြီး ကိုယ်လုပ်သင့်တာတွေကိုရှင်းရှင်းလင်းလင်းမြင်လာစေတဲ့အထိ ကြည်လင်သွားစေတာက ပန်းကန်ဆေးတဲ့လုပ်ငန်းစဉ်နဲ့ သဘောတရားတူပါတယ်။ပေကျံမှုတွေကိုဆေးကြောသန့်စင်နေရင်း ကိုယ့်စိတ်ထဲက ပူပန်မှုတွေ၊ ဖိစီးနေတာတွေ ပါပေါ့သွားတာ သတိတောင်ထားမိမှာမဟုတ်ပါဘူး။ ဒါက အာရုံပြောင်းနည်းတစ်မျိုးလည်းဖြစ်ပါတယ်။

လေ့လာမှုမှာ တက္ကသိုလ်ကျောင်းသား ၅၁ ဦးကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို ပန်းကန်ဆေးကြောခြင်းအကြောင်း စာစုတစ်ခုရေးခိုင်းတယ်။နောက်တစ်ဖွဲ့ကို ပန်းကန်ဆေးကြောခြင်းအကြောင်း လက်တွေ့ကျကျအမြင်စာစုတစ်ခုဖတ်စေတယ်။ အဲဒီစာစုမှာ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ စိတ်ကအာရုံထားဖို့ အရေးကြီးကြောင်းအဓိကညွှန်းထားတယ်။

သူတို့ကို ပန်းကန်အနည်းငယ်စီဆေးခိုင်းပြီးတဲ့အခါ သူတို့တွေရဲ့စိတ်အတွေးဘယ်လိုရှိလဲဆိုတာ သုတေသီတွေကလေ့လာဆန်းစစ်ခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်တဲ့အခါ စာစုကို ဖတ်ထားပြီးမှ ပန်းကန်ဆေးတဲ့သူတွေဟာ ဆပ်ပြာရဲ့အနံ့၊ရေ ရဲ့အပူအအေး၊ ပန်းကန်တွေကိုဆေးကြောလိုက်တဲ့အခါသန့်စင်သွားတာတွေကို အာရုံစိုက် သတိထားပြီးလုပ်တဲ့အတွက် အလုပ်ပြီးချိန်မှာ စိတ်ထဲပိုပေါ့ပါးတာတွေ့ရပါတယ်။

မလုပ်မဖြစ်လို့ အာရုံမရှိဘဲ အိမ်အလုပ်လုပ်တာထက် စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ ကိုယ့်ရှေ့မှာ၊ ကိုယ့်လက်ထဲမှာရှိနေတဲ့ပန်းကန်ခွက်ယောက်တွေကို အာရုံစိုက်ပြီးသေချာဆေးကြောတာက ပိုထိရောက်ပါလိမ့်မယ်။ ဒီလိုဆေးကြောခြင်းအားဖြင့် ကာယကံရှင်ဟာနေ့စဉ်ဘဝရဲ့ စိတ်ဖိစီးစရာတွေ၊ ပူလောင်မှုတွေထဲမျောပါနေတဲ့သောကစိတ်ကို ထုထည်လျော့စေနိုင်ပါတယ်လို့ သုတေသီAdam Hanley ကပြောပါတယ်။

ညစ်နေတဲ့စိတ်ကိုပါ တစ်ခါတည်းဆေးကြောပစ်လိုက်တာလို့လည်း ခံစားလာရတာဖြစ်နိုင်ပါတယ်။ လက်ရှိပိတ်မိနေတဲ့ စိတ်မသက်သာမှုတွေထဲကနေ ခဏလွတ်မြောက်နေသလို ခံစားမိလာပါလိမ့်မယ်။ ဒီသုတေသနအကြောင်းကိုMindfulness ဂျာနယ်မှာဖော်ပြထားတာဖြစ်ပါတယ်။

ကဲကြော်ငြာဝင်လို့လည်းပြီးပြီဆိုတော့ အပြင်မှာ စိတ်ဖိစီးလာသမျှ အိမ်ပြန်ရောက်တာနဲ့ အိုက်တိုးပဂေးဆန်လိုက်ပါတော့။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။ ဒါတင်မကပါဘူး ရိုးသားခြင်းဟာ တဖက်သားကိုသာမက ကိုယ်တိုင်အတွက်လည်း အကျိုးထူးစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆီးချိုရှိသူ အတွက် ပြုစုစောင့်ရှောက်ရသူ တစ်ယောက် ရဲ့ စိတ်သောက ကို လျှော့ချပေးနိုင်မယ့် အချက်လေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

စိတ်ဖိစီးမှုက ပမာဏ နည်နည်းမှာ စိတ်အားထက်သန်မှု ဖြစ်စေတယ်ဆိုပေမယ့် ပမာဏ များလာရင် ထိခိုက်မှု ကြီးလာပါတယ်။ဒီတော့ နှစ်ရှည်လများ စိတ်ဖိစီးမှုကို စုမထားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသားကျန်းမာရေးအချိန်အခါ နိုဝင်ဘာ

အမျိုးသားကျန်းမာရေးအချိန်အခါ နိုဝင်ဘာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
ငှက်ပျောဖူး ကြိုက်ကြလား..............

ငှက်ပျောဖူး ကြိုက်ကြလား…………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read